မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် အ သက်(၄၈)နှစ်အရွယ်မစ္စတာချန် ဟိုင်သည် ယခုရက်ပိုင်းကစ၍ တာဝန်ထမ်းဆောင်နေပြီး မကြာ မီ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ သံအမတ်ကြီးခန့်အပ်လွှာ ပေး အပ်မည်ဖြစ်သည်။ သံအမတ်ကြီးချန်ဟိုင်သည် လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ စတင်တာဝန်ထမ်း ဆောင်နေပြီး သမ္မတဦးဝင်းမြင့် အဆင်ပြေသည့်အချိန်တွင် သံ အမတ်ခန့်အပ်လွှာ ပေးအပ်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံ ရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိုးဟန်က ပြောသည်။
အသစ်ရောက်လာသော တ ရုတ်သံအမတ်ကြီးနှင့် ပတ်သက် ၍ ‘‘အများအားဖြင့် ကိုရီးယား စကားကျွမ်းကျင်တယ်လို့ သိရ တယ်။ ကိုရီးယားဘာသာစကားကျွမ်းကျင်တယ်။ ကိုရီးယားမှာရှိ တဲ့သံရုံးမှာ နှစ်ကြိမ်လောက်တာ ၀န်ထမ်းဆောင်ဖူးတယ်’’ဟု ဦးစိုး ဟန်က ရှင်းပြသည်။
မစ္စတာချန်ဟိုင်သည်၁၉၉၅ တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၌စတင်အမှုထမ်းခဲ့ပြီး မြန် မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် ကြီးအဖြစ် တာဝန်မထမ်းဆောင် မီ တရုတ်နိုင်ငံခြားရေးဌာန၊ အာ ရှရေးရာဒုတိယညွှန်ကြားရေးမှူး ချုပ်အဖြစ် လေးနှစ်ကြာတာဝန် ထမ်းဆောင်ခဲ့ကြောင်း တရုတ်သံ ရုံးထုတ်ပြန်ချက်၌ ဖော်ပြသည်။
ကိုးရီးယားဘာသာစကား ကျွမ်းကျင်သူ မစ္စတာချန်ဟိုသည် တောင်ကိုးရီးယားရှိ တရုတ်သံရုံး တွင် နှစ်ကြိမ်တိုင်သွားရောက်တာ ၀န်ထမ်းဆောင်ခဲ့ပြီး တစ်ကြိမ် လျှင် ငါးနှစ်ခန့်ကြာမြင့်သည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ဟောင်း မစ္စတာဟုန် လျန်သည် ဦးသိန်းစိန်အစိုးရသက် တမ်းမကုန်ဆုံးမီ စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး လေးနှစ်ခန့်ကြာ မြင့်ကာ မေလကုန်တွင်တာဝန် ထမ်းဆောင်မှုပြီးဆုံးခဲ့သည်။
No comments:
Post a Comment