
ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်အတွင်းရှိ နယ်မြေခံတပ်မတော်သားများမှ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ကျေးရွာအုပ်စု၊ အုန်းတကူးကျေးရွာရှိ လူဦးရေ ၄၇၉ ဦးအတွက် သုံးရေ ၁၆၀၀ ရေဂါလံ၊ သောက်ရေသန့် ၃၀ ဗူး (၂၀ လီတာဆန့်) တို့အား လှူဒါန်းပေးခဲ့ပါသည်။ အလားတူ မလွန်တပ်နယ်အတွင်းရှိ နယ်မြေခံတပ်မတော်သားများမှလည်း မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာအုပ်စု၊ သက္ကယ်ကျင်းကျေးရွာရှိ လူဦးရေ ၇၀၀ ဦးအတွက် သောက်သုံးရေ ၇၀၀ ဂါလံတို့အား လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment