
ကွမ်းခြံကုန်းဆင်း အရောက်တွင် ရှေ့မှမောင်းနှင်နေသောယာဉ် တစ်စီးအားကျော်တက်ရာ မျက်နှာချင်းဆိုင်မှ လာနေသော ယာဉ်မောင်းကျော်လင်းထွန်း မောင်းနှင်လာသော မြေသယ်ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ၁၂ ဘီးကုန်တင်ယာဉ်မှာ ရှေ့ဦးခေါင်းပိုင်း ဝဲဘက်ခြမ်းပျက်စီး၊ ရှေ့လေကာမှန် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ၁၀ ဘီး မြေသယ်ယာဉ်မှာလည်း ရှေ့ဝဲဘက်ခြမ်းပျက်စီးပြီး လေကာမှန်ကွဲကာ ဝင်ရိုးကျိုးသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ လူတစ်စုံတစ်ရာထိခိုက်မှု မရှိသော်လည်း မော်တော်ယာဉ်စီးရေတစ်ထောင်ခန့်မှာ နာရီနှင့်ချီ၍ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေခြင်းကြောင့် သင်္ဃ္န်းညီနောင် နယ်မြေရဲစခန်းမှ ရဲအုပ်ရဲနိုင်နှင့်ရဲတပ်ဖွဲ့ဝင်များက ကရိန်းကား၊ လူအား၊ စက်အားဖြင့် လမ်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် လမ်းရှင်းလင်းခဲ့ပြီး မော်တော်ယာဉ်များအား အဆင်းတစ်လှည့် အတက်တစ်လှည့်သွားလာစေခဲ့သည်။ အခင်းဖြစ်နေရာသို့ ရောက်ရှိနေသည့် ၁၂ ဘီးယာဉ်ပိုင်ရှင်ဖြစ်သူကလည်း ကုန်းဆင်းကွေ့မှာ အမြင်မရှင်း၍ ခုလိုယာဉ်တိုက်မှုဖြစ်ရကြောင်း၊ လမ်းကျဉ်းကွေ့မှာ ယခင်နေ့က တိမ်းမှောက်ထားသော ကုန်တင်ယာဉ် နှင့် ကုန်များအားသက်ဆိုင်ရာမှ ရှင်းလင်းရေးမဆောင်ရွက်ခဲ့သည့်အတွက် ဖြစ်ရကြောင်း ပြောကြားသည်။
ထို့အပြင် slow ခုံးများထားရှိခြင်းကြောင့် ကားအောက်ပိုင်းများစွာ ပျက်စီးကြောင်း၊ ဘယ်နိုင်ငံမှာမှ မရှိသော စနစ်ဖြစ်သည့်အတွက် ဖယ်ရှားပစ်သင့်ကြောင်းနှင့် ယင်းလမ်းခုံးများကြောင့် ယာဉ်ဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
သို့ဖြစ်၍ လမ်းကြောမရှင်းဘဲရှေ့မှ မောင်းနှင်နေသောယာဉ်ကို ကျော်တက်ရာမှ တစ်ဖက်ကလာသော မြေသယ်ယာဉ်နှင့် မျက်နှာချင်းဆိုင်ဝင်တိုက်မိသဖြင့် ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း တိုးလှိုင်၊ ကောင်းညိုရွာ၊ ညောင်ဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူအား သင်္ဃ္န်းညီနောင်ရဲစခန်းမှယာဉ်(ပ)၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment