ဆူမားတြားကြံ့ဟာ ကြံ့မျိုးစိတ်တွေထဲမှာ အသေးဆုံးဖြစ်ပြီး တောထဲမှာ မျိုးသုဉ်းသွားပြီလို့ ၂၀၁၅ မှာ ကြေညာခံခဲ့ရပါတယ်။
၂၀၁၄ မှာ အိုင်မန်လို့ နာမည်ပေးထားတဲ့ ကြံ့အမတကောင်ကို ဖမ်းမိခဲ့လို့ အိုင်မန်ဟာ မလေးရှားနိုင်ငံထဲက တကောင်တည်းကျန်တဲ့ ကြံ့မျိုးစိတ် ဖြစ်လာပါတယ်။
တခြား ကြံ့မတကောင်ဖြစ်တဲ့ ပွန်ထွန်ကတော့ ၂၀၁၇ ခုနှစ်မှာ အဖမ်းခံရင်း သေဆုံးခဲ့ပါတယ်။
တကမ္ဘာလုံးမှာ ဆူမားတြားကြံ့ အကောင်ရေ ၃၀ ကနေ ၈၀ ကြားသာ ကျန်တော့တယ်လို့ သားရိုင်းတိရစ္ဆာန်ရေးရာ ပညာရှင်တွေက ပြောပါတယ်။
၂၀၁၁ ကတည်းက မလေးရှားဟာ ဖမ်းဆီးထားတဲ့ မျိုးစိတ်တွေကို မျိုးအောင်အောင် သားဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ဆူမားတြားကြံ့တွေ မျိုးပွားအောင် နောက်ထပ် ကြိုးစားနိုင်ဖို့ မျိုးဗီဇဆိုင်ရာ ပစ္စည်းတွေကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ ဝန်ကြီး ခရစ်စတီးနားလျူက ပြောခဲ့ပါတယ်။
No comments:
Post a Comment