ထို့အပြင် ယင်းဆေးရုံ၌ဆန်း ကစ်အချိုရည်က စီစဉ်ပေးသည့် အမှတ်တရ မွေးနေ့ကိတ်ကို အ မာခံပရိသတ်များနှင့်အတူ လှီးခဲ့ ပြီး ဆေးရုံမှ ကလေးများအား မွေးနေ့အမှတ်တရ ကိတ်မုန့်များ ပေးခဲ့သည်။
မွေးနေ့မတိုင်မီ ရက်က လည်း ၎င်း၏ဖခင်က မွေးနေ့ကို ရည်ရွယ်၍ ပဲခူးမြို့ရှိ ဘုရား ကျောင်းတွင် မယ်တော်ဆင်းတု လှူဒါန်းခဲ့ကြောင်းနှင့် ရီမာ ကျောင်းတွင်လည်း Remax Myanmar နှင့်အတူ ကျောင်းသုံးစာ အုပ်များ လှူဒါန်းခဲ့ကြောင်း အေး ဝတ်ရည်သောင်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားထားသည်။ ပြီးခဲ့တဲ့ နှစ်များကလည်း အေးဝတ်ရည်သောင်းက ၎င်း၏ မွေးနေ့ကို အလှူအတန်းများပြု လုပ်၍ ဖြတ်သန်းလေ့ရှိပြီး ယခင် နှစ်များက မိဘမဲ့ကလေးကျောင်း များသို့ သွားရောက်လှူဒါန်းခဲ့ သည်။
No comments:
Post a Comment