‘‘ရန်ကုန်တက္ကသိုလ်ထဲမှာ ကမ္ပည်းပြားကပ်မယ်ဆိုရင် ကပ် ရမယ့်နေရာတွေက အများကြီး ပါ။ ဘွဲ့နှင်းသဘင်ရော၊ တက္က သိုလ်စာကြည့်တိုက်ရော၊ အ ဆောင်တွေရောရှိတယ်။ ဒါပေမဲ့ ဒီထဲမှာ အဆောက်အအုံတွေ ထက် သက်တမ်းရင့်တယ်လို့ ယူ ဆတယ်။ ကျောင်းသားတွေရဲ့ ဘဝမှာလည်း အရေးပါတယ်။ ထိန်းသိမ်းဖို့လည်း လိုနေတဲ့ ဒီ သစ်ပုပ်ပင်ကို ပထမဆုံးအနေနဲ့ ကပ်တာပေါ့’’ ဟု ဦးသူရိန်အောင် က ဆိုသည်။
ရန်ကုန်တက္ကသိုလ် သိပ္ပံ ဆောင်အနီးရှိ သစ်ပုပ်ပင်သည် ရန်ကုန်တက္ကသိုလ်၏ အထင်ကရ သင်္ကေတတစ်ခုဖြစ်ပြီး သစ်ပုပ် ပင်၏ သက်တမ်းကို အတည်ပြု နိုင်ရန် ရန်ကုန်မြို့ပြအမွေအနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က သုတေသနပြုကာ အ ချက်အလက်များ စုဆောင်းနေ သည်ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အဆောက်အအုံနှင့် နေရာ ၂၉ ခု၌ အပြာရောင်ကမ္ပည်းပြားတပ်ဆင်ထားပြီးဖြစ်သည်။ သစ်ပုပ်ပင်ကဲ့သို့ သဘာဝအမွေအနှစ်၌ တပ်ဆင်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ အပြာရောင်ကမ္ပည်းပြား များ တပ်ဆင်ခြင်းသည် ရန်ကုန် မြို့၏ သမိုင်းကို အထိရောက်ဆုံး နှင့် ထင်သာမြင်သာအရှိဆုံး ဖော် ပြနိုင်မည့် နည်းလမ်းများအနက် တစ်ခုဖြစ်သည်ဟု YHT က ကြေညာထားသည်။
No comments:
Post a Comment