စည်ပင်သာ ယာ နယ်နိမိတ် ၁၁မြို့နယ်မှာရှိတဲ့ ဆေးရုံတွေကို အဆင့်မြှင့်တင်နိုင် မယ်ဆိုရင် ရန်ကုန်မြို့ထဲကိုပဲ လူ နာတွေဟာ သွားလာပြီး ဆေး ကုသနေရတဲ့အခြေအနေမျိုးကို ကျွန်တော်တို့ အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းသွားနိုင် မှာဖြစ်ပါတယ်’’ဟု ၎င်းကပြော ကြားသည်။
အဆိုပါနှစ်ထပ်ဆေးရုံသစ် ကို နိုင်မိသားစုဆောက်လုပ်ရေး ကုမ္ပဏီက ကျပ်သိန်းခြောက် ထောင်ခန့် အကုန်ကျခံကာလှူ ဒါန်းခဲ့ပြီး ၂၀၁၇ က စတင် ဆောက်လုပ်ခဲ့သည်။
ယင်းတွင် အထူးကုသ ဆောင်နှစ်ခန်း၊ အရေးပေါ်ကုသ ဆောင်နှစ်ခန်း၊ ဓာတ်မှန်ဆောင်၊ ဓာတ်ခွဲခန်းများအပြင် အတွင်းလူ နာကုသရန် ခုတင် ၂၈ ခု ထား ရှိဆောင်ရွက်မည်ဖြစ်သည်။
လှည်းကူးဆေးရုံကို ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် ၁၉၈၀ က စတင်ဆောက်လုပ်ခဲ့ကာ ၂၀၁၂ တွင် ခုတင် ၅၀ ဆံ့အဖြစ် ထပ်မံ တိုးချဲ့ခဲ့သည်။
ရန်ကုန်တိုင်း ဒုတိယတိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး ဒေါက်တာဌေးလွင်က ‘‘တစ်ခါတလေ မိုးတွင်းဘက်ဆို ခုတင် ၅၀ ထက်ကိုကျော်နေတဲ့ အတွက် အတွင်းလူနာတွေဟာ ကျားမ၊မရွေး မွေးဖွားလူနာ၊ ကလေးလူကြီးလူနာတွေကို သီး ခြားစီမထားနိုင်ဘဲနဲ့ အဆင်ပြေ သလိုထားနေရတယ်။ အရင်ဒီ ဆေးရုံရဲ့အခြေအနေကတော့ရုပ် ရည်အားဖြင့်လည်း နောက်ကျ လျက်ရှိပါတယ်။ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းတွေကလည်း ပျက် လျက်ရှိပါတယ်။ အခုဒီ နှစ်ထပ် ဆောင်ဆောက်လိုက်တဲ့အတွက် လူနာတွေဟာလည်း ဓာတ်ခွဲ ဓာတ်မှန်ခွဲစိတ်ခန်းအသစ်တွေမှာ ကုသပြီးတော့ လူနာတွေကို ဟို ဘက်ဆေးရုံမှာ ပြွတ်သိပ်ထား၊ ရောထားတာကနေ စနစ်တကျ ထားရှိနိုင်မှာဖြစ်ပါတယ်’’ ဟု ပြောသည်။ လှည်းကူးဆေးရုံတွင် နှစ် စဉ်အတွင်းလူနာဦးရေ သုံးထောင် ခန့်၊ ပြင်ပလူနာဦးရေ နှစ်သောင်း ခန့် ဆေးကုသမှုပေးနေပြီး လူနာ ၁၀၀ ခန့်ကို နှစ်စဉ်ခွဲစိတ်ကုသ ပေးနေသည်။
No comments:
Post a Comment