
ယင်းသို့ မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်စာရဲစခန်းမှ တာဝန်ကျ ရဲအရာထမ်း တစ်ဦးက “ဖြစ်ချိန်က မနက် ၁၁ လောက်။ ချယ်ရီမြေက ခြောက်ထပ်ကွေ့မှာ ပတ်ကွေ့ပြီး ဆင်းနေတာ။ အဲဒီမှာ အပေါ်ဆုံး ကွေ့ကနေ ဘီးပေါက်ပြီး တောလမ်းအတိုင်း လမ်းချော်ကျလာတဲ့ ၂၂ ဘီးတွဲကားက ဖြတ်တိုက်မိတာ။ ပုံစံက ရုပ်ရှင်ဆန်ဆန် ဖြစ်သွားတာပဲ။ တွဲကားက အပေါ်ကွေ့ နှစ်ထပ်လောက်မှာ လမ်းဘေးကာထားတဲ့ သံပေါင်တွေကိုတောင် မတိုက်မိဘဲ ကျော်ပြီးကျလာတာ။ တွဲကားက မြေသယ်လာတာ။ တွဲကားယာဉ်မောင်းကတော့ ခါးပွန်းပဲ့ ဒဏ်ရာလောက်ပဲရပြီး ကားလေးပေါ်က ငါးယောက်ကိုတော့ ဇီးပင်ကြီးဆေးရုံကို ပို့ဆောင်ပေးထားတယ်” ဟု ပြောကြားသည်။ “ဒရိုင်ဘာနဲ့ ခရီးသည် လေးယောက်လုံး ဆေးရုံမှာပါ။ စိုးရိမ်စရာဒဏ်ရာ မရှိဘူးလို့ သိရပြီး ခြေကျိုးလက်ကျိုး ထိခိုက်မိတာတွေတော့ ဖြစ်ကြတယ်” ဟု ပြင်ဦးလွင်-မန္တလေး ပြေးဆွဲနေသော ချယ်ရီမြေ အမြန်ယာဉ်ငယ် အသင်းမှ ဂိတ်တာဝန်ကျ တစ်ဦးက ပြောကြားသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ၂၂ ဘီးတွဲကားယာဉ်မောင်း ကိုဖိုးထိုက်အား ယာဉ် (ပ) ၂၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၂၇၉ အရ ပြင်စာမြို့နယ် ရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment