
"မေလ၈ရက်နေ့ဆိုတာ ကမ္ဘာကြက်ခြေနီနေ့လို့သတ်မှတ်ထားတယ်ပေါ့နော် အဲ့ထဲကမှ ဆရာတို့ကအရင်တုန်းကတော့အခမ်းအနားကျင်းပတာပေါ့ ကြက်ခြေနီနေ့အခမ်းအနားပေါ့၊ ဒီနှစ်ကတော့ထူးထူးခြားခြား အန်ကယ်တို့က ပြည်လုံးကျွတ်ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်တွေ အဲ့တာတွေဆောင်ရွက်တာပေါ့ အမှိုက်ကောက်ခြင်း တံမြက်စည်းလှည်းခြင်း မြောင်းဖော်ခြင်း ဒီလုပ်ငန်းလေးတွေပေါ့"ဟု ပဲခူးတိုင်း ကြက်ခြေနီတပ်ဖွဲ့မှုးဦးဟန်အောင်က ပြောသည်။
ပဲခူးမြို့ကြက်ခြေနီအဖွဲ့သည် ရှေ့ဦးပြုစုခြင်း သင်တန်းများပေးခြင်း သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး နဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
No comments:
Post a Comment