Saturday, May 25, 2019

သစ်ထွက်ရှိရာဒေသများ၌ အချောထည်စက်ရုံဆောက်ပေးရန် အစိုးရကိုတိုက်တွန်းသည့်အဆို လွှတ်တော်လက်ခံဆွေးနွေးမည်

 မြန်မာနိုင်ငံတစ် ၀န်းရှိ ကျွန်းသစ်နှင့် ဈေးကွက်ဝင် သစ်မာများ ထွက်ရှိရာဒေသများ ၌ အစိုးရကသစ်အချောထည်စက် ရုံများတည်ဆောက်ပေးပြီး လို အပ်သော နည်းပညာနှင့်အရင်းအနှီးများပံ့ပိုးပေးရန် တိုက်တွန်း ကြောင်းအဆိုကို လက်ခံဆွေး နွေးရန် မေလ ၂၄ ရက်တွင် ကျင်း ပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက သဘောတူခဲ့ သည်။ ယင်းအဆိုကို ကန်ပက် လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးညွန့်ဝင်း က တင်သွင်းခြင်းဖြစ်ပြီး မကွေး တိုင်းဒေသကြီး ထီးလင်းမဲဆန္ဒ နယ်မှ ဦးဉာဏ်လင်းဦးကထောက် ခံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံရှိ ကျွန်းသစ် များသည် ဈေးကောင်းရရှိသဖြင့် တရားဝင်ရောင်းချခြင်း ရှိသကဲ့ သို့ တရားမ၀င်လည်း ရောင်းချနေ သည်မှာ ယနေ့အချိန်အထိ ရှိနေ ဆဲဖြစ်ကြောင်း ဦးညွန့်ဝင်းက ပြောသည်။

‘‘သစ်တောပြုန်းတီးမှုတွေရဲ့ အဓိကအကြောင်းရင်းက တရား မ၀င်သစ်ထုတ်လုပ်ခြင်းဖြစ်ပြီး အဲဒီရဲ့ အကျိုးဆက်တွေအဖြစ် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွား စွာထိခိုက်စေပါတယ်။ သစ်တော တွေပြုန်းတီးမှုကြောင့် အပူလွန် ကဲတဲ့ဖြစ်စဉ်တွေ၊ ရေအရင်းအ မြစ် ခန်းခြောက်လာတဲ့ဖြစ်စဉ် တွေနဲ့ ရာသီဥတုဖောက်ပြန်တဲ့ဆိုး ကျိုးတွေက မြန်မာပြည်သူတွေကို ခြိမ်းခြောက်နေပါပြီ’’ ဟု ဦးညွန့် ၀င်းက ပြောသည်။

တရားမ၀င်သစ်ထုတ်လုပ်မှု များကြောင့် နိုင်ငံတော်ကအခွန်ရ ရှိမှုဆုံးရှုံးစေပြီး တရားမ၀င်ကုန် သွယ်မှုမှတစ်ဆင့် အဂတိလိုက် စားမှုများ ပေါ်ပေါက်လာနိုင် ကြောင်း ဦးညွန့်ဝင်းကပြောသည်။

‘‘သစ်တောတွေ အပြောင် ခုတ်ပြီး သစ်ထုတ်ယူစရာ မကျန် တော့မှ ဒီအဆိုကိုတင်တာဟာ သဘာဝမကျပေမယ့် ဒီနေ့တချို့ ဒေသတွေမှာ သစ်ထုတ်ယူမှုတွေ နဲ့နောက်ထပ်သစ်ထုတ်ယူမှုတွေ မှာ အမှားထပ်မမှားဖို့ ကြိုတင် စီမံထားရှိဖို့ တိုက်တွန်းရခြင်းဖြစ် ပါတယ်’’ ဟု အဆိုတင်သွင်းသည့် ဦးညွန့်ဝင်းက ပြောသည်။

နိုင်ငံတစ်ဝန်းတွင် သစ်အ ချောထည်စက်ရုံများတည်ထောင် ပေးခြင်းဖြင့် ဒေသခံပြည်သူများ နှင့် ဌာနေတိုင်းရင်းသားများခွဲဝေ သုံးစွဲအကျိုးဖြစ်ထွန်းနိုင်မည့်အ ခွင့်အလမ်းများ ပေါ်ပေါက်လာစေ ရေးနှင့် အစုအဖွဲ့ပိုင်သစ်တော များတည်ထောင်စိုက်ပျိုးခြင်းအ ပေါ် လူထုစိတ်ဝင်စားလာကာ သစ်တောကိုအမှီပြုနေထိုင်သော ပြည်သူလူထုနှင့် ဒေသခံတိုင်းရင်း သားများ သစ်တောစီမံအုပ်ချုပ် မှုဆိုင်ရာ အသိပညာများတိုးပွား ပြီး ရပိုင်ခွင့်အခွင့်အလမ်းများ ပို မိုရရှိခံစားလာစေရန် ရည်ရွယ်၍ အဆိုတင်သွင်းခြင်းဖြစ်ကြောင်း ဦးညွန့်ဝင်းက လွှတ်တော်တွင် ပြောသည်။ ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးမည့်ကိုယ်စားလှယ်များ သည် မေလ ၂၅ ရက်နောက်ဆုံးထားကာ အမည်စာရင်းတင်သွင်းရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဦးတီခွန်မြတ်က ပြော ကြားသည်။

No comments:

Post a Comment