
စောင့်ဆိုင်းနေသော လူထောင်ပေါင်းများစွာက ထိုင်းနိုင်ငံအလံကို ဝှေ့ယမ်းလျက် ဘုရင်၏ မွေးနေ့ကိုယ်စားပြု အဝါရောင်ကို ဝတ်ဆင်ထားကြကာ ‘ဘုရင်ကြီး သက်တော်ရှည်ပါစေ’ ဟု အော်ဟစ်ခဲ့ကြသည်။ ဘုရင်၏ မိန့်ခွန်းပြောကြားမှုမတိုင်မီ ပရာယွတ်က ချက်ကရီမင်းဆက်အား ゞင်းတို့၏အသက်နှင့် ထပ်တူသစ္စာရှိမည်ဟု ဘုရင်ကို ပြောကြားခဲ့သည်။ နန်းတက်ပွဲမတိုင်မီ ဘုရင်က လက်ထပ်ခဲ့သည့် မိဖုရားသစ် သုသီတာကလည်း ဝိဇယလောင်ကွန်းနှင့်အတူ လိုက်ပါခဲ့သည်။
ဘုရင်အား ထိုနေရာတွင် မြင်တွေ့ခဲ့ရသည့်အတွက် အလွန်အမင်း စိတ်လှုပ်ရှားခဲ့ရကြောင်း ကုမ္ပဏီဝန်ထမ်း Pramote Mapongtao က ပြောကြားခဲ့သည်။ မူးမေ့သူ အများအပြားရှိခဲ့သည့် ၃၇ ဒီဂရီ ဆဲစီးယပ်စ်အထိ ပူပြင်းခဲ့သည့် အပူချိန်ကို အံတုလျက်ဘုရင်၏ မိန့်ခွန်းပြောမှုကို လာရောက်နား ထောင်သူများတွင် ゞင်းသည် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ အသက် ၆၆ နှစ်ရှိ ဝိဇယလောင်ကွန်းသည် ချက်ကရီမင်းဆက်၏ ဒသမမြောက်ဘုရင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် ဖခင်ဖြစ်သူ ဘူမိဘောအဒူလျာဒက် သေဆုံးခဲ့ပြီးနောက်ပိုင်း ထီးနန်းဆက်ခံခဲ့ခြင်း ဖြစ်သည်။ ထိုင်းပြည်သူများအကြား လူသိနည်းသော ဝိဇယလောင်ကွန်းသည် ဂျာမနီတွင် နေထိုင်ခဲ့သည့်အချိန်များခဲ့ပြီး အိမ်ထောင်ကွာရှင်းမှု သုံးကြိမ်လည်း ရှိခဲ့သည်။
Crown Property Bureau အား ゞင်း၏ ထိန်းချုပ်မှုအောက်သို့ တိုက်ရိုက်ထားရှိခြင်း၊ ဘုရင်မိသားစုနှင့်နီးစပ်သည့် အဖွဲ့ခွဲတစ်ခုမှ အဖွဲ့ဝင်တစ်ဦးအား စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းအပါအဝင် ဝိဇယလောင်ကွန်းသည် ထီးနန်းဆက်ခံခဲ့ပြီးနောက်ပိုင်း ဘုရင်စနစ်၏ အခန်းကဏ္ဍဍကို အားဖြည့်ရန် အများအပြားလုပ်ဆောင်ခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။
ဘုရင်မိသားစုကိုလည်း ကမ္ဘာတွင် အလွန်ပြင်းထန်သည့် တော်ဝင်အသရေဖျက်မှု ဥပဒေအချို့ဖြင့် ကာကွယ်ပေးထားပြီး ဘုရင်အား ဝေဖန်ပြစ်တင်ရန် ဆွေးနွေးမှုများကို ပြုလုပ်ရန် မဖြစ်နိုင်ပေ။
၆၉ နှစ်အတွင်း ပထမဆုံးအကြိမ် နန်းတက်ပွဲအဖြစ် သုံးရက်ကြာမြင့်ခဲ့သော ထိုအခမ်းအနားအပြီးတွင် ဝိဇယလောင်ကွန်းသည် ကမ္ဘာပေါ်၌ အချမ်းသာဆုံး ထီးနန်းကို ဆက်ခံရမည်ဖြစ်သည်။
မတ်လက အငြင်းပွားရွေးကောက်ပွဲအပြီးနှင့် ယခုသီတင်းပတ်ကုန်တွင် နောက်ဆုံးရလဒ်မထုတ်ပြန်မီ ကာလအတွင်း နန်းတက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းပြည်သူများသည် ယခုကဲ့သို့ လိုအပ်သောအချိန်တွင် သဘောထားပျော့ပျောင်းနေမည်ဖြစ်ပြီး ရလဒ်များထုတ်ပြန်အပြီးတွင် ဆန္ဒပြမှုများ ပြုလုပ်နိုင်ခြေအားနည်းမည်ကို အာဏာရထားသူများက သေချာတွက်ချက်ထားလိမ့် မည်ဖြစ်ကြောင်း Council on Foreign Relations မှ အာရှဆိုင်ရာ ထိပ်တန်းအဖွဲ့ဝင် ကာရင်ဘရွတ်က သုံးသပ်ထားသည်။
No comments:
Post a Comment