Pages
Tuesday, May 28, 2019
အီးယူရွေးကောက်ပွဲရလဒ် ထုတ်ပြန်၊ အီးယူလိုလားသူများ အနိုင်ရသည့်နေ့ဟု ပြောခွင့်ရ ဆို
ဥရောပသမဂ္ဂ (အီးယူ) က ရွေးကောက်ပွဲရလဒ်တွေကို မေလ ၂၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ အီးယူကိုလိုလားတဲ့ အင်အားစုတွေ အနိုင်ရတဲ့နေ့လို့ အီးယူပြောခွင့်ရက ဆိုပါတယ်။ ကနဦး မဲရလဒ်တွေအရ အီးယူကိုလိုလားတဲ့ ပါတီတွေက အီးယူလွှတ်တော်အတွင်း ခိုင်ခိုင်မာမာ ခြေကုပ်ယူနိုင်ခဲ့တာပါ။ အီးယူကနေ ခွဲထွက်ရေး လိုလားတဲ့ ပါတီတွေ ပေါ်လာချိန်မှာ လစ်ဘရယ်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လိုလားတဲ့ ပါတီတွေက ဥရောပ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ လေးပုံတပုံထိ ပထမဆုံးအကြိမ် အနိုင်ရ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဥရောပကို ဖျက်ဆီးချင်တဲ့ လူကြိုက်များရေး ဝါဒီတွေဟာ ရွေးကောက်ပွဲ မနိုင်ခဲ့ဘူး၊ အီးယူကို လိုလားတဲ့သူတွေက နိုင်ခဲ့တယ်လို့ အီးယူကော်မရှင် ပြောခွင့်ရ အကြီးအကဲက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment