Saturday, May 25, 2019

၂ နှစ်ကျော်အတွင်း ပညာရေးဝန်ထမ်း ၁,၇၀၀ ခန့်ကို ၀န်ထမ်းစည်းကမ်းချိုးဖောက်မှုဖြင့် အရေးယူ

၂ နှစ်နှင့် ကိုးလအတွင်း  ပညာရေးဝန်ကြီးဌာနအောက်ရှိ  အရာထမ်း၊ အမှုထမ်း ၁,၆၉၆ ဦး ကို ၀န်ထမ်းစည်းကမ်းဆိုင်ရာ ပြစ် ဒဏ်ချမှတ်အရေးယူခဲ့ပြီး ၀န် ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသူ  ၁၂၇ ဦးရှိသည်ဟု ပညာရေးဝန် ကြီးဌာနက ကြေညာချက်ထုတ် ပြန်သည်။ ၂၀၁၆ ဧပြီမှ ၂၀၁၉ ဇန်န၀ါ ရီအထိ ၂ နှစ်နှင့်ကိုးလအတွင်း  ၀န်ထမ်းစည်းကမ်းဆိုင်ရာ ပြစ် ဒဏ်ချမှတ်  အရေးယူခံရမှုများ တွင် စာဖြင့် သတိပေးခံရသူ ၁,၀၃၂ ဦး၊ နှစ်တိုးလစာရပ်ဆိုင်း ခံရသူ ၉၂ ဦး၊ ရာထူးတိုးရပ်ဆိုင်း ခံရသူ ၁၂ ဦး၊ ရာထူးအဆင့်လျှော့ ချခံရသူ ၅၄ ဦး၊ ဆုံးရှုံးမှုတန်ဖိုး ပေးလျော်ရသူ သုံးဦး၊ တာဝန်မှ ယာယီရပ်ဆိုင်းခံရသူ ၂၁ ဦး၊ ရာ ထူးမှ ထုတ်ပယ်ခံရသူ ၃၅၅ ဦး၊  ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသူ ၁၂၇ ဦးရှိသည်ဟု ပညာရေးဝန် ကြီးဌာနက ကြေညာသည်။

အရေးယူခံရမှုများတွင် အ ခြေခံပညာဦးစီးဌာနက အများဆုံး ဖြစ်ပြီး အရာထမ်း၊ အမှုထမ်း ၁,၄၂၀ ဦး အရေးယူခံခဲ့ရသည်။ ပညာရေးဝန်ကြီးဌာနစာရင်းအရ  မြန်မာနိုင်ငံ တိုင်းရင်းသားဘာ သာစကားဦးစီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ လေ့လာဆန်း စစ် အကဲဖြတ်ရေးအဖွဲ့ (ပညာ ရေး)တို့တွင် ၀န်ထမ်းစည်းကမ်း ဆိုင်ရာ ပြစ်ဒဏ်ချမှတ်အရေးယူ ခံရမှု မရှိပေ။

‘‘အခက်အခဲအများဆုံး။ စိန် ခေါ်မှု အများဆုံးဖြစ်နေတာက ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို  စနစ်တကျ ထုတ်ပြန်အသိပေးဖို့ပါ ပဲ။ ကော်မတီနဲ့ သုံးစွဲဖို့နဲ့ လစဉ် ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ပေး ဖို့ အရေးကြီးပါတယ်။ တည် ဆောက်ရေး လုပ်ငန်းတွေကို ဘက်မလိုက်ဘဲ စီစဉ်ဆောင်ရွက် ပေးဖို့လိုပါတယ်။ ဒီလိုဆောင် ရွက်ရာမှာ မလိုလားအပ်တဲ့ ပြ ဿနာတွေ မဖြစ်ဖို့ အကြံပြုစာ တွေ၊ တိုင်ကြားစာတွေကို ကျွန် တော်တို့ ဖိတ်ခေါ်နေပါတယ်။  အဂတိလိုက်စားမှုကော်မရှင်ကို  တိုင်ကြားတဲ့စာတွေကိုလည်း စိ စစ်ဆောင်ရွက်ပေးနေပါတယ်’’ ဟု ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အ ကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)တွင် ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက ပြောသည်။

ထိုနှီးနှောဖလှယ်ပွဲ၌ အခြေ ခံပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးရဲလင်းမြင့်ဖတ် ကြားသည့် စာတမ်းတွင် အခြေခံ ပညာ ကျောင်းအုပ်ကြီးများသည်  ကျောင်းထောက်ပံ့ကြေးရန်ပုံငွေ များ ပွင့်လင်းမြင်သာစွာ မသုံးစွဲမှု၊ ခေါင်းစဉ် အမျိုးမျိုးပြ၍ ငွေကြေး ကောက်ခံမှု၊ စာရေးကိရိယာ၊  သင်ထောက်ကူစာအုပ်များကို ခွင့်ပြုချက်မရှိဘဲ ရောင်းချမှု၊  ကျောင်းထွက်လက်မှတ်ကြေး ကောက်ခံမှု၊ တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုခွင့် လျှောက်လွှာ ကြေးပိုကောက်မှု၊ နယ်မြေကျော်  ကျောင်းအပ်လက်ခံမှု၊ ကျောင်း အကျိုးတော်ဆောင်၊ ကျောင်း သားမိဘ၊ ဒေသခံများ၊ လက် ထောက်ဆရာ၊ ဆရာမများနှင့် ဆက်ဆံရေး အဆင်မပြေမှုတို့ ကြောင့် တိုင်ကြားခံရကာ ပြစ် ဒဏ်ချမှတ်အရေး ယူခံရခြင်းဖြစ် သည်ဟု ဖော်ပြထားသည်။

ဆရာ၊ ဆရာမများသည်ကျူ ရှင်သင်ကြားခြင်း၊ ကျောင်းသား၊  ကျောင်းသူများကို ရိုက်နှက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ကျောင်းတက် ပျက်ကွက်ခြင်း၊ ဌာနကင်းကွာ ခြင်းတို့ကြောင့် အပြစ်ပေးအရေး ယူခံရခြင်းဖြစ်သည်ဟု စာတမ်း တွင် ဖော်ပြထားသည်။ ရုံးဝန် ထမ်းများသည် အသေးသုံးငွေနှင့်  ပတ်သက်၍ လုပ်ထုံးလုပ်နည်းလွဲ  မှားစွာသုံးစွဲခြင်း၊ တည်ဆောက် ရေး လုပ်ငန်းများတွင် လာဘ်လာ ဘတောင်းခံခြင်း၊ မြေပုံဆွဲခ၊အင် ဂျင်နီယာပုံဆွဲခ၊ ပင်စင်ကိစ္စငွေ တောင်းခြင်း၊ ၀န်ထမ်းများ၏လ စာငွေမှ ဖြတ်တောက်ခြင်း၊ ဆက် ဆံရေး အဆင်မပြေခြင်းတို့ ကြောင့် တိုင်ကြားခံရပြီး အရေး ယူခံရခြင်းဖြစ်သည်ဟု ဆိုသည်။ ပညာရေးဝန်ကြီးဌာနကို ဌာ န ၁၁ ခုဖြင့် ဖွဲ့စည်းထားပြီး အရာ ထမ်း၊ အမှုထမ်း ၄၉၀,၀၀၀ ကျော်ရှိသည်။

No comments:

Post a Comment