“သမ္မတကြီးရဲ့တိုင်းပြည်အပေါ် ကျောသားရင်သားမခွဲခြားဘဲ တပြေးညီ လွတ်ငြိမ်း သက်သာခွင့်အပေါ် ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုဖမ်းဆီးထောင်ချခဲ့တဲ့ အပေါ် ရန်ငြိုးရန်ဖွဲ့ မထားပါဘူး။ ငြိမ်းချမ်းရေးလမ်းကြောင်းမှာပဲ တိုင်းပြည်ငြိမ်းချမ်းဖို့ လိုအပ်တဲ့ တထောင့် တနေရာကနေ ပါဝင်သွားမယ်”
မိသားစုဝင်မကြိုင်ကြိုင်က “လွတ်မယ်ဆိုတာ မထင်ထားဘူး။ တကယ်လွတ်လာတော့ ပျော်တာပေါ့။ သမ္မတကြီးနဲ့ သက်ဆိုင်ရာလူကြီးမင်းတွေကိုကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။
ကိုအောင်ဆွေဦးတို့ နှစ်ဦးဟာ မိုးညှင်းမြို့နေ ရဲဘော်ဟောင်းတဦးရဲ့ နာရေးကိစ္စနဲ့ လာရောက်စဉ် ၂၀၁၈ နိုဝင်ဘာ ၃၀ ရက်ညမှာ ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ မိုးညှင်းမြို့နယ်တရားရုံးက ဧပြီ ၁၁ ရက်မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment