Saturday, May 25, 2019

ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲတွင် မက်ဆီကိုထိန်းချုပ်ရန် အရေးကြီးဟု ဗလင်စီယာနည်းပြ သတိပေး

ယနေ့ညဥ့်သန်းခေါင် ကျော်တွင်ကစားမည့် ကိုပါဒယ် ရေးဖလား ဗိုလ်လုပွဲ၌ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကိုထိန်းချုပ် ရန် အရေးကြီးကြောင်း ဗလင်စီယာနည်းပြ မာဆယ်လီနိုက အသင်းသားများအား သတိပေးသည်။ ‘‘အဓိကကတော့ မက်ဆီ ကို အဲဒီပွဲမှာ လုပ်စရာနည်းနည်း လေးပဲ ပေးဖို့ဖြစ်ပါတယ်။ ပြဿ နာက သူဟာနည်းနည်းလေးပဲ အားစိုက်ပုံပေါ်ပေမယ့် သူ့ရဲ့လှုပ် ရှားမှုတွေဟာ တိကျတဲ့လွှမ်းမိုးမှု တွေရှိနေလို့ပါ’’ဟု မာဆယ်လီနို က ပြောသည်။ သို့သော် ယင်းပွဲတွင် ဘာစီ လိုနာတိုက်စစ်မှူး ဆွာရက်ဇ်နှင့် ဒမ်ဘီလီတို့ မပါဝင်နိုင်၍ ဗလင် စီယာ အနည်းငယ်သက်သာရာရ မည်ဖြစ်သည်။



ယင်းပွဲတွင် ဗလင်စီယာ ခံစစ်ကြောင်း၌ ဂါရေး၊ ကိုကွယ် လင်နှင့် ကွန်ဒေါ့ဘီယာတို့က ဦး ဆောင်ဖွယ်ရှိပြီး မက်ဆီ၏ခြေ လှမ်းတိုင်းကို စောင့်ကြည့်သွား မည်ဖြစ်သည်။

ထိုအတောအတွင်း ဘာစီ လိုနာက ကိုပါဒယ်ရေးဖလား မရရှိလျှင် နည်းပြဗယ်လ်ဗာဒီ၏ နေရာ အစားထိုးရန် ပြင်ဆင်နေသည်ဟု သတင်းထွက်ပေါ်နေသည်။

သို့သော် ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ဗယ်လ်ဗာဒီအပေါ် အပြည့်အဝယုံကြည်မှုရှိသည်ဟု ပြောကြားထားသည်။

No comments:

Post a Comment