Pages
Tuesday, May 28, 2019
မိုးသည်းထန်စွာ ရွာသွန်း၍ လေယာဉ်နှစ်စီး ထိုင်းသွားဆင်း
မေလ ၂၇ ရက်ညနေ တွင် မိုးသည်းထန်စွာရွာသွန်း ခြင်းကြောင့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ဆင်း သက်မည့် ပြည်ပဆိုက်ရောက် လေယာဉ်နှစ်စီးထိုင်းနိုင်ငံသို့ သွားရောက်ဆင်းသက်ခဲ့ရသည် ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ် အောင်ကပြောသည်။ Hong Kong Dragon လေ ကြောင်းလိုင်းသည် ချင်းမိုင်လေဆိပ်သို့ သွားရောက်ဆင်းသက်ခဲ့ပြီး ထိုင်းအဲအေးရှားလေကြောင်းလိုင်းက ဒွန်မောင်းလေဆိပ်သို့ သွားရောက်ဆင်းသက်ခဲ့ခြင်း ဖြစ် သည်။ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သည် မေလ ၂၇ ရက် ညနေ ၄ နာရီခွဲခန့်ကစတင်၍ မိ နစ် ၂၀ ကျော်ကြာရာသီဥတု ဆိုးရွားသဖြင့် လေယာဉ်ကွင်းပိတ်ခဲ့ခြင်းဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment