Myanmar Idol Season−4 တွင် ဒိုင်များအဖြစ် ၎င်းအပါအဝင် အောင်ကိုလတ်နှင့် တင်ဇာမော် တို့က ဆောင်ရွက်မည်ဖြစ်သည်။
‘‘မမော်(တင်ဇာမော်)လည်း ပါတယ်။ သူကိုယ်တိုင်က ရှေ့ Season နှစ်ခုမှာ သူလက်တွေ့ရှိ ထားပြီးပြီဆိုတော့ မမဆီကလည်း သင်ယူမယ်။ နောက် ဦးလတ်ဆို ရင်လည်း မဖြူတို့ငယ်ငယ်လေး ကတည်းက ကြော်ငြာတွေ ရိုက် ဖူးတယ်။ သီချင်းတွေ လုပ်ဖူး တယ်။ သူတို့ရဲ့အရည်အသွေးကို သိပြီးသားဖြစ်တယ်။ နောက် တစ်ခုက ဖြူဖြူတို့သုံးယောက်စ လုံးက Serious ဖြစ်ကြတယ်။ Serious ဖြစ်တဲ့ ဒိုင်တွေဘက်ကို သွားတယ်ဆိုတော့ ဖြူဖြူတို့ညှိ နှိုင်းပြီးတော့ အကောင်းဆုံးလုပ် သွားပေးမှာပါ’’ ဟု ၎င်းက ပြော သည်။
ဖြူဖြူကျော်သိန်းသည် အ ခြား သီချင်းဆိုပြိုင်ပွဲများတွင် ဒိုင်အဖြစ် ဆောင်ရွက်ဖူးသည့်အပြင် အမေရိကန် Idol နှင့် Myanmar Idol ၏အချို့ Season များကို လေ့လာနေသည်ဟု ဆိုသည်။
‘‘ကိုယ်လုပ်ဖူးတဲ့ ပြိုင်ပွဲတွေ မှာက သီချင်းဆိုတာကိုပဲ အသား ပေးပြီး ဆုံးဖြတ်ပေးရတာမျိုးရှိဖူး တယ်။ နောက်တစ်ခုက Reality Show ဆန်တဲ့ပွဲမျိုးကိုလည်း ကိုယ်လုပ်ဖူးတယ်ဆိုတော့ အခုစဉ်းစား မိသလောက်ဆိုရင် Myanmar Idol က သီချင်းဆိုတာအပြင် Reality Show ဆိုတာလေးလည်း ရှိတဲ့အတွက်ကြောင့် ဒီလိုမျိုး နှစ်ခု မျှတဲ့ ပုံစံမျိုးနဲ့ သွားမယ်လို့ထင်ပါ တယ်။ ဖြူဖြူတို့ဒိုင်တွေကိုယ်တိုင် ကိုက ဒီ Season ကျရင် ဘယ်လို အရည်အသွေး၊ ပညာတွေနဲ့ ထွက်လာကြမလဲဆိုတာကို အရမ်းစိတ် လှုပ်ရှားနေကြပြီ’’ဟု ၎င်းက ပြော သည်။ ပရိသတ်စိတ်ဝင်စားသည့် ၎င်း၏ဖက်ရှင်နှင့် ပတ်သက်ပြီး Myanmar Idol အစီအစဉ်သည် ဒိုင်ပြိုင်ပွဲမဟုတ်သဖြင့် ယှဉ်ပြိုင် မည့် ဝါသနာရှင်များ၏ အရည် အသွေးကသာ ပိုစိတ်ဝင်စားစရာ ကောင်းသောကြောင့် အာရုံစိုက် စေချင်ကြောင်း ဖြူဖြူကျော်သိန်း က ပြောသည်။ ‘‘ဖက်ရှင်ရှိုးမှမဟုတ်တာ။ ဖက်ရှင်ပိုင်းကိုလည်း ကြိုးစားပါ မယ်။ ဒါပေမဲ့ အာရုံစိုက်စေချင် တာက ဖြူဖြူတို့လည်း မမြင်ရ သေးတဲ့ ပြိုင်ပွဲဝင်လေးတွေပေါ့။ ဖြူဖြူတို့ဒိုင်တွေထက် လာပြိုင် ကြမယ့် ဝါသနာရှင်လေးတွေရဲ့ Talent၊ သူတို့ရဲ့အရည်အသွေး က ပိုပြီး စိတ်လှုပ်ရှားစရာ၊ စိတ် ဝင်စားစရာကောင်းတာပါ’’ဟု ဖြူ ဖြူကျော်သိန်းက ပြောသည်။
No comments:
Post a Comment