
ထို့နောက် ရောင်ခြည်တော်ဖွင့်ဂါထာဖြင့်ဘုရားပင့်ခြင်း၊ ပဌါန်းအဌကထာပဏာမဂါထာဖြင့်ပဌါန်းကျမ်း တော်ကြီးကိုပူဇော်ခြင်းတို့ ပြင်ဝန်းကျောင်းဆရာတော်နှင့်ချောင်းကြီးတိုက်ဆရာတော်တို့က ဆောင်ရွက်ပေးကြပြီး၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဌ မြို့ဦးကျောင်းဆရာတော် အရှင်ဘဒ္ဒန္တဇောတိက ဆရာတော်မှ ငါးပါး သီလနှင့်ပဌာန်းတရားတော်အကျိုးတရားကို သြဝါဒချီးမြှင့်ပေးတော်မူခဲ့သည်။
ဆက်လက်၍ ပဌါန်းတရာနာကြားရန် နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်းနှင့်ပဌါန်းအမွှမ်းဖတ်ကြားခြင်းအားမြသီတာဆရာတော်နှင့်သဘော့လိပ်ကျောင်းဆရာတော်တို့က ရွတ်ဖတ်ပူဇော်ပေးကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များနှင့်လူပရိတ်သတ်အပေါင်းတို့က ပဌါန်းပစ္စယုဒ္ဒေသပါဋိတော်များကို ရွတ်ပွားပူဇော်ကြပြီးအလှည့်ကျဆရာတော်များက မေလ ၁၂ရက်နေ့အထိ (၄)ရက်တိုင်တိုင် နေ့/ညအသံမစဲ မဟာပဌါန်းပူဇော်ပွဲကိုရွတ်ပွားပူဇော်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
နံနက်၁ဝနာရီခွဲအချိန်၌ ဆရာတော်/သံဃာတော်(၂၄)ပါးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး၏ဇနီးဒေါ်ခင်ဇာခြည်အောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့်အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍လူပရိတ်သတ်အပေါင်းတို့ကိုလည်း နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
No comments:
Post a Comment