ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ နားပေါ်ကျေးရွာတွင် မေ ၂၅ ရက်က အသက် (၆၉)နှစ်အရွယ် ဖခင်အား သားဖြစ်သူက တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားပြီး နောက်ထွက်ပြေးတိမ်းရှောင်သွားသူအဆိုပါလူငယ်အား မေ ၂၆ ရက်တွင် ဖမ်းဆီးရမိကြောင်းသိရသည်။
မိုင်းခုတ်မြို့ မိုင်းနင်းကျေးရွာအုပ်စုနားပေါ်ကျေးရွာတွင် အသက် (၂၉)နှစ်အရွယ်ဒါရီနှင့်အသက်(၆၉)နှစ်အရွယ်ဖခင်ဖြစ်သူ ဦးရှဲချင်မီတို့စကားများရန်ဖြစ်ရာမှသားဖြစ်သူကတူမီးသေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့်ဖခင်ဖြစ်သူမှာဝမ်းဗိုက်တွင်ရရှိသည့်ဒဏ်ရာဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖခင်ဖြစ်သူအားသေနတ်ဖြင့်ပစ်ခတ်ပြီးထွက်ပြေးတိမ်းရှောင်သွားသူ ဒါရီအား မေ ၂၆ ရက် နံနက်(၁၀)နာရီခွဲ ဝန်းကျင်တွင် မိုင်ခုတ်မြို့ ရဲတပ်ဖွဲ့ဝင်များမှပြန်လည်ဖမ်းဆီးရမိပြီး ရဲစခန်းတွင်အမှုဖွင့်လှစ်ကာစစ်ဆေးလျှက်ရှိကြောင်းသိရှိရသည်။
No comments:
Post a Comment