Saturday, May 25, 2019

ဗန်းမော်မြို့ မြန်မာ့စီးပွားရေးဘဏ်အတွင်း ဝင်ရောက်လုယက်သည့် အမျိုးသားကို ဖမ်းမိ

ဗန်းမော်မြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်အတွင်းသို့ အမျိုး သားတစ်ဦး ဓားဖြင့်ဝင်ရောက်၍ လုယက်ရန် ကြိုးစားရာ ရဲတပ်ဖွဲ့နှင့် ဒေသခံများက ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့သည်။ မေလ ၂၄ ရက် မွန်းလွဲ ၃ နာ ရီခန့်တွင် အထက်ပါဖြစ်ရပ်ဖြစ် ပွားပြီး လုယက်ရန် ကြိုးစားသောအသက် (၃၀) အရွယ်ခန့် အမျိုးသားကို ဖမ်းဆီးထားသည်။ ‘‘ဘဏ်ထဲကနေ လူတစ် ယောက်  ပြေးထွက်လာတာ၊ ဘဏ်ထဲက လူတွေကအနောက် က လိုက်လာရော။ ဖမ်းဖို့ကြိုးစား တယ်။ အနားကပ်လို့မရဘူး ဓား နဲ့ယမ်းတာ’’ ဟု အထက်ပါဖြစ်ရပ် ကို မျက်မြင်တွေ့ခဲ့သည့် ဗန်း မော်မြို့ခံတစ်ဦးက ပြောသည်။



လုယက်ရန် ကြိုးစားသူက ဘဏ်အတွင်းမှ ထွက်ပြေးလာစဉ် ဘဏ်ဝန်ထမ်းတစ်ဦးက တားဆီး ရန် ကြိုးစားရာ ဓားဖြင့်ခုခံခြင်းခံ ရပြီး ဘဏ်ဝန်ထမ်း ဓားဒဏ်ရာ အနည်းငယ် ရရှိသည်။ ဒေသခံ များက ဝိုင်းဖမ်းရန်ကြိုးစားရာ အနားမကပ်ရန် ဓားဖြင့်ဝှေ့ယမ်း ခြိမ်းခြောက်ပြီး ဆိုင်ကယ်မောင်း နှင် ထွက်ပြေးသွားခဲ့သည်။ သို့သော်ဗန်းမော်မြို့ ကမ်းနားလမ်းအ ရောက်တွင် ပိတ်ဆို့ဖမ်းမိခဲ့သည် ဟု ရဲတပ်ဖွဲ့က ပြောသည်။

 ‘‘ဘဏ်ဝန်ထမ်း တစ် ယောက်က ဆွဲတော့ဆိုင်ကယ်လဲ သွားသေးတယ်။ ကပ်လာသမျှ ဓားနဲ့ယမ်းနေလို့ မကပ်ရဲတာ။ သူ့ ဘာသာဆိုင်ကယ်ပြန်ထောင်ပြီး မောင်းပြေးပေမယ့် ပြန်မိတယ်’’ ဟု မြို့ခံတစ်ဦးက ပြောသည်။ စစ်ဆေးဆဲအခြေအနေဖြစ် ၍ အသေးစိတ်မပြောနိုင်သေးဟု ရဲတပ်ဖွဲ့က ဆိုသည်။

 လုယက်သူသည်အမှတ်(၂) စစ်လက်နက်ပစ္စည်း ထိန်းသိမ်းရေးတပ်( ဗန်းမော်)မှ တပ်ကြပ်ကြီးအဆင့်ရှိ ပစ္စည်းထိန်းစတိုတာဝန်ခံဖြစ်ကြောင်း ဗန်းမော်မြို့နယ်ရဲတပ်ဖွဲ့မှရဲအရာရှိတစ်ဦးကဆိုသည်။ သို့ရာတွင် ယင်းကိစ္စနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်မရရှိသေးပေ။

ကျူးလွန်သူမှာ တပ်ကြပ်ကြီးစာရေးတစ်ဦးဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ပြီး  ရဲတပ်ဖွဲ့ကသက်ဆိုင်ရာသို့ အကြောင်းကြားဆောင်ရွက်နေသည်ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သင်းကလည်းပြောသည်။ လုယက်သူနောက်သို့ ငွေကျပ် သိန်း ၅၀ (ငါးထောင်ကျပ်တန်အရွက် တစ်ရာစီပါဆယ်ထုပ်)ပါသွားသော်လည်း ပြန်ဖမ်းမိချိန်တွင် ယင်းငွေကိုပါ သိမ်းဆည်းနိုင်ခဲ့သည်။

No comments:

Post a Comment