Saturday, May 25, 2019

နေပြည်တော်မှ အစပြုကာ တစ်နိုင်ငံလုံးရှိအခြေခံပညာကျောင်းများတွင် ၀က်သက်ဂျိုက်သိုးနှင့် ဆုံဆို့နာ ကာကွယ်ဆေးများ ထိုးနှံပေးမည်

နေပြည်တော်ကောင်စီ ၈ မြို့နယ်မှအစပြုကာ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများမှ ကလေးများကို ၀က်သက်ဂျိုက်သိုးနှင့် ဆုံဆို့နာကာကွယ်ဆေးများထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက ပြောသည်။ေ မလ၂၄ ရက်တွင် အကုန်သိသတင်းဌာနမှဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။



“ဒီကာကွယ်ဆေးထိုးတဲ့အကြောင်းကို အခု ကျောင်းအပ်စတင်လက်ခံပြီဆိုတာနဲ့ ကျောင်းသားမိဘတွေကို အသိပညာပေးမယ်။ ကျောင်းတက်ရပြီဆိုတာနဲ့ ကလေးတွေကို သူတို့ရဲ့ကာကွယ်ဆေးထိုးနှံခဲ့ရတဲ့ ကတ်ပြားလေးတွေ ယူလာခိုင်းမယ်။ အဲဒီမှာကတ်ပြားမရှိတဲ့ကလေး၊ ကာကွယ်ဆေးမထိုးရသေးတဲ့ကလေးကို ထိုးနှံသွားမှာပါ။ ဒါက အခုနေပြည်တော်ကောင်စီ ၈ မြို့နယ်မှာစတင်မယ်။ ကျောင်းပေါင်း ၇၄၂ ကျောင်းပေါ့။ ဒီကရလဒ်ကိုကြည့်ပြီး နောက်နှစ်မှာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်သွားမယ်။ ဒါက ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်နေတာပေါ့။ အဓိကထိုးပေးတာ ၀က်သက်နဲ့ဆုံဆို့နာကိုပါ’’ ဟု ဒေါက်တာထားထားလင်းကပြောသည်။

ဝက်သက်ရောဂါသည် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့၌ ကပ်အသွင်ဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အသက် ၁၈ နှစ်မှ ၂၀ နှစ်အထိ အသက်အရွယ်များ၌ ၀က်သက်ရောဂါဖြစ်ပွားမှုများတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရသည်။

“ကာကွယ်ဆေးကတော့ ထိုးသင့်ပါတယ်။ဘာပဲပြောပြော ကလေးကို ဒီလိုရောဂါဘေးအန္တရာယ်တွေက ကာကွယ်တာမို့လို့ ကလေးမိဘတိုင်းက ထိုးပေးဖို့အကြံပြုပါတယ်’’ဟု ရန်ကုန်မြို့နေ ကလေး ၁ ဦး၏ဖခင်က မှတ်ချက်ပြုပြောကြားသည်။

ဝက်သက်ရောဂါသည် measle ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ဖျားခြင်း၊ချောင်းဆိုးခြင်း၊နှာစေးခြင်း၊ ခန္ဓာကိုယ်တွင်အနီစက်နှင့်အနီကွက်များဖြစ်ပေါ်ခြင်း မျက်စိနီရဲလာခြင်း တို့ဖြစ်ပေါ်ကာရောဂါပြင်းထန်လာပါက အဆုတ်နှင့်ဦးနှောက်တို့ရောင်ရမ်းသဖြင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

No comments:

Post a Comment