
ပွဲပြီးဆုံးဖို့ ၁၁ မိနစ်အလိုမှာ အလက်ဇန္ဒားအာနိုးလ်ရဲ့ အကွက်မြင်မြင်ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို အိုရီဂီက အဆုံးသတ်ခဲ့ပြီးနောက် လီဗာပူးအသင်းဟာ လာမယ့်ဇွန်လ ၁ ရက်နေ့မှာ အေဂျက် သို့မဟုတ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးရဲ့အန်းဖီးလ်အောင်ပွဲနောက်ကွယ်က ကိန်းဂဏန်းအချက်အလက်အချို့ကို Opta ရဲ့အကူအညီနဲ့ ဖော်ပြပေးလိုက်ပါတယ်။
၉- လီဗာပူးအသင်းဟာ ဥရောပဖလား/ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲကို ၉ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး လီဗာပူးထက် အကြိမ်ရေပိုမိုတက်ရောက်နိုင်တဲ့အသင်းတွေကတော့ ရီးရဲမက်ဒရစ်(၁၆)၊ အေစီမီလန်(၁၁)၊ ဘိုင်ယန်မြူးနစ်(၁၀)တို့ဖြစ်ပါတယ်။
၂- လီဗာပူးအသင်းဟာ ၂၀၀၈၊ ၂၀၀၉ ခုနှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနောက်ပိုင်း ပထမဆုံး ၂ ကြိမ်ဆက် ဗိုလ်လုပွဲတက်ရောက်နိုင်တဲ့ အင်္ဂလန်အသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
၎- အသင်းတစ်သင်းက ချန်ပီယံလိဂ် ၂ ကျော့ပွဲစဉ်တွေမှာ ပထမအကျော့ပွဲစဉ်မှာ ၃ ဂိုး သို့မဟုတ် ၃ ဂိုးအထက် ပေးခဲ့ရပြီးနောက် ဒုတိယအကျော့မှာ ရလဒ်ပြောင်းပြန်လှန်နိုင်ပြီး နောက်တဆင့်တက်ရောက်နိုင်တာ ၄ ကြိမ်မြောက်ဖြစ်ပါတယ်။
၃- ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ၎င်းတို့ရဲ့ နောက်ဆုံး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ၄ ပွဲမှာ ၃ ပွဲမြောက် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
၎- ဘာစီလိုနာအသင်းဟာ ဥရောပပြိုင်ပွဲအားလုံးမှာ အင်္ဂလန်အသင်းတစ်သင်းကို အကြီးမားဆုံးရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
၁၄- လီဗာပူးနောက်ခံကစားသမား အာနိုးလ်ဟာ ယခုရာသီ ပြိုင်ပွဲစုံမှာ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပြီး လီဗာပူးကစားသမားတွေထဲမှာ အများဆုံးပြုလုပ်ထားနိုင်တာပါ။
၁၂၂- လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံမှာ ပထမဆုံး ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဝစ်ဂ်ျနယ်ဒန်ရဲ့ သွင်းဂိုး ၂ ဂိုးကြား ကြာမြင့်ချိန်ဟာ ၁၂၂ စက္ကန့်သာ ကြာခဲ့တာဖြစ်ပါတယ်။
၈- လီဗာပူးနဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်း ပြုလုပ်ခဲ့တဲ့ ကန်သွင်းမှု ၈ ကြိမ်မှာ မက်ဆီတစ်ဦးတည်းက ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှု ၅ ကြိမ်နဲ့ ဖန်တီးမှု ၃ ကြိမ်အထိ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment