Saturday, May 25, 2019

တပ်မတော်မှ အရပ်ဘက်ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့သူ တစ်နှစ်အတွင်း ၈၂ ဦးရှိ

တပ်မတော်မှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သူအများဆုံးဖြစ်သည်။ ၂၀၁၈ အတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အ ရပ်ဘက်ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့သူ ၈၂ ဦးရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစောဗယ်လင်တိုင်းက ပြောသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ အရပ်ဘက်ဝန်ကြီးဌာန၊ အဖွဲ့အ စည်းများသို့ ပြောင်းရွှေ့သူ ၂၂ ဦး၊ အရပ်ဘက်ဝန်ကြီးဌာနများမှ ကာကွယ်ရေးဝန်ကြီးဌာနထံ ပြန် တမ်းဝင်အရာရှိတောင်းခံသဖြင့် ပြောင်းရွှေ့သူ ၆၀ ဦးဖြစ်သည်။



ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောင်းရွှေ့သူ ၈၀ ကျော်တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ အများ ဆုံးရွှေ့ပြောင်းပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနသို့ ဒု တိယအများဆုံး ပြောင်းရွှေ့ ကြောင်း နေပြည်တော်၌ယမန်နေ့ ကပြုလုပ်သည့် အစိုးရတတိယ တစ်နှစ်ပြည့်သတင်းစာရှင်းလင်း ပွဲတွင် ပြည်ထောင်စုရာထူးဝန်အ ဖွဲ့ဒုတိယညွှန်ကြားရေးမှူးဦးမြင့် ဆွေက ပြောသည်။

‘‘အသေးစိတ်ကို နိုင်ငံတော် သမ္မတဆီတင်ပြပြီးတော့မှ သူ့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီစိစစ် တယ်။ စိစစ်ပြီးတော့မှ ပြောင်း သင့်တယ်ဆိုတဲ့   ပုဂ္ဂိုလ်မျိုးကို သက်ဆိုင်ရာဌာနရဲ့တာဝန်ရှိသူ ဆီကို အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်’’ ဟု ၎င်းကရှင်းပြ သည်။

ကျွမ်းကျင်မှုအရည်အချင်း လိုအပ်ချက်ရှိနေပြီး ဌာနတွင်း အစားထိုးခန့်ရန် မဖြစ်နိုင်ခြင်း၊ ပြောင်းရွှေ့ ရောက်ရှိလာသူ ကြောင့် ဌာနတွင်းလုပ်ငန်းများ၌ ရာထူးတိုးနှင့် ခံစားခွင့်များကို မထိခိုက်စေခြင်း၊ ဝေးလံခေါင်သီ ဒေသများတွင် တာဝန်ထမ်း ဆောင်ပေးနိုင်ခြင်းစသည့်သတ် မှတ်ချက်များအပေါ် အခြေတည် ၍ဆုံးဖြတ်ကြောင်း ဦးမြင့်ဆွေက ရှင်းပြသည်။ ပြီးခဲ့သည့်နှစ်က   ၀န်ကြီး ဌာန(သို့မဟုတ်)အဖွဲ့အစည်း တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့သူ စုစုပေါင်း ၆၈ ဦးရှိခဲ့သည်ဟု ပြည် ထောင်စုရာထူးဝန်အဖွဲ့ စာရင်း များက ဆိုသည်။

No comments:

Post a Comment