Saturday, May 25, 2019

ပြည်ပမှ သကြားတင်ပို့မှု (Re-Export) ပြုလုပ်ခဲ့သည့် ကုမ္ပဏီ ၁၄၀ ကျော် တင်ပို့သည့်ပမာဏအမှန်ကို နှစ်လအတွင်း စာရင်းရှင်းရမည် စာရင်းမရှင်းပါက စည်းကမ်းအတိုင်း အရေးယူမည်

Re-Export စနစ်ဖြင့် သကြားတင်ပို့ခဲ့သည့် ကုမ္ပဏီ ၁၄၁ ခုကို အမှန်တကယ်တင် သွင်း၊ တင်ပို့ခဲ့သည့် ပမာဏအ တိုင်း နှစ်လအတွင်း စာရင်းလာ ရှင်းပြရမည်ဟု ကုန်သွယ်ရေး ဦးစီးဌာနက မေလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။ စာရင်းလာမရှင်းပါက စည်း မျဉ်းစည်းကမ်းအတိုင်း အရေးယူမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေ ဖြင့် မဖြစ်မနေ စာရင်းရှင်းရမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
‘‘ကုမ္ပဏီတွေ စာရင်းရှင်းဖို့ စာရင်းတောင်းထားတာပါ။ မတင်ပြဘူးဆိုရင် စည်းမျဉ်းစည်းကမ်း အရ အရေးယူရမယ်။ ဘယ်လို အရေးယူမယ်ဆိုတော့ သူတို့ ကျူးလွန်တဲ့ အတိုင်းပဲ။ အခုက တည်းက ဘယ်လိုလုပ်မယ်ဆိုတာ ပြောလို့ မကောင်းသေးဘူး’’ဟု ဦးခင်မောင်လွင်က ပြောသည်။

ထိုသို့ ဝန်ကြီးဌာနက စာရင်း ရှင်းလင်းရန် တောင်းဆိုခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ပြီး အ ရေးယူခြင်းမှာ ပို့ကုန်၊ သွင်းကုန် လိုင်စင်ရုပ်သိမ်းခြင်းဖြစ်သည်။ စာရင်းရှင်းလင်းပြီးမှသာ လိုင်စင် ပြန်လည်ထုတ်ပေးမည်ဟု ဦးခင် မောင်လွင်က ပြောသည်။

စာရင်းရှင်းလင်းရာတွင် အ မှန်တကယ် တင်သွင်းခဲ့သည့် စာရင်းအတိုင်း အချက်အလက် မှန်မှန်ကန်ကန်တင်ပြရမည်ဟု ဆိုသည်။ Re-Export ဆိုသည်မှာ မြန်မာနိုင်ငံက သကြားကို ပြည်ပ နိုင်ငံများမှ တင်သွင်းပြီး တရုတ် နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ နှစ်စဉ် သကြားတန်ချိန် ခုနစ် သိန်းကျော် တင်ပို့နေခြင်းဖြစ် သည်။

No comments:

Post a Comment