Saturday, May 25, 2019

ပြင်ဦးလွင်မြို့ရှိ ကန်တော်လေးရေကန်အတွင်း သန့်ရှင်းသာယာလှပရေးကို ပြင်ဦးလွင်တပ်နယ်မှူး ဦးဆောင်သော တပ်မတော်သားများနှင့် နယ်မြေခံ အဖွဲ့အစည်းများအားလုံး စုပေါင်းလုပ်အားပေးခဲ့

Image may contain: one or more people, people sitting, outdoor, nature and waterမန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကန်တော်လေးရေကန် သန့်ရှင်းသာယာလှပစေရေးအတွက် ပြင်ဦးလွင်တပ်နယ်မှူး ဦးဆောင်သော စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ၀န်ထမ်းများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှူရေးအသင်းအဖွဲ့များ၊ စည်ပင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၈၂၃) ဦးခန့်သည် ယနေ့ နံနက် (၇) နာရီက ရေကန်အတွင်းနှင့် ရေကန်ဘောင်တလျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းလုပ်အားပေးကြသည်။



ပြင်ဦးလွင်မြို့သည် တောင်ပေါ်ဒေသတွင် မြို့တည်ထားခြင်းကြောင့် မြင့်ရာမှ နိမ့်ရာသို့ ရေများ အစဉ်အမြဲ စီးဆင်းနေသဖြင့် ရေ၀ပ်ခြင်း၊ ရေအိုင်ခြင်း၊ ရေမြုပ်ခြင်း မရှိသလောက် ရှားပါးရာဒေသဖြစ်ပြီး မြို့၏ အဓိကရေကန်ဖြစ်သည့် ကန်တော်ကြီးမှ စီးဆင်းလာသော ရေများသည် ကန်တော်လေးအတွင်းသို့ ထပ်မံရောက်ရှိရာ နေရာဖြစ်ခြင်းကြောင့် ရေကန်အတွင်းရှိ အမှိုက်များ၊ နွံများအား ဖယ်ရှား ရှင်းလင်းခြင်း၊ ရေကန်ဘောင် တစ်လျှောက်ရှိ အမှိုက်မျိုးစုံနှင့် ချုံ နွယ်၊ မြက်ပင်များကိုရှင်းလင်းခြင်း၊ ရေဆင်းမြောင်း ပိတ်ဆို့မှု များကို စုပေါင်းအင်အားဖြင့် သန့်ရှင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment