
ကော့သောင်းမြို့မှာ မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ ထိုင်း လဝက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးစဉ် မြန်မာ ခရီးသည် ၂၀၀ အခက်အခဲ ဖြစ်ခဲ့ရမှုကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က မြန်မာ ခရီးသည် ၂၀၀ ဟာ ရနောင်း လဝကရုံးမှာ နယ်စပ်ကျော်ဖြတ်ဖို့အတွက် ၄ နာရီကြာ စောင့်ဆိုင်းခဲ့ရကြောင်း တိုင်ကြားခဲ့တာပါ။
မြန်မာနိုင်ငံသား ခရီးသွားတွေ လာရောက်လည်ပတ်မှု များပြားလာချိန်မှာ အချိန်မီ ဝန်ဆောင်မှုပေးဖို့ ဝန်ထမ်းတွေ တာဝန်တွေ ပိုမိုချထားရေး ရနောင်း လဝက အကြီးအကဲမှာ တာဝန်ရှိကြောင်း ထိုင်းလဝက ဗြူရိုက ပြောပါတယ်။ ရာထူးရွှေ့ပြောင်းခံရတဲ့ ရဲဗိုလ်မှူးကြီး ဝီရာယောစ်ကတော့ မြန်မာ ခရီးသွားတွေဟာ ရနောင်းကို မနက် ၁၀ နာရီမှာ ရောက်ရှိလာကြောင်း၊ တချို့ မြန်မာ ခရီးသွားတွေဟာ ထိုင်းနိုင်ငံကို ပထမဆုံး လာရောက်သူတွေ ဖြစ်လို့ တစ်ဦးကို နှစ်မိနစ်ကြာ စစ်ဆေးပြီး လက်ဗွေရာ ယူခဲ့ရကြောင်း ဖြေရှင်းခဲ့ပါတယ်။
No comments:
Post a Comment