
“တွေ့ရှိချက်ကို ကျွန်တော်တို့က ဌာနဆိုင်ရာ ခေါ်တယ်။ ကုမ္ပဏီခေါ်တယ်။ QC အဖွဲ့ကို ခေါ်တယ်။ ကျွန်တော်တို့ကို ဘာပြောသလဲ ဆိုတော့ ဝန်ကြီးတွေ လာစစ်ပြီးသွားပြီတဲ့။ မနေ့က လာတာတဲ့။ ဝန်ကြီးတွေ လာစစ်တာ ဘာကို လာစစ်သွားသလဲ ဆိုတော့ မြန်မြန်ပြီးဖို့အတွက် ပြောသွားပါတယ်တဲ့။ ကုမ္ပဏီက ဖြစ်ကတတ်ဆန်း လုပ်သွားရင် မြန်မြန်ပြီးမှာပဲ။ အရည်အသွေးပိုင်း ဘယ်လို ခင်းထားလဲ။ ဘယ်လို လုပ်ထားလဲ ဝန်ကြီး တစ်ယောက်အနေနဲ့ သိသင့်သိထိုက်တယ်”ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေး ကော်မတီ အတွင်းရေးမှူး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
အရည်အသွေး မမီရခြင်းမှာ ကုမ္ပဏီက အများဆုံး တာဝန်ရှိပြီး ကုမ္ပဏီ အင်ဂျင်နီယာများ၏ လုပ်ငန်း ကျွမ်းကျင်မှုများနှင့်လည်း သက်ဆိုင်ကြောင်း၊ တင်ဒါပေးသော ဌာနဆိုင်ရာ များကလည်း အချိန်မီ စစ်ဆေးပါက ဆုံးရှုံးမှု မရှိနိုင်ကြောင်းလည်း ဦးအောင်နိုင်ဦးက ပြောကြားသည်။
ထိုသို့ အရည်အသွေး မပြည့်မီမှုများ ရှိနေသော ကုမ္ပဏီများအား ခေါ်ယူ ကြားနာပြီးနောက် ကုမ္ပဏီ တာဝန်ရှိသူများက ပြန်လည် ပြင်ဆင်ပေးမည်ဟု ကတိပေးကြပြီး ဌာနဆိုင်ရာများကလည်း ゞင်းတို့၏ လူအင်အား အားနည်းချက်များ ရှိနေသေးကြောင်း၊ လုပ်ငန်းခွင်များအား သွားရောက် စစ်ဆေးရာတွင် Estimate နှင့် Drawing တောင်းပါက အဆင်သင့် မပေးသည်ကို တွေ့ရကြောင်း တင်ပြကြသည်ဟု သိရသည်။
ကယားပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းပေးထားသော လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေး ကော်မတီသည် NLD အစိုးရသစ် တက်လာပြီးနောက် အရပ်သားများ၊ ပညာရှင်များနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့ထားသော ကော်မတီဖြစ်ပြီး ပြည်နယ်တွင်းရှိ တင်ဒါလုပ်ငန်းများအား သွားရောက် စစ်ဆေးရာတွင် အရည်အသွေး မမီမှုများ တွေ့ရကြောင်း သိရသည်။
No comments:
Post a Comment