
စစ်ဆေးချက်အရ ၎င်းသည် မောင်တောမြို့နယ်၊ ကျီးကန်းပြင် (တောင်)ရွာ၌ နေထိုင်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားပြီးနောက်ရက်များတွင် မိဘများ နှင့်အတူတစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေး၍ ဆာမားကူ ဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့ ကြောင်း၊ ဒုက္ခသည်စခန်းတွင် နေထိုင်စဉ် ARSA အဖွဲ့မှ "မြန်မာနိုင်ငံသို့ပြန်လျှင် သတ်ပစ် မည်" ဟုခြိမ်းခြောက်၍လည်းကောင်း၊ မြန်မာ ဘင်္ဂလားဒေ့(ရှ်)နှစ်နိုင်ငံ ပြန်လည်လက်ခံရေး လုပ်ငန်း စဉ်များနှင့်မြန်မာနိုင်ငံသို့ပြန်ရန် ဖြည့်စွက်ရမည့်ပုံစံများအား ချပြရှင်းလင်းခဲ့ခြင်း မရှိ၍ လည်းကောင်း မြန်မာနိုင်ငံသို့ပြန်မလာဘဲ ကော့ဘဇားမြို့၌ သုံးဘီးဆိုင်ကယ် မောင်းသည့်အလုပ် ခေတ္တသွားလုပ်ခဲ့ ကြောင်း၊ အဆိုပါဒုက္ခသည် စခန်းတွင်ရှိနေသည့် ARSA တာဝန်ခံ မာဂျူဟာရ်(၃၅)နှစ်နှင့် ယခင်က မောင်တောမြို့နယ်၊ ဆောင်ပိုင်ညှာကျေးရွာတွင် နေထိုင်ခဲ့သည့်အက္ကရာ(၃၀)နှစ်တို့မှ ဒုက္ခသည် စခန်းအား ထိန်းချုပ်အုပ်ချုပ်ထားပြီး ARSA အတွက် စည်းရုံးလူသစ် စုဆောင်းခြင်းများ ပြုလုပ်ခဲ့ သဖြင့် ၎င်းမှလည်း ၂၀၁၈ ခုနှစ်ဆန်းပိုင်းတွင် ARSA အဖွဲ့သို့ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းဆာမားကူဒုက္ခသည်စခန်းမှ ၎င်းပါ လူငယ်(၂၀)ဦး၊ အခြားဒုက္ခသည် စခန်း အသီးသီးမှ(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦးတို့သည် အကြမ်းဖက်သင်တန်းအား ဆာမားကူ ဒုက္ခသည်စခန်း ၌ပင်(၁)လသင်တန်း တက်ရောက်ခဲ့ကြောင်း၊ ၎င်း၏ သင်တန်းသားအမှတ်မှာ ARSA-34 ဖြစ်ပြီး သင်တန်းတွင် လက်နက်ငယ် ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းနှင့် ကိုယ်ခံပညာ များအား သင်ကြားခဲ့ ရကြောင်း၊ သင်တန်းအတွက်လိုအပ်သော ရိက္ခာပစ္စည်းများအားဘင်္ဂလားဒေ့(ရှ်)ရှိ ဒုက္ခသည်စခန်း များ၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ရှိ ARSA အဖွဲ့အား ထောက်ခံသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ရန်ပုံငွေကောက်ခံရယူ၍ ထောက်ပံ့ခဲ့ကြောင်း၊ သင်တန်း ဆင်းပြီးနောက် ၎င်းသည် ဆာမားကူဒုက္ခသည်စခန်းနှင့် အကြမ်းဖက် သင်တန်းများ၌ ကင်းစောင့်ရခြင်း၊ ရိက္ခာ သယ်ဆောင်သည့်လုပ်ငန်းများဆောင်ရွက်ရကြောင်း၊ကူတူပါလောင်ဒုက္ခသည်စခန်းနေဟာဆောင်း(စိစစ်ဆဲ)ဦးဆောင်သည့်ARSAအဖွဲ့မှ၂၀၁၉ ခုနှစ်အတွင်းမြန်မာနယ်ခြားစောင့်တပ်များအား (၂)ကြိမ် ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟုကြားသိခဲ့ကြောင်း၊ဆာမားကူဒုက္ခသည်စခန်းတွင် ၎င်းအပါအ၀င် ARSA သင်တန်းဆင်းပြီးသူ (၄၀)ခန့်ရှိပြီး တစ်ဆောင်လျှင်(၈)ဦးခန့်စီဖြင့် အခြားဒုက္ခသည် များနှင့် အတူရောနှောနေထိုင်ကြောင်း၊ စခန်းခေါင်းဆောင် အက္ကရာမှာအိမ်ထောင်ရှိသော်လည်း ဒုက္ခသည် စခန်းတွင် ၎င်းကြိုက်သည့် မည်သည့်အပျို/အအိုမဆိုအတူညခေါ်အိပ်လေ့ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ၎င်း၏ညီမအရင်းဖြစ်သူ အန်ဆန်မူရာအားအက္ကရာ ကညအိပ်ခေါ်သည့် ကိစ္စအား တားမြစ်သည် ကိုမကျေနပ်၍ မေလ ၂၂ ရက်နေ့တွင် အက္ကရာမှ ၎င်းအားမြေပြင်တွင် မှောက်ခိုင်းပြီးဝါးရင်းတုတ်နှင့်ရိုက်သဖြင့် ၎င်းမှအက္ကရာအားခါးကြားတွင် ဝှက်ယူလာသည့် ဓားမြှောင် နှင့် ထိုးကာထွက်ပြေးခဲ့ကြောင်း၊ ငါးဖမ်းလှေတစ်စီးအားတာကာငွေ ၂,၀၀၀ ပေး၍ မြန်မာနိုင်ငံ ဘက်သို့ပို့ဆောင်ခိုင်းပြီး နယ်စပ်ခြံစည်းရိုး အားကျော်ဖြတ်၍ ကျီးကန်းပြင် (တောင်)ရွာရှိ ဦးလေးဖြစ်သူဇာဖောအာမတ်ထံသွားရောက်ရန် ထွက်ခွာလာစဉ် လုံခြုံရေးအဖွဲ့များနှင့်တွေ့ရှိ ဖမ်းဆီးခံခဲ့ရ ကြောင်း ထွက်ဆို သိရှိရသဖြင့် ၎င်းအားကြိမ်ချောင်း နယ်မြေရဲစခန်း (ပ)၆/၂၀၁၉၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။
No comments:
Post a Comment