
ဦးသီဟ နှင့် ကိုသက်နိုင်ထွန်း တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ သောကြောင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက် ကုသ လျက်ရှိရာ ဖြစ်စဉ်နှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်း၌ (ပ)၁၃၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့် aဆာင်ရွက်ထားရှိပြီး တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တရားခံများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ နယ်မြေအတွင်း သတင်းရယူ စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဗောဓိညောင်ပင်လမ်း တွင်ရှိသော အောင်မြန်မာ ဓာတ်တိုင်လုပ်ငန်းမှ အလုပ်သမား များဖြစ်သူ ရွှေပြည်သာမြို့နယ်၊ ရေကျော်အိုင်ကျေးရွာနေ ကိုပေါက်(ခ)ကျော်ဇောမင်း(၃၇)နှစ်၊ ရွှေပြည်သာမြို့နယ်နေ အောင်သီဟ (ခ)သီဟ(၂၄)နှစ်၊ ကျော်နိုင်(၃၇)နှစ်၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ တင်မျိုးဝင်း(ခ) အာကြီး(၂၉)နှစ်၊ တညင်းကုန်းရပ်ကွက်နေ ဇော်မင်း(ခ)တော်ကီ(၃၈)နှစ် တို့ဖြစ်ကြောင်း သိရှိရ သဖြင့် မေလ ၂၇ ရက်နေ့တွင် ၎င်းတို့(၅)ဦး အား ဖမ်းဆီးစစ်ဆေးခဲ့ရာ ထမင်းဆိုင်အတွင်း ဦးသီဟ၊ ကိုသက်နိုင်ထွန်း တို့(၂)ဦးနှင့် စကားများခဲ့သည့် ကိစ္စအားမကျေနပ် သဖြင့် ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး အမှုဖြင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment