Pages
Wednesday, May 8, 2019
ဆေးခြောက် တရားဝင်သုံးစွဲရေး နယူးဇီလန်မှာ လူထုဆန္ဒ ခံယူမယ်
ဆေးခြောက်ကို တရားဝင်ဖြစ်ရေး ဆန္ဒ ရှိ၊ မရှိ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွင်း လူထုဆန္ဒ ခံယူသွားမယ်လို့ နယူးဇီလန်နိုင်ငံ ခေါင်းဆောင်တွေက ပြောပါတယ်။ ဆေးခြောက်ကို တရားဝင်ဖြစ်ရေး ဥပဒေကြမ်း ရေးဆွဲနိုင်ဖို့ Yes/No မေးခွန်းလို ရိုးရှင်းတဲ့ မေးခွန်းတွေနဲ့ ဆန္ဒမဲ ကောက်ခံမယ်လို့ တရားရေးဝန်ကြီး အင်ဒရူး လစ်တဲလ်က ဒီနေ့ မေလ ၇ ရက်မှာ ကြေညာပါတယ်။ ဥပဒေကြမ်းမှာ ဆေးခြောက်သုံးစွဲရမယ့် အနည်းဆုံး အသက်က ၂၀ နှစ်ဖြစ်ဖို့၊ အပန်းဖြေဖို့ အတွက်သာ အသုံးပြုဖို့၊ စီးပွားရေးအရ ထုတ်လုပ်ရောင်းချရမှာ ထိန်းချုပ်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ အိမ်မှာ စိုက်ပျိုးခွင့်ပြုမယ့် ပမာဏ၊ လူထုပညာပေး အစီအစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ညွှန့်ပေါင်းအစိုးရ အနေနဲ့ ကျန်းမာရေး အခြေပြု သုံးစွဲမှုဖြစ်စေရေး၊ ရာဇဝတ်မှု မြောက်နိုင်တဲ့ အခြေအနေ မရောက်အောင် ထိန်းချုပ်ရေးတွေ ပါဝင်တယ်လို့လည်း ဝန်ကြီး လစ်တဲလ်က ပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment