‘‘လားရာတူ မောင်းနှင်လာ တဲ့ အမျိုးသမီးတစ်ဦး စီးလာတဲ့ ဆိုင်ကယ်နဲ့ အိမ်စီးကားက ချိတ် မိသွားတယ်။ အဲဒီနောက် အိမ်စီး ကားနဲ့ မျက်နှာချင်းဆိုင် မောင်း နှင်လာတဲ့ ခရီးသည်တင်အမြန် ယာဉ်နဲ့ အရှိန်မထိန်းနိုင်ကြဘဲ တိုက်မိတယ်’’ ဟု ၎င်းကပြော သည်။ ခရီးသည်တင်အမြန်ယာဉ် ပေါ်တွင် ခရီးသည်ဆယ်ဦးပါရှိ သည့်အနက် ခြောက်ဦးဒဏ်ရာ ရခဲ့သည်။
‘‘အိမ်စီးကားပေါ်မှာ အမျိုး သားလေးဦး ပါလာတယ်လို့ သိရ တယ်။ နှစ်ဦးကတော့ အခင်းဖြစ် ရာမှာတင် ဆုံးသွားတယ်။ ကျန် နှစ်ဦးကို ပြည်ဆေးရုံကြီးကို ပို့ရ တယ်။ ခရီးသည်တင်ယာဉ်ပေါ် မှာကလည်း ဒဏ်ရာရတဲ့ခရီး သည်နှစ်ဦးကို ပြည်ဆေးရုံကို ပို့ရ တယ်။ ခရီးသည်တွေထဲမှာလည်း အနည်း၊အများ ထိခိုက်ဒဏ်ရာရ သူတွေလည်း ရှိပါတယ်။ ဆိုင် ကယ်ပေါ်က အမျိုးသမီးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာမရဘူး လို့ သိရတယ်’’ ဟု ဦးမိုးကြီးက ပြောသည်။ ယာဉ်တိုက်မှုနှင့်ပတ်သက် ပြီး အသက် (၃၀) အရွယ် ဆိုင် ကယ်မောင်းသူ အမျိုးသမီး၊ (၅၄) နှစ်အရွယ် အိမ်စီးကား ယာဉ် မောင်းအမျိုးသားနှင့် အသက် (၃၉) နှစ်အရွယ် ခရီးသည်တင် ယာဉ်မောင်းတို့ကို ယာဉ်မဆင် မခြင်မောင်းနှင်ခြင်းကြောင့် လူ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိ သည့် ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က)/၃၃၇/၃၃၈ အရ အင်းမ နယ်မြေရဲစခန်းတွင် အမှုဖွင့် အ ရေးယူထားသည်။
No comments:
Post a Comment