
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်၊ ခွန်အွတ်ကျေးရွာရှိ နမ့်တိန်းချောင်းရေ တိုက်စားပြီး ကမ်းပါးပြိုကျ ပျက်စီးမှုများအား မေ ၂၅ ရက် နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် လင်းခေးတပ်နယ်မှ တပ်မတော်သားများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ကမ်းပါးပေါ်၌ တုတ်ရိုက်ခြင်း၊ ကျောက်နှင့် မြေဖို့ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment