Saturday, May 25, 2019

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း တစ်ကျော့ပြန်မြင့်တက်

 ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ယခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် မြင့်တက်ခဲ့သည်။ ပြည်တွင်း စက်သုံးဆီဈေး သည် မေလလယ်က အနည်းငယ် ကျဆင်းပြီးနောက် ယခုရက်ပိုင်း အတွင်း ပြန်လည်မြင့်တက်လာ သည်။ မေလလယ်က အောက်တိန်း- 92 တစ်လီတာ ၈၉၅ ကျပ်၊ အောက်တိန်း-95 တစ်လီတာ ကျပ် ၉၇၀၊ ဒီဇယ်တစ်လီတာ ကျပ် ၁,၀၀၀ နှင့် ပရီမီယံဒီဇယ်တစ်လီ တာ ကျပ် ၁,၀၁၀ နှုန်းဖြင့် ရောင်း ချခဲ့သည်။



အဆိုပါဈေးနှုန်းများထက် ယမန်နေ့ (မေလ ၂၄) တွင် စက် သုံးဆီအမျိုးအစားတစ်ခုချင်းအ လိုက် တစ်လီတာ ၁၅ ကျပ်စီ မြင့်တက်ခဲ့သည်။ ‘‘ကမ္ဘာ့ဈေးကလည်း တက် နေတာကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းကို လာရိုက်ခတ်တာ ပါ။ ဘာဆက်ဖြစ်မလဲဆိုတာ တော့ မှန်းရခက်တယ်’’ဟု စက် သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။  ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း သည် နှစ်ပတ်အတွင်း တစ်စည် လျှင် သုံးဒေါ်လာထက်မနည်း မြင့် တက်ခဲ့သည်။ ပြည်တွင်း စက်သုံးဆီဈေး နှုန်းသည် ယမန်နှစ် အောက်တို ဘာက တစ်လီတာ ကျပ် ၁,၁၀၀ ကျော်အထိ ရောက်ရှိကာ စက်သုံး ဆီဈေးကွက် သက်တမ်းတစ် လျှောက် စံချိန်တင်အမြင့်ဆုံး ဈေး နှုန်းဖြစ်ခဲ့သည်။

No comments:

Post a Comment