

မေ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းအား ဂါရဝပြု တွေ့ဆုံခဲ့ပြီး အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့၏ ဖွဲ့စည်းထားရှိမှု၊ ထမ်းဆောင်ရသည့် တာဝန်ဝတ္တရားများ၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးနှင့် ပင်လယ်ပြင် ညစ်ညမ်းမှု ထိန်းသိမ်းရေး။ဆောင်ရွက်နေမှုများ၊အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့ရေယာဉ်များ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် လာရောက်ခဲ့မှုများနှင့် တပ်ဖွဲ့နှစ်ခုအကြား လေ့ကျင့်ရေးနှင့် အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ် ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား တွေ့ဆုံခြင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးအားတွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ပြီး တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခြင်း၊ဥပ္ပါတသန္တိ စေတီတော်နှင့် ဆင်ဖြူတော်သို့ လေ့လာခြင်းများ ဆောင်ရွက်ခဲ့သည်။ ညပိုင်း၌ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ၂ဝ၁၉၊ မေ ၈ ရက်တွင် ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့သည် ပုဂံမြို့သို့ ဆက်လက်ထွက်ခွာ၍ ပုဂံမြို့တွင်း လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မေ ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ၍ ညနေပိုင်းတွင် အိန္ဒိယနိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment