Pages
Wednesday, May 8, 2019
ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရန်အတွက် သစ်ပင်များ ပိုမိုစိုက်ပျိုးရန်လိုအပ်ဟုဆို
ကမ္ဘာပေါ်တွင် လက်ရှိအခြေအနေအရ သစ်ပင်ပေါင်း သန်း ၃၀၀၀ မျှရှိနေပြီး၊ နောက်ထပ် သစ်ပင် သန်း ၁၂၀၀ ခန့် စိုက်ပျိုးနိုင်သေးကြောင်း ဆွစ်တက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့ကပြောသည်။ ”အကယ်၍ ကျွန်တော်တို့ အဲဒီသစ်ပင် သန်း ၁၂၀၀ လောက်ကို စိုက်ပျိုးနိုင်မယ်ဆိုရင်တော့ ကမ္ဘာကြီးကနေ ဆုံးရှုံးသွားတဲ့ ကာဗွန်ပမာဏကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။ ဒါတောင် အဲဒီအပင်တွေ ကြီးလာအောင်စောင့်ရဦးမှာပါ။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုအတွက် အကောင်းဆုံးဖြေရှင်းနည်းပါပဲ”ဟု အဆိုပါ သုတေသီအဖွဲ့ဝင်တစ်ဦးဖြစ်သူ တွမ်ခရိုသာကပြောသည်။ ကမ္ဘာ့မြို့ကြီးများတွင်လည်း အဆောက်အအုံကြီးများဝယ် စိမ်းလန်းသော အပင်များစိုက်ပျိုးမှုကို စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment