
ယင်းသို့ လုယက်ခံရမှုကြောင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ရာ အဆိုပါ လုယက်သူနှစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်အား ပဲခူးခရိုင် ဒုစရိုက်နှိမ်နင်း ရေးအဖွဲ့နှင့် ပဲခူးမြို့မရဲစခန်းရှိ တာဝန်ရှိရဲ ဝန်ထမ်းများပူးပေါင်း၍ CCTV မှတ်တမ်းများကို ကြည့်ရှုလေ့လာရှာဖွေခဲ့ရာ အဆိုပါ ဓားထောက်လုယက်မှု ကျူးလွန်ခဲ့သူနှစ်ဦးမှာ ပဲခူးမြို့ကျောက်တွင်းကုန်းပန်းခြံတွင်လည်း အခြားသူများထံမှ ဖုန်းနှစ်လုံးကို လုယူထွက်ပြေးသွားကြောင်း သိရသည်။
ယင်းနောက်တရားခံများအား လိုက်လံစုံစမ်းရာ ညနေ ၄နာရီ ၄၅ မိနစ်ခန့်၌ ပုဏ္ဏားစု ၇ လမ်း မြစိမ်းရောင်စေတီ အနောက်ဘက်ရှိ ချုံနွယ်များအတွင်း ဓားထောက်လုယက်ပြီး ထွက်ပြေးတိမ်းရှောင်သူနှစ်ဦးကို ရဲဝန်ထမ်းများမှ လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးရမိသူနှစ်ဦးမှာ မင်းထက်သာနှင့် သူရိန်ထွန်းဆိုသူတို့ဖြစ်ကြောင်းသိရပြီး ပဲခူးမြို့မရဲစခန်းတွင် ゞင်းတို့အား (ပ) ၁၄၅၇ / ၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၇ / ၁၁၄ (ပ)၁၄၅၇/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂/ ၅၄တို့ဖြင့် ဖမ်းဆီးအမှုဖွင့်ပြီး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
No comments:
Post a Comment