
ထို့နောက် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူ ၁၉၉၁၂ ဦးနှင့် ဆရာ၊ ဆရာ မ ၁ဝ၆ ဦးတို့ အတွက် ငွေကျပ် ၇၅ သိန်းကျော်တန်ဖိုးရှိ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် သင်ထောက်ကူပစ္စည်းများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်သည်။ ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် နန်းမြို့တွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်နှံ၊ လက်ခံနေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment