
အမြန်လမ်းမကြီးပေါ်ရှိဆွာချောင်းတံတားအားပြုပြင်မှုပြီးစီးပြီဖြစ်သောကြောင့် ဒီကနေ့မေ ၂၈ ရက်မှစတင်ကာ ပုံမှန်အတိုင်း ယာဉ်များဖြတ်သန်းသွားလာမှုကိုခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိဆွာချောင်းတံတားသည် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက မိုးရေတိုက်စားမှုကြောင့်ပျက်စီး ခဲ့တာဖြစ်ပြီးဆွာချောင်းတံတားကြံ့ခိုင်ရေး ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာတွင် ယခုအချိန်အခါမှာပြီးစီးပြီ ဖြစ်သဖြင့် ယနေ့နံနက်(၆)နာရီအချိန်မှစတင်၍ ပုံမှန် အတိုင်းပြန် လည်အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ခရီးသွားပြည်သူများ သိရှိစေ ရန် အမြန်လမ်းမကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment