Monday, July 1, 2019

ဥသြငှက်အော်ရှေးကျောင်းတော်ကြီး နှစ်သက်တမ်း ၂၆၀ ပြည့်ပြီ

Image may contain: one or more people and people standingImage may contain: plant and outdoorနေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ နယ် အောင်းကုန်းကျေးရွာတွင် သက္ကရာဇ် ၁၁၂၁ ခု နှစ်တွင်တည်ဆောက်ခဲ့သော ဥသြငှက်အော်ရှေး ကျောင်းတော်ကြီးသည် ယခုအခါ နှစ်ပေါင်း ၂၆၀ ပြည့်မြောက်သွားပြီးဖြစ်ကြောင်း သိရှိရသည်။ ကျောင်း တော်ကြီးသည် တိုင်လုံး ၉၉ လုံးရှိကာ ထပ်ခိုး အခန်းများဖွဲ့ထားသည် ဘုံပြဿဒ်များ ထည့်သွင်း ထားပြီး သစ်တစ်လုံးထွင်း ပန်းကနုတ်များဖော်ထား သည့် မျက်နှာကြက်များတပ်ဆင်ထားသည်မှာ လွန် စွာမှ လက်ရာပြောင်မြောက်လှသည်ကိုတွေ့ရှိရ သည်။

မြန်မာနိုင်ငံသားများလိုက်ပါလာသည့် နှစ်ထပ်ကား မဲဆောက်မြို့ အ၀င်မှာ မီးလောင်

June 30   ဒီကနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ တောင်ပိုင်း နရ သီဝ ခရိုင် လူဝင်မှုကြီးကြပ်ရေးအချုပ်ကနေ ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့  ကို ပြန်ပို့ တဲ့ မြန်မာနိုင်ငံသား (ကျား ၅၃ မ ၁၁ကလေး၁ဦး) လိုက်ပါလာတဲ့ နှစ်ထပ်ကားဟာ နေ့လည် ၂နာရီကျော်အချိန် မဲဆောက်မြို့ အ၀င် အာရှ လမ်းမကြီး မိုဆယ်ဈေးအနီး မှာ မီးလောင်ခဲ့ကြောင်း သိရပါတယ်။ ကားပေါ်မှာ လိုက်ပါလာတဲ့  မြန်မာနိုင်ငံသားတွေဟာ ထိုင်းတောင်ပိုင်း လ၀က က ဖမ်မိခဲ့ပြီး နာရာသီဝ ခရိုင် လ၀က အချုပ်မှနေ ထိုင်းမြန်မာနယ်စပ်ကို ကားနှစ်စီး နဲ့  ဇွန်လ ၂၉ ရက်နေ့ ညပိုင်းက ပြန်ပို့ ခဲ့တာဖြစ်ပါတယိ. ကားပေါ်မှာ လိုက်ပါလူသူအားလုံး အသက်ဘေးကနေ လွတ်မြောက် ခဲ့ကြောင်း သိရပါတယ်။

သိန်းတစ်သောင်းခန့် တန်ဖိုးရှိ ရတနာတွေနဲ့ဖန်တီးထားတဲ့ သတို့သမီးဝတ်စုံ

Image may contain: one or more peopleImage may contain: 2 peopleမန္တလေးမြို့ ၊ “Shining Star” စိန်တိုက် ရဲ့ သတို့သမီးဝတ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံဟာ သိန်းတစ်သောင်းခန့် တန်ဖိုးရှိ ရတနာများဖြင့် ဖန်တီးခဲ့ဖြစ်ပြီး ဒီဝတ်စုံကိုတော့ ဒီဇိုင်နာ မင်းသက်စံ ဒီဇိုင်းရေးဆွဲ ချုပ်လုပ်ပေးခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။

ဆီလီကွန်မျက်နှာဖုံးတပ်ကာ ပြင်သစ်ကာကွယ်ရေးဝန်ကြီး ယောင်ဆောင်ပြီး ဒေါ်လာ သန်း ၉၀ လိမ်လည်သွား

ဆီလီကွန်မျက်နှာဖုံးတပ်ကာ ပြင် သစ်ကာကွယ်ရေးဝန်ကြီးယောင်ဆောင် ပြီး ဒေါ်လာ သန်း ၉၀ ခန့် လိမ်လည်သွား မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ လီဒရီ ယန်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်လည်း ဥ ရောပနှင့်နိုင်ငံခြားရေးရာဝန်ကြီးဖြစ် သည်။ ၎င်းသည် ပြင်သစ်အစိုးရအဖွဲ့တွင် အရေးပါအရာရောက်သူဖြစ်သော်လည်း မီဒီယာများတွင် ထင်ထင်ပေါ်ပေါ်နေလေ့ ရှိသူမဟုတ်ပေ။ ထို့ကြောင့်ပင် လူလိမ်က ၎င်းအဖြစ် အယောင်ဆောင်ရန် လုပ် လိုက်ခြင်းဖြစ်ပေလိမ့်မည်။

ဖေ့စ်ဘွတ်တွင် မိမိ၏၀ရမ်းကြေညာစာက Like ၂၉၀၀၀ ခန့်ရရှိသည့်အတွက် လာအဖမ်းခံခဲ့သည့် ၀ရမ်းပြေး

အမေရိကန်နိုင်ငံ ကွန်နက်တီကတ် ပြည်နယ်တွင် ပြီးခဲ့သည့်လက ၀ရမ်းပြေး တစ်ဦးသည် ၎င်း၏၀ရမ်းကြေညာစာအ တွက် ဖေ့စ်ဘွတ်၌ Like ၁၅၀၀၀ ကျော် ရရှိခဲ့ပါက လာရောက်အဖမ်းခံမည်ဟု ဆို ခဲ့ပြီးနောက် အချိန်အနည်းငယ်ကြာသွား သော်လည်း ကတိအတိုင်း လာရောက်အ ဖမ်းခံခဲ့ကြသည်ဟု သိရသည်။

နိုင်ငံခြားသားတွေ အကြံပေးလို့ တိုင်းပြည် ငြိမ်းချမ်းသွားမယ် ဆိုတာ ကျနော် မယုံကြည်ဘူး

မြန်မာ့ငြိမ်းချမ်းရေးသည် ရှေ့မတိုး နောက်မဆုတ် အခြေအနေသို့ ရောက်ရှိနေသည်နှင့်အတူ တဖက် တွင်လည်း ကရင် အမျိုးသား အစည်းအရုံး(KNU)သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး(PPCM)ကို ဖွဲ့စည်း၍ ရှေ့ဆက် နိုင်ရေး ကြိုးပမ်းရန် ပြင်ဆင်လျက်ရှိသည်။ ထိုသို့ PPCM ဖွဲ့စည်းရန် ကြိုးပမ်းရာတွင်လည်း KNU အတွင်း၌ သဘောထား ကွဲလွဲနေကြသလို ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌတို့၏ ဦးဆောင်မှု အနေအထားမှာ နောက်သို့ ရောက်သွားသည်ဟု သုံးသပ်ရမည် ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးက KNU ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို ဦးဆောင်လာခဲ့ သည်။

မူးယစ်ဆဲဆိုနေသဖြင့် ရိုက်နှက်ဖမ်းဆီးခြင်းခံရသူ ကိုအောင်ရဲဇော် ကွယ်လွန်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ စည်သာရပ်ကွက်ရှိ အရက်ဖြူဆိုင်တွင် မူးယစ်ဆဲဆိုနေခြင်းကြောင့် ပန်းတောင်းမြို့မစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့၏ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူ ကိုအောင်ရဲဇော်သည် ယနေ့ ဇွန် ၃၀ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သည်။ ရိုက်နှက်ခံရမှုကြောင့် ကိုအောင်ရဲဇော်သည် ဇွန် ၂၅ ရက်နေ့မှစတင်၍ သတိလစ်မေ့မြောနေခဲ့ပြီး ၅ ရက်အကြာတွင် ရန်ကုန်ပြည့်သူဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနတွင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

မူလတန်းကြိုကျောင်းများတွင် အသက်၃နှစ်မှ ၅နှစ်အထိသာ လက်ခံရန် ထုတ်ပြန်ပြီးဟု လူကယ်ပြန်ဝန်ကြီးဆို

မူလတန်းကြိုကျောင်းများတွင် အသက်၃နှစ်မှ ၅နှစ်အထိကိုသာ လက်ခံဆောင်ရွက်ရန်နှင့် ကျောင်းဖွင့်ခွင့်ပြုမိန့် မရရှိမီ ကာလအတွင်း ဖွင့်လှစ်ခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။

ဖျာပုံတွင် တတိယ​တန်း​ကျောင်းသူ အဓမ္မပြုကျင့်ခံရ

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံမြို့နယ်​၊ ကျုံကဒွန်း ​ကျေးရွာတွင် ၁၀ နှစ်​အရွယ်​ တတိယတန်း​ကျောင်းသူတစ်​ဦးဇွန်လ ၂၈ ရက်နေ့ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သတင်း ရသည်။ အဖေဖြစ်သူထံ ညောင်းတုန်းမြို့နယ်​၊ ကညင်​​ကောက်​​​​ကျေးရွာအုပ်​စု၊ရိုးကြီး​ကျေးရွာ​နေ မျိုးမင်း(ခ)​စောဒါဝီမှ လာရောက်တည်းခိုစဉ် သမီး ၂ ဦးအနက်မှ ၁၀ နှစ် အရွယ် တတိယတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ် ကြောင်း အဆိုပါကျေးရွာနေဒေသခံများထံမှသိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲအတွက် ကျပ်သန်း ၂၀၀၀ သုံးစွဲခဲ့ဟု ရန်ကုန်မြို့တော်ဝန်ပြော

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပခဲ့သည့် ၂၀၁၉ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်တင်မြှောက်ပွဲအတွက် ကျပ် သန်း (၂၀၀၀) သုံးစွဲခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲအတွက် ကျပ်သန်း ၂၀၀၀ သုံးစွဲခဲ့ဟု ရန်ကုန်မြို့တော်ဝန်ပြော
ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ၂၀၁၉ ခုနှစ်၊ မတ်လ (၃၁) ရက် က ကျင်းပခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ ကုန်ကျငွေအသုံးစရိတ်အား မည် သည့် ဘဏ္ဍာငွေမှ ထုတ်နှုတ်သုံးစွဲခဲ့ပြီး ငွေစုစုပေါင်း မည်မျှကုန်ကျသုံးစွဲခဲ့ကြောင်း မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ် သည်။

သေဒဏ်ကျ အကျဉ်းသားတွေကို ကွပ်မျက်ဖို့  သီရိလင်္ကာအစိုးရက ပါးကွက်သားနှစ်ဦး ခန့် အပ်လိုက်ပြီ

သီရိလင်္ကာအစိုးရဟာ သေဒဏ်ကျ အကျဉ်းသား လေးဦးကို ကွပ်မျက်ဖို့ အတွက် လက်မရွံ့ ပါးကွပ်သားနှစ်ဦးကို ရွေးချယ် ခန့် အပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ သေဒဏ်ကျသူတွေ ကွပ်မျက်မှုကို နှစ်ပေါင်း ၄၃ နှစ်အကြာမှာ ပထမဆုံး အကြိမ် ပြန်လည် ကျင့်သုံးတာလည်းဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှုတွေနဲ့ တရားစီရင်ခံခဲ့ရတဲ့ အကျဉ်းသားလေးဦးဟာ သေဒဏ် အပြစ်စီရင်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း သမ္မတက ကြေညာချက်ထုတ်ပြန်ခဲ့အပြီးမှာ အခုလို ပါးကွက်သား နှစ်ဦးကို ရွေးချယ်လိုက်တာပါ။

အရပ်သားအစိုးရ ပေါ်ပေါက်ရေး ဆူဒန်မှာ ဆန္ဒပြဆဲ

စစ်တပ်အုပ်ချုပ်နေတဲ့ ဆူဒန်နိုင်ငံမှာ တနင်္ဂနွေနေ့က ဆန္ဒပြသူ ၅ ဦး သေဆုံးခဲ့ရပြီး အများအပြားဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆူဒန် ဆရာဝန်များ အဖွဲ့က ပြောပါတယ်။ အာဏာရှင် Omar al-Bashir ကိုစစ်တပ်က ဖြုတ်ချခဲ့ပြီး ၃လ လောက် ကြာလာချိန်မှာ အရပ်ဖက်အစိုးရ ပေါ်ပေါက်ဖို့ ဆူဒန်နိုင်ငံတလွှား သိန်းနဲ့ချီပြီး တနင်္ဂနွေနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။ Omar al-Bashir လက်ကနေ အာဏာကို ရယူထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ အရပ်သားတွေ အုပ်ချုပ်နိုင်အောင် လမ်းဖွင့်ပေးဖို့ တောင်းဆိုရင်း ချီတက်ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။

ဥရောပ ယူ 21 ချန်ပီယံ ဖြစ်သွားတဲ့ စပိန် FT: စပိန် 2-1 ဂျာမဏီ

- စပိန်ဟာ မနှစ်က ဗိုလ်လုပွဲ ရှုံးကြွေးကို ပြန်ဆပ်ပြီး ယူ 21 ချန်ပီယံ ဖလားကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။
စပိန် လက်ရွေစင် အသင်းကြီးဟာ ဥရောပ ဖလား - 3 ကြိမ်
ယူ 21 အသင်းက ဥရောပ ဖလား - 5 ကြိမ်
ယူ 19 အသင်း က ဥရောပ ဖလား - 10 ကြိမ်
ယူ 17 အသင်းက ဥရောပ ဖလား - 9 ကြိမ်
အသီးသီး ဆွတ်ခူး ထားခဲ့ပြီ ဖြစ်ပါတယ်။

"မလေးမှာ လေထုညစ်ညမ်းလို့ပိတ်ထားတဲ့ကျောင်းများ ပြန်ဖွင့်ပြီး နာရီပိုင်းအကြာ နေမကောင်းမှုတွေရှိလာ"

မလေးရှားနိုင်ငံမှာ လေထုညစ်ညမ်းမှုအန္တရာယ်ကြောင့် ပိတ်ပင်ထားရန် ညွှန်ကြားခဲ့တဲ့ Pasir Gudang မြို့ရှိ စာသင်ကျောင်း ၁၁၁ ကျောင်းကို ပြန်ဖွင့်ခဲ့ပြီးနောက် နာရီပိုင်းမျှအကြာမှာ ကျောင်းသူကျောင်းသားများ အသက်ရှူရခက်ခဲမှုနဲ့ မအီမသာဖြစ်ကာ ပျို့အန်ချင်မှုများ ခံစားခဲ့ကြရတယ်လို့ သိရပါတယ်။ Kopok National School စာသင်ကျောင်းကို ပြန်ဖွင့်ခဲ့စဉ်အတွင်း ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမအချို့ဟာ ယနေ့မနက် ၈ နာရီခွဲမှာ မူးမေ့မလိုဖြစ်ခဲ့ကြောင်း Bernama သတင်းက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရ မိုင်းလားတွင် တွေ့ဆုံ

အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် ရှမ်းအရှေ့၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ရုံးစိုက်ရာ မိုင်းလားမြို့ပေါ်တွင် ဇွန် ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ဘက်တွေ့ဆုံရေး နေရာ ညှိနှိုင်း မရသဖြင့် ဆွေးနွေးပွဲ ကြန့်ကြာနေရာမှ NDAA နှစ် ၃၀ မြောက် ငြိမ်းချမ်းရေး အခမ်းအနား ခရီးစဉ်တွင် NDAA ၏ ကြားဝင်စေ့စပ်ပေးမှုမှတဆင့် နှစ်ဘက်တွေ့ဆုံဖြစ်ခဲ့ကြခြင်း ဖြစ်သည်။

"ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံသူတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ ထိပ်တိုက်တွေ့"

ဟောင်ကောင်မှာ ရဲတပ်ဖွဲ့ကို ထောက်ခံဆန္ဒပြသူတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကြား ဒေါသတကြီး ထိပ်တိုက်တွေ့မှုတွေ ယမန်နေ့ (ဇွန် ၃၀ ရက်) က ဖြစ်ပွားခဲ့ပါတယ်။ေ ဟာင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံဆန္ဒပြသူတွေက လူငယ်အများစုပါဝင်တဲ့ အစိုးရအတိုက်အခံ ဆန္ဒပြသူတွေကို မခံချိမခံသာဖြစ်အောင် အော်ဟစ်ပြောဆိုခဲ့ကြရာမှာ လွှတ်တော်အနီး နှစ်ဖက်ထိပ်တိုက်တွေ့မှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မှာ ယခုလအစောပိုင်းက လူဦးရေ စံချိန်တင်များပြားတဲ့ စုရုံးချီတက် ဆန္ဒပြပွဲနှစ်ခု ပေါ်ပေါက်ခဲ့ပြီး တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးနိုင်တဲ့ ဥပဒေမူကြမ်းကို ကန့်ကွက်ခဲ့ကြပါတယ်။

HIV ရောဂါကို ဆေးခြောက်ပင်နဲ့ ကုသနိုင်ကြောင်း ကူးစက်ခံထားရသူ အခိုင်အမာပြောဆို

HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာ နှစ် ၂၀ ကျော်ကြာပြီဖြစ်တဲ့ ထိုင်းနိုင်ငံက လူနာအမျိုးသမီးတစ်ဦးဟာ ဆေးခြောက်ပင်က ထွက်တဲ့ အဆီနဲ့ HIV ရောဂါကို သက်သာပျောက်ကင်းအောင် ကုသနိုင်တယ်လို့ လက်တွေ့စမ်းသပ်အပြီးမှာ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကြောင့် ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီး Piyasakol Sakolsatayadorn က အဆိုပါကိစ္စကို စမ်းသပ်စစ်ဆေးရန် သုတေသီတွေကို ညွှန်ကြားတာဝန်ပေးခဲ့ပါတယ်။

" ဆေးကျောင်းမလျှောက်ဘူး အင်ဂျင်နီယာပဲတက်မယ် " မစိုးရိမ်ပညာဒါနမှဘာသာစုံဂုဏ်ထူးရှင် မအိမ့်ကလျာခိုင်နှင့် တွေ့ဆုံခြင်း

သာမန်ကျောင်းသူတစ်ဦး ဘာသာစုံဂုဏ်ထူးရသည်မှာ မဆန်းသော်လည်း မအိမ့်ကလျာခိုင်မှာတော့ မိဘများ မပြေလည်သည့်ကြားမှ အထက -၁ နှင့် မစိုးရိမ်ပညာဒါနကျောင်းကို တက်ကာ ဘာသာစုံဂုဏ်ထူးကို ထူးချွန်စွာ ဆွတ်ခူးနိုင်သည့်အတွက် ထူးခြားသည်ဟု ဆိုချင်ပါသည်။ ထို့အတူ အဆင့်မြင့်ပညာကိုရွေးချယ်ရာတွင် အများနည်းတူ ဆေးကျောင်းတက်ရန်မဟုတ်ဘဲ ငယ်စဉ်ကတည်းက ရည်မှန်းခဲ့သော အင်ဂျင်နီယာဖြစ်ရန်သာ ရွေးချယ်မည်ဟုဆိုခဲ့သော မအိမ့်ကလျာခိုင်အား မုံရွာဂေဇက်မှ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။

တနိုင်တပိုင် ဆိုလာစွမ်းအင်

အစိုးရလျှပ်စစ်ဓါတ်အားလိုင်း လက်လှမ်းမမှီတဲ့ နေရာတွေမှာရှိတဲ့ နေအိမ်တွေ ဒါမှမဟုတ် အသေးစားစီးပွါးရေးလုပ်ငန်းတွေအတွက် လျှပ်စစ်မီးရဖို့ သုံးတဲ့ စံနစ်မျိုးပါ။ Off grid လို့လည်း ခေါ်ပါတယ်။ စီးပွါးရေးအရ တွက်ခြေကိုက်သလို သဘာဝဝန်းကျင်ကိုလည်း မထိခိုက်စေပဲ လျှပ်စစ်ထုတ်ယူတဲ့ နည်းဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အားကို နေရောင်ခြည်ကနေ ထုတ်ယူသုံးစွဲရာမှာ ပုံစံ ၂ မျိုးရှိတယ်လို့ ကိုယ်တိုင် တနိုင်တပိုင် ဆိုလာစွမ်းအင် တပ်ဆင်ပေးနေတဲ့ Go Green မြန်မာ ကုမ္ပဏီတည်ထောင် ထားတဲ့ အင်ဂျင်နီယာ ဦးမိုးဟိန်းကပြောပါတယ်။

နှစ် ၁၀ဝ ကျော် သက်တမ်းရှိ မီးရထားရုံးချုပ်ဟောင်းမှာ အောက်ခြေ ဖောင်ဒေးရှင်း သုံးပေသာ ရှိသဖြင့် လက်ရှိတွင် နံရံအခွံကို အောက်ခြေ၌ Pile Foundation ထည့်သွင်း လုပ်ဆောင်နေကြောင်းနှင့် အဆိုပါ လုပ်ဆောင်မှု ပြီးစီးပါက ရုံးချုပ်ဟောင်းမှ ဖြုတ်ထားသော အစိတ်အပိုင်းများ တစ်စစီ ပြန်လည် တပ်ဆင်မည်ဖြစ်ပြီး ထိုသို့ ပြန်လည် မွမ်းမံမှုအတွက် ခွင့်ပြုချက် အဆင့်ဆင့် တောင်းခံခဲ့ရ

မြန်မာ့မီးရထား ရုံးချုပ်ဟောင်းကို တစ်စစီ ဖြိုဖျက်ပြီး နံရံအခွံ အောက်ခြေတွင် Pile Foundation ထည့်သွင်းမှု လုပ်ဆောင်နေသည့် လုပ်ငန်းခွင်ကို ဇွန် ၃၀ ရက်က တွေ့ရစဉ်နွစ္ ၁၀ဝ ကျော် သက်တမ်းရှိ မီးရထား ရုံးချုပ်ဟောင်းမှာ အောက်ခြေဖောင်ဒေးရှင်း သုံးပေသာ ရှိသဖြင့် လက်ရှိ အခြေအနေတွင် Underfill Technology အသုံးပြု၍ နံရံအခွံအား အောက်ခြေ၌ Pile Foundation ထည့်သွင်းမှု လုပ်ဆောင်နေကြောင်းနှင့် အဆိုပါ လုပ်ဆောင်မှု ပြီးစီးပါက ရုံးချုပ်ဟောင်းမှ ဖြုတ်ထားသော အစိတ်အပိုင်းများကို တစ်စစီ ပြန်လည် တပ်ဆင်မည်ဖြစ်ပြီး ထိုသို့ ပြန်လည် မွမ်းမံမှုအတွက် ခွင့်ပြုချက် အဆင့်ဆင့် တောင်းခံခဲ့ရကြောင်းနှင့် ထိုသို့ လုပ်ဆောင်မှု အဆင့်ဆင့် ပြီးစီးပါက မူလ ရှေးဟောင်း အဆောက်အအုံအတိုင်း ပြန်လည် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို လုပ်ကိုင်ခွင့် ရရှိထားသည့် FMI ၏ လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက ပြောကြားသည်။

မကွေးတိုင်းအတွင်း အိမ်သုံးရေသန့်စက်များဖြင့် ဈေးကွက်သို့ ရေသန့်ဖြန့်နေသည့်စက်ရုံများကို နောက်ဆုံးအကြိမ် သတိပေး

မကွေးတိုင်းအတွင်း အိမ်သုံး ရေသန့်စက်များဖြင့် ဈေးကွက်သို့ ရေသန့်ဖြန့်နေသည့် စက်ရုံများရှိနေ၍ နောက်ဆုံးအကြိမ် သတိပေးမှုပြုလုပ်ထားကာ ဆက်လက်ပြုလုပ်နေပါက တရားစွဲဆိုသွားရန် စီစဉ်ထား ကြောင်း မကွေးတိုင်း FDA တာဝန်ခံ ဒေါက်တာပြည့်ထူးက ပြောကြားသည်။ ゞင်းက “ရေသန့်စက်က နှစ်မျိုးရှိတာပေါ့။ အိမ်သုံးနဲ့ ဈေးကွက်ကိုဖြန့်ဖို့ သုံးတဲ့ဟာပေါ့။ ကျွန်တော်တစ်ခုပြောချင်တာက အိမ်သုံးနဲ့ ဈေးကွက်ထဲဖြန့်ဖို့ ခွင့်မပြုထားပါဘူး။ အိမ်သုံးက တစ်အိမ်တည်း အသုံးပြုရမှာပါ။ အိမ်သုံးနဲ့ ဈေးကွက်ထဲကို ထုတ်လုပ်ဖြန့်ချိနေရင် အရေးယူပါမယ်။

ကုန်သွယ်ရေး စစ်ပွဲကြောင့် ပို့ကုန်မြင့်တက်ခဲ့သော ထိုင်ဝမ် စက်ဘီးကုမ္ပဏီများ

စက်သံတညံညံကြားမှ သီချင်းသံနှင့်အတူ ထိုင်ဝမ်၏ Giant စက်ဘီးစက်ရုံမှ စက်ဘီးများက ထိုင်ဝမ်ကို ကမ္ဘာတွင် စက်ဘီးအဓိက ထုတ်လုပ်သည့်နိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိရန် အားပေးနေသည်။ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ရန် ပို၍ကြိုးပမ်းလာသော ဥရောပစားသုံးသူများထံမှ လျှပ်စစ်စက်ဘီးများ ဝယ်လိုအားမြင့်တက်မှုက ထိုင်ဝမ်ကို အင်အားဖြစ်စေသည်။ အမေရိကန်နှင့် တရုတ်တို့ ကုန်သွယ်ရေးစစ်ပွဲကာလအတွင်း ထိုင်ဝမ်၏ စက်ဘီးတင်ပို့မှု ပို၍မြင့်တက်လာခဲ့သည်။

ကြွယ်ဝသူများအတွက် စွန့်စားပေးနေရသော ကမ္ဘောဒီးယား ဆောက်လုပ်ရေး အလုပ်သမားများ

ဇွန် ၂၅ ရက်တွင် သီဟာနုဗီးလ်မြို့၌ ဆောက် လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ကမ္ဘောဒီးယားအလုပ်သမားများကို တွေ့ရစဉ် (Photo: AFP)တစ်နေ့လျှင်  နေ့စားခခြောက် ဒေါ်လာ ရရှိသည့် ဆမ်ဆော့က သီဟာနုဗီးလ်မြို့မှ ゞင်း၏ ဆောက် လုပ်ရေးအလုပ်သမားဘဝသည် အန္တရာယ်များသည့်အကြောင်း သိထားနှင့်ပြီး ဖြစ်သည်။ ထိုစဉ် အလုပ်သမား ၂၈ ဦးသေဆုံးခဲ့ရသော အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆမ်ဆော့ကဲ့သို့ အလုပ်သမားများ၏ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ကြုံနေရသော အန္တရာယ်တို့မှာ ပိုမိုသိသာ ထင်ရှားလာခဲ့သည်။ 

တရုတ်မဟာတံတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်က အတိမ်းအစောင်းမခံဘဲ အငြင်းပွားဖွယ်ဖြစ်နေ

သဘာဝတရား၊ ကာလကြာမြင့်လာမှု၊ လျစ်လျူပြုခံရမှုနှင့် ခြေလှမ်းသန်းပေါင်းများစွာတို့က တရုတ် မဟာတံတိုင်းကြီးအား တစ်စတစ်စနှင့် အလွန်အမင်းပျက်စီးစေခဲ့သည်။ ထိုတံတိုင်းအား ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းမှာမူ အလွန်အမင်း လက်ဝင်နိုင်ပြီး အငြင်းပွားဖွယ်လည်း ကြုံနေရသည်။ ထိုတံတိုင်း၏ သက်တမ်းရင့်အပိုင်းတစ်ခုအား ဘိလပ်မြေသုံး၍ ပြုပြင်ခဲ့မှုကို လူထုက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီးနောက် အာဏာပိုင်များက အစဉ်အလာနည်းများ အသုံးပြုပြီး ပို၍စစ်မှန်သော ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သွားမည်ဟု အခိုင်အမာ ကတိပေးခဲ့သည်။ ယင်းအတွက်ကြောင့် ယခုအခါ  လားများ၏အကူ အညီဖြင့် အလုပ်ကြမ်းသမားများသည်  ပြန်လည်ဖော်ယူထားသော အုတ်ခဲများနှင့် သရွတ်များကို အသုံး ပြုနေကြရသည်။

ဇူလိုင်ကို ဘယ်လိုရင်ဆိုင်ကြမှာလဲ

ကျွန်တော့်အိမ်ရှေ့တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီက ဖွင့်လှစ်ထားသော ဈေးတစ်ခုရှိသည်။ ‘ဂ’ အဆင့် ဈေးကလေးဆိုပါစို့။ ထိုဈေးတွင် သား၊ ငါး၊ သစ်သီးဝလံနှင့် ကုန် ခြောက်ဆိုင်များရှိသည်။ေ ဈးနံဘေးတွင် ဈေးကိုအမှီ ပြုပြီး ရောင်းချသည့် ရေခဲဆိုင် တစ်ဆိုင်ရှိသည်။ ထိုရေခဲဆိုင် တွင် ဈေးအတွင်းသား၊ ငါးရောင်း ချသူများ ရေခဲဝယ်ယူကြသည်။ နေ့လယ်ပိုင်း ဈေးကွဲသွားသည် နှင့် သား၊ ငါးဈေးရောင်းချသူများ ရေခဲဆိုင်တွင် တန်းစီနေတတ်၏။ ရောင်း၍ မကုန်သေးသည့် သား၊ ငါးများကို ရေခဲရိုက်ထားပြီး ည နေပိုင်း ပြန်လည်ရောင်းချရန် ဖြစ် သည်။

ဖိလစ်ပိုင်ကနေ ပြန်ပို့လိုက်သည့် အမှိုက်များကို ကနေဒါက ပြန်လက်ခံ၊ နှစ်ဘက်အငြင်းပွားမှု အဆုံးသတ်

ဖိလစ်ပိုင်က အမှိုက်ကုန်သေတ္တာ ၆၉ လုံးကို ကုန်တင်သင်္ဘ࿿ောကြီးတစ်စင်းဖြင့် ကနေဒါသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် ယခုအခါ ယင်းအမှိုက်သယ် သင်္ဘ࿿ောကြီးသည် ဇွန်လ ၂၉ ရက်က ကနေဒါနိုင်ငံ ဗန်ကူးဗား မြို့စွန် ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ရောက်ခဲ့ပြီ ဖြစ်သည်။ ဖိလစ်ပိုင်တွင် နှစ်များစွာကြာ ရောက်ရှိနေခဲ့သည့် အမှိုက်သရိုက် တန်ချိန်များစွာတို့ကို ယခုအခါ မူလပိုင်ရှင်ဖြစ်သည့် ကနေဒါက ပြန်လည်လက်ခံတာဝန်ယူလိုက်ပြီ ဖြစ်၍ နှစ်ဘက်အကြား ကာလကြာ သံတမန်ရေး အငြင်းပွားမှု ပြေလည်အဆုံးသတ်သွားစေခဲ့ပြီ ဖြစ်သည်။

ကုန်သွယ်ရေးစစ် ယာယီရပ်စဲထားရေး အမေရိကန်နှင့် တရုတ် သဘောတူ

ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ G-20 ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ် ယာယီရပ်စဲဖို့ သဘောတူညီချက် ရခဲ့ကြပါတယ်။ ဇွန်လ ၂၉ ရက်က ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာတော့ လက်ရှိ နှစ်နိုင်ငံအကြား ဖြစ်နေတဲ့ ကုန်သွယ်ရေး ပဋိပက္ခတွေနဲ့ပတ်သက်လို့ ပြေလည်မှု ရရေး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ကားပါကင် နှင့် ရေ ပြဿနာ ဖြေရှင်းပေးရေး ရန်ကုန်ပြည်သူများ လိုလား

 ရန်ကုန်မြို့တွင်းတွင် ကားရပ်နားခြင်းနေရာ နှင့် ရေ ရရှိရေးအတွက် ဝန်ဆောင်မှုအမြန်ဆုံးပေးစေလိုကြောင်း သုတေသန စစ်တမ်း တစ်ခုအရ သိရသည်။ ရန်ကုန်မြို့တော် ပြည်သူရေးရာဝန်ဆောင်မှု လုပ်ငန်းများအပေါ် ပြည်သူ့သဘောထားအမြင် စစ်တမ်းသုတေသန စာတမ်းဖတ်ပွဲ ကို ဇွန်လ ၃၀ ရက်နေ့ က ရန်ကုန်မြို့ ရှိ Sedonar ဟိုတယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ ၊ ပညာရှင်များ ၊ အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ကင်မ်ဂျုံအန်းကို အိမ်ဖြူတော် လာလည်ဖို့ ဒေါ်နယ်ထရမ့် ဖိတ်ကြား

 အမေရိကန်ကို လာရောက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ဖိတ်ခေါ်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၃၀ ရက်မှာ ပြောကြားပါတယ်။ ゞင်း ခေါင်းဆောင်နှစ်ဦးကတော့ ယနေ့မှာပဲ ကိုရီးယားနှစ်နိုင်ငံအကြားက စစ်မဲ့ဇုန်မှာ တစ်နာရီကြာလောက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ယင်းတွေ့ဆုံမှုမှာ ထရမ့်က မြောက်ကိုရီးယား နယ်နမိတ်ထဲ သမိုင်းဝင် ဖြတ်ကျော် ခြေချဝင်ရောက်ခဲ့ပါသေးတယ်။

တပ်မတော်မှ စစ်တိုင်း ၅ တိုင်းတွင် အပစ်ရပ်ကာလ ၂ လ ထပ်မံတိုးမြှင့်

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်ဟု ဆိုကာ စစ်တိုင်း ၅ တိုင်းတွင် အပစ်ရပ်ကာလ ၂ လ တိုးမြှင့်ကြောင်း ကြေညာသည်။ တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ်၊ သြဂုတ် ၃၁ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ကြေညာချက်တွင် ဖော်ပြထားသည်။

တပ်မတော်ကဖမ်းဆီးခံထားရသူနောက်တစ်ဦး စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွှေထွန်းဖြူကျေးရွာက အသက် ၂၈ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်ဟာ တပ်မတော်ကဖမ်းဆီးပြီးနောက် စစ်ဆေးခံရတဲ့ ဒဏ်ရာတွေကြောင့် စစ်တွေဆေးရုံကြီးကို ဒီနေ့ ညနေ က အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။ သူဟာ ဇွန်လ ၁၉ ရက်နေ့က AA အဖွဲ့ဝင်လို့ စွပ်စွဲချက်နဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး ဇွန် လ ၂၄ ရက်နေ့မှာ ကျောက်တော်မြို့မရဲစခန်းကို တပ်မတော်က လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ကိုဇော်ဝင်းလှိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဇွန်လ ၂၅ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီးနောက် ကျောက်တော်ဆေးရုံမှာ အပြင်လူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

လိင်အကြမ်းဖက်ခံရသည့် ကလေးမှု စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သမ္မတရုံးပြောကြား

နေပြည်တော် Wisdom Hill မူကြိုကျောင်းက နှစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အမှု ကြန့်ကြာနေတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းကြောင်းတွေကြောင့်ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သူ့ရဲ့လူမှုကွန်ရက်ကနေ ဒီနေ့မနက်က အသိပေးထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ပြောင်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးမည်ကို တောင်သူများ စိုးရိမ်နေ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့အရှေ့တောင်ဘက် စစ်တောင်မြစ် တစ်ဖက်ကမ်းရှိ သရက်တောကျေးရွာအနီးတွင် စစ်တောင်းမြစ်ကမ်းပါးများ ပြိုကျလျက်ရှိရာ ဇေယျသိမ်နှင့် သရက်တောကျေးရွာချင်းဆက်လမ်း ပဲ့ကျသွားသည့်အပြင် ဘေးကပ်လျက်၌ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးမည်ကို ဒေသခံတောင်သူများ စိုးရိမ်မှုများရှိနေကြောင်း သိရှိရသည်။

တံတိုင်းဆောက်ရေး တရားရုံးတားမြစ်ချက် သမ္မတ Trump အယူခံဝင်မည်

မူးယစ် တိုက်ဖျက်ရေး ဆောင်ရွက်ချက် အနေနဲ့ အမေရိကန် တောင်ပိုင်း မက္ကဆီကိုနဲ့ နယ်စပ်မှာ ဒေါ်လာ ၂.၅ ဘီလျံ အသုံးပြုပြီး အစိုးရက တံတိုင်း တည်ဆောက်မယ့် အပေါ် တရားသူကြီး တဦးက တားမြစ်မိန့်ချလိုက်တာကို အယူခံဝင်မယ်လို့ သမ္မတ Donald Trump က စနေနေ့မှာ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ အယူခံဝင်ရေး ဆောင်ရွက်နေပြီ ဖြစ်ပြီး အယူခံ အနိုင်ရမယ်လို့ ထင်ကြောင်း သမ္မတ Trump က ဂျပန်နိုင်ငံ အိုဆာကာက G 20 ခေါင်းဆောင်များ အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

မလေးနဲ့ ထိုင်းမှာ မြန်မာနိုင်ငံသား ၄၀ ဖမ်းမိ

မလေးရှားနိုင်ငံအတွင်း တရားမ၀င် ရောက်နေတဲ့ မြန်မာနိုင်ငံသား ၂၀ ကို မလေးရှားလက်နက်ကိုင်တပ်ဖွဲ့တွေက ထိုင်း-မလေးရှားနယ်စပ် Bukit Kayu Hitam မြို့မှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။ စနေနေ့ည ၁၁ နာရီလောက်မှာ ဖမ်းမိလိုက်တဲ့ အသက် ၂၀ ကနေ ၃၀ အကြား အသီးသီးရှိကြတဲ့ အဲဒီ မြန်မာနိုင်ငံသားတွေဟာ ထိုင်း-မလေးနယ်စပ် ခြံစည်းကိုချိုးဖျက်ပြီး မကြာသေးခင်ကဘဲ ၀င်လာတယ်လို့ ယူဆရကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားနိုင်ငံ Irkutsk Oblast ပြည်နယ်တွင် ရေဘေးကြောင့် လူ ၅ ဦးသေဆုံး

ရုရှားနိုင်ငံ Irkutsk Oblast ပြည်နယ်တွင် ရေဘေးကြောင့် လူ ၅ ဦးသေဆုံးပြီး လူ ၂ ဦးပျောက်ဆုံးကာ  အခြားလူ ၃၅၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု  ရုရှား အရေးပေါ်အခြေအနေ ထိန်းချုပ်ရေး ၀န်ကြီးဌာန ၀န်ကြီး Yevgeny Zinichev က ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် သစ်တော ဟက်တာ ၁ သောင်းကျော် ပျက်စီး

ပူပြင်းသောရာသီဥတုကြောင့် စပိန်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများရှိ  Tarragona ၊ Toledo ၊ Ávila‎ စသည့်နေရာများတွင် ယခုကာလများအတွင်း တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စပိန်နိုင်ငံ မီးသတ်ဌာန၏ စာရင်းများအရ  ဇွန် ၃၀ ရက်အထိနေရာအနှံ့ တောမီးလောင်ကျွမ်းမှုများကြောင့် သစ်တော ဟက်တာ ၁ သောင်းကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားကို ခြေချတဲ့ အမေရိကန်သမ္မတ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ အစောင့်အကြပ်တင်းကျပ်ပြီး ထိန်းချုပ်မှုများတဲ့ တောင်မြောက် နှစ်နိုင်ငံ နယ်စပ်က စစ်မဲ့ဇုန်မှာ ဒီကနေ့ ထပ်မံ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံနှုတ်ဆက်မှု အပြီးမှာတော့ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားမြေထဲ ခြေချခဲ့တဲ့ အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။ေ ဝဖန်သူတွေကတော့ ဒီတွေ့ဆုံမှုဟာ နိုင်ငံရေး ကစားကွက်တစ်ခု အဖြစ်လို့သာ ထောက်ပြကြပေမဲ့ အနာဂါတ်တွေ့ဆုံ ဆွေးနွေးမှုရဲ့ လမ်းစဖြစ်နိုင်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် ငွေလှူတာကို သာသနာရေးက သွယ်ဝိုက်ဝေဖန်

ရန်ကုန်တိုင်းစစ်ဌာနချုပ်ကဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ကျပ်ငွေ သိန်း၃၀၀ လှူဒါန်းတာနဲ့ပက်သက်ပါတယ်။ မဘသ အမည်ပြောင်း အဖွဲ့ ကိုရန်ကုန်တိုင်းစစ်ဌာနချုပ်က ကျပ်ငွေ သိန်း၃၀၀ လှူဒါန်း တာနဲ့ ပက်သက်လို့ ဇွန်လ ၂၇ ရက်နေ့စွဲ နဲ့ သာသနာရေးက ထုတ်ပြန်ချက်ထုတ်ပြီး သွယ်ဝိုက်ဝေဖန် လိုက်ပါတယ် ။ အဲဒီထဲမှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က တရားမဝင်ဟု သတ်မှတ်ထားသော အဖွဲ့ဖြစ်ပြီး ဒီ အဖွဲ့ကို အဖွဲ့အစည်းကြီးတစ်ခုကငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ခြင်းဟာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း အများပြည်သူက ရှုမြင်ကြပါသည် လို့လည်းရေးသားပါတယ်။

အရာတော်မြို့နယ်၌ နေအိမ်အတွင်း ဓားဖြင့်ဝင်ရောက်ထိုးသဖြင့် လူ(၁)ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဘောင်းကျကျေးရွာနေ စိုးခိုင်(၂၇)နှစ်သည် ဇွန်လ ၂၈ ရက်နေ့ ည ၁၀ နာရီအချိန်တွင် နေအိမ်တွင် မရီးဖြစ်သူ ဒေါ်ယဉ်နု၊ တူမဖြစ်သူ မဝါလှိုင်၊ တူဖြစ်သူ နန်းလှိုင်တို့နှင့်အတူ တီဗွီကြည့်နေစဉ် ၎င်းတို့နှင့်အတူနေထိုင်သော ဖိုးခွား(၂၂)နှစ်မှာ လက်ဘက်ရည်ဆိုင်သို့သွားရာမှ တစ်ရွာတည်းနေ ရွှေအုပ်(၄၂)နှစ်နှင့် စကားများရန်ဖြစ်ကာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး တီဗွီကြည့်နေစဉ် ရွှေအုပ်မှ မကျေနပ်၍ နေအိမ်ခြံဝန်းအတွင်း ရောက်ရှိလာကာ ၎င်းတွင် အသင့်ပါလာသော ဓားမြှောင်ဖြင့် ဖိုးခွားအား ထိုး၍ ထွက်ပြေး သွားခဲ့သည်။  ဖိုးခွားတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် ရွှေအုပ် အား အရေးယူပေးပါရန် တိုင်တန်းချက်အရ အရာတော်မြို့မရဲစခန်း(ပ)၁၃၄/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

အရှိန်မထိန်းနိုင်သည့် လယ်ထွန်စက်မှ လမ်းဘေးကမ်းပါးရံအား ဝင်ရောက်တိုက်မိသဖြင့် လူ(၁)ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ အထက်မှန်ကင်းကျေးရွာအနီး မြေသားလမ်း ကုန်းဆင်းတွင် ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က လယ်ထွန်စက်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဟုမ္မလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။  မြင်သာကျေးရွာနေ နုလွင်(၄၀)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ စိုးနိုင်လင်း(၃၉)နှစ် လိုက်ပါလာသော လယ်ယာသုံး လယ်ထွန်စက်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကမ်းပါးရံအား ဝင်ရောက်တိုက်မိပြီး ရှေ့ဝဲဘက်ဘီးကျွတ်ကာ တိမ်းမှောက်ခဲ့သော ကြောင့် နုလွင်မှာ လယ်ထွန်စက်ပိမိ၍ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့သဖြင့် ဟုမ္မလင်းမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

ကျူးကျော်တွေနေဖို့ တန်ဖိုးနည်းတိုက်ခန်းတွေဆောက်မယ်လို့ ရန်ကုန်ဝန်ကြီးချုပ်ပြော

စက်မှုဇုန်ကြားတွေနဲ့လမ်းဘေးတွေမှာနေထိုင်ကျတဲ့ကျူးကျော်တွေအတွက် ကျပ်သိန်းတစ်ရာကျော်တန် တန်ဖိုးနည်းတိုက်ခန်းတွေဆောက်လုပ်ဖို့စီစဉ်နေတယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။ စက်မှုဇုန်တွေရှိတဲ့မြို့နယ်တွေမှာကျူးကျော်နေထိုင်သူတွေနဲ့အစိုးရဝန်ထမ်းတွေအတွက် လှိုင်သာယာ ရွှေပြည်သာနဲ့ဒဂုံလေးမြို့နယ်မှာ တန်းဖိုးနည်းတိုက်ခန်းတွေကို ဒီမိုးအကုန် မှာဆောက်လုပ် ဖို့လျာထား တယ်လို့ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဇွန် ၂၉ရက်နေ့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြော ဆိုခဲ့ပါတယ်။

VOA မြန်မာပိုင်းရဲ့ မိုဘိုင်း Application မြန်မာနိုင်ငံမှာ စတင် ဖြန့်ချိ

သောတရှင်တွေအနေနဲ့ VOA မြန်မာပိုင်းက ထုတ်လွှင့်ပေးနေတဲ့ နေ့စဉ် ရေဒီယိုနဲ့ တီဗွီအစီအစဉ်တွေအားလုံးကို ကိုယ့်ရဲ့ မိုဘိုင်းဖုန်းပေါ်ကနေ အလွယ်တကူ လျင်မြန်စွာ ကြည့်ရှုနိုင်ဖို့ VOA Mobile Application ကို ဒီကနေ့ဘဲ တရားဝင် စတင်မိတ်ဆက်လိုက်ပါပြီ။ ဒီအကြောင်း ရန်ကုန်မြို့ Junction Square မှာ ကျင်းပတဲ့ ဒီအခမ်းအနားကနေ ၀ိုင်းတော်သူ မအေးသန္တာကျော်က သတင်း ပေးပို့ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ချီတက် တောင်းဆို

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ချီတက် တောင်းဆို (ဓါတ်ပုံ ခရက်ဒစ်- အောင်ဇော်ထွေး)မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်က လွတ်မြောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ဖို့ နဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူတွေ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး လူထုလှုပ်ရှားမှုကနေ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး ချီတက်လမ်းလျှောက်ပွဲကနေ ဦးဆောင်လှုပ်ရှားသူတွေက နိုးဆော်လိုက်ကြတာပါ။ ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန် စုစည်းတင်ပြထားပါတယ်။

မိုင်းလား နှစ် ၃၀ ပြည့် အခမ်းအနားကို ဒေါ်စု သ၀ဏ်လွှာပေးပို့

မိုင်းလား နှစ် ၃၀ ပြည့် အခမ်းအနား (Photo - U Hla Maung Shwe )ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ၄ မိုင်းလားမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ပြည့်အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ပေးပို့တဲ့ သ၀ဏ်လွှာမှာ အပစ်ရပ်စာချုပ် NCA ကိုလက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နဲ့အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အထူးဒေသ ၄ မိုင်းလားဒေသရဲ့ ခေါင်းဆောင် ဦးစိုင်းလင်းကလည်း ဒီအခမ်းအနား အဖွင့်မိန့်ခွန်းမှာ NCA
သဘောတူညီချက်နဲ့အညီ နိုင်ငံရေးဆွေးနွေးပွဲကတစ်ဆင့် ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းသွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကျောက်တော်မြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦး နုတ်ထွက်စာတင်

ရခိုင်ပြည်နယ်ထဲက မြို့နယ်အတော်များများမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတွေ ထဲကိုလည်း တပ်မတော်နဲ့ AA တို့ ဝင်ထွက်သွားလာလှုပ်ရှားတာမျိုးတွေရှိနေကြပါတယ်။ တပ်မတော်ဘက်ကလည်း ကျေးရွာတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေရှိနေလို့ ဝင်ရောက်စစ်ဆေးတာတွေရှိသလို AA ဘက်ကလည်း တပ်မတော်ကို သတင်းပေးတိုင်ကြားသူတွေကိုလည်း လုပ်ကြံသတ်ဖြတ်တာ မျိုးတွေရှိခဲ့ပါတယ်။

ရသေ့တောင်မှာတိုက်ပွဲဖြစ်ပြီး ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်းက ကျောက်တန်းနဲ့ လိုင်ဂွင်ကြားက တံတားအနီးမှာ မနေ့ညနေပိုင်းက မိုင်းပေါက်ကွဲသံတွေနဲ့အတူ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံကြားရတာကြောင့် အဲဒီအနီးနားဝန်းကျင် ရွာ ၄ ရွာက ရွာသူရွာသားတွေဟာ ကြောက်လန့်ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးကရွာတွေဖြစ်တဲ့  ကျောက်တန်း၊ လမုံးတိုင်၊ လိုင်ဂွင်၊ အောင်သာစည် စတဲ့ ရွာက ဒေသခံတွေဟာ သမီးလှကျေးရွာနဲ့ ဆောက်ခပ်၊ ထီးစွဲ၊ သောင်းဒရားစတဲ့ တိုက်ပွဲမဖြစ်တဲ့ ရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကျောက်တန်းရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်သောင်းချေက အခုလို ပြောပါတယ်။

ရခိုင်ပဋိပက္ခကြောင့် ကလေးငယ်တွေ ပညာရေးထိခိုက်

မြန်မာစစ်တပ်နဲ့AAရခိုင်လက်နက်ကိုင်အဖွဲ့တို့စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသက စစ်ရှောင်စခန်းနဲ့ စစ်ရေးပဋိပက္ခဒေသက သောင်းနဲ့ချီတဲ့ကလေးတွေ ပညာသင်ကြားရေးမှာ အခက်ခဲတွေရှိနေတယ်လို့ ရခိုင်လူမှုအဖွဲ့ အစည်း တာဝန်ရှိသူတွေကပြောပါတယ်။ ဒေသအတွင်းလုံခြုံရေးအခြေအနေကြောင့် ဆရာဆရာမနည်းပါးမှု စစ်ရှောင်စခန်း တွေမှာလဲ စာသင်ခန်း မလုံလောက်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ ပြည်နယ်အစိုးရအနေနဲ့လည်း ကတိအတိုင်း ကူညီ ဆောင်ရွက်မှုတွေမတွေ့ရှိသေးဘူးလို့လဲ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

ကချင်နဲ့ ရှမ်းမှာ အပစ်ရပ်သက်တမ်း ၂ လထပ်တိုး

မြန်မာနိုင်ငံ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်တွင်းက စစ်တိုင်းဌာနချုပ် ၅ ခုမှာ နောက်ထပ် ၂ လ ကြာ အပစ်အခတ်ရပ်စဲသွားမယ်လို့ မြန်မာ့တပ်မတော်က ဒီကနေ့ ကြေညာလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန် လိုက်တဲ့ကြေညာချက်မှာတော့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၂ လ တိုးမြှင့်ပြီး လာမယ့် သြဂုတ်လ ၃၁ ရက်နေ့အထိ ရပ်စဲ လိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်နှင့် သဘောတူညီချက်ရရှိရန် များစွာဖြတ်ကျော်ရဦးမည်ဟု တရုတ် သတိပေး

 ဇွန် ၂၇ ရက်က ဂျီ ၂၀ ထိပ်သီးသို့ တက်ရောက်ရန် အိုဆာကာကို ရောက်ရှိလာသည့် တရုတ်သမ္မတ ရှီကျင်ပင်းတရုတ္နွင့္ အမေရိကန်တို့သည် ゞင်းတို့၏ခါးသီးသော ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ခု မရသေးမီ ရှည်လျားသောလမ်းကို ဖြတ်ကျော်ရ ဦးမည်ဖြစ်ပြီး ရှေ့တွင်လည်း ထိပ်တိုက်ပဋိပက္ခများစွာ ကြုံရဦးမည်ဖြစ်သည်ဟု တရုတ်အစိုးရမီဒီယာ၌ ဖော်ပြခဲ့သည်။ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံသည် သွင်းကုန်များအပေါ် ပြင်းထန်သော အခွန်များ အပြန်အလှန် တိုးမြှင့်စည်းကြပ်ရင်း ခါးသီးသည့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေကြခြင်းဖြစ်သည်။

သီရိလင်္က࿿ာ၌ သေဒဏ် ပြန်ကျင့်သုံးရန် ကြိုးပမ်းမှုမှာ တရားရေးစိန်ခေါ်မှုနှင့် ကြုံနေရ

၄၃ နှစ်ကြာ ရပ်နားထားခဲ့သော သေဒဏ်ကို ပြန်လည်အသက်သွင်းပြီး မူးယစ်ဆေးဝါးမှု ကျူးလွန်သူများကို စတင်ကွပ်မျက်ရန် သီရိလင်္က࿿ာသမ္မတ၏ ကြိုးပမ်းမှုသည် တရားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု အစိုးရအရာရှိများက ဇွန် ၃၀ ရက် တွင် ပြောကြားခဲ့သည်။ေ သဒဏ်ပေးခြင်းကို ပြန်စရန် သမ္မတမေသရီပါလာသီရိသေနာ၏ မည်သည့် ကြိုးပမ်းမှုကိုမဆို ပိတ်ပင်တားမြစ်ရေးအတွက် ဇွန် ၂၈ ရက်က အယူခံတရားရုံးသို့ အယူခံနှစ်စောင် တင်သွင်းထားကြောင်း သိရသည်။ သီရိလင်္က࿿ာနိုင်ငံတွင် ၁၉၇၆ ခုနှစ် ဇွန်လကတည်းက သေဒဏ်ပေးခြင်းကို မလုပ်ဆောင်တော့ခြင်းဖြစ်သည်။ “လာမယ့်သီတင်းပတ်ကျရင် အယူခံတရားရုံးမှာ ကနဦးကြားနာမှု တစ်ခုလုပ်လိမ့်မယ်” ဟု တရားရုံးတာဝန်ရှိ သူတစ်ဦးက ပြောခဲ့သည်။

နေပြည်တော်တွင် မိန်းကလေးငယ်တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲများက “အမှုမပေါ်ပေါ်အောင်ဖော်ပါ” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို နှုတ်ဖြင့် မှာကြားထားဟုသိရ

နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်း တစ်ခုတွင် ဖြစ်ပွားခဲ့သည့် မိန်းကလေးငယ် တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲများက “အမှုမပေါ်ပေါ်အောင်ဖော်ပါ”ဟု ပြည်ထဲရေးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို နှုတ်ဖြင့် မှာကြားထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ゞင်း၏ Facebook တွင် ဇွန် ၃၀ ရက်က အသိပေး ထုတ်ဖော် ရေးသားခဲ့သည်။ Justice For Victoria ခေါင်းစဉ်ဖြင့် Myanmar President Office နှင့် Myanmar State Counsellor Office တို့၏ Message Box နှင့် Comment များတွင် ပေးပို့လာသည့် တောင်းဆိုချက်များစွာကို ကောင်းစွာ လက်ခံရရှိကြောင်း ဦးဇော်ဌေးက ရေးသားထားသည်။

ဘင်္ဂ္လားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ပြောင်းလဲနိုင်

 လေဖိအားနည်းရပ်ဝန်း လမ်းကြောင်းပြမြေပုံကို တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)ဘင်္ဂ္လားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ် ပေါ်နေပြီး  ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။“လေဖိအားနည်းရပ်ဝန်းက တစ်ရက်နှစ်ရက်နေရင် အိန္ဒိယအတွင်း ဝင်သွားမယ့် အခြေအနေရှိတယ်။ လက်ရှိကတော့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဖြစ် ရောက်နိုင်တယ်။ သင်္ချ࿿ာမော်ဒယ် တွက်ထုတ်ချက်အရတော့ မုန်တိုင်းငယ်အနေနဲ့ ကမ်းကိုဖြတ်သွားနိုင်တယ်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

Sunday, June 30, 2019

၂၀၁၉ ခုနှစ် မေလတွင် စားသုံးသူဈေးဆနှုန်း CPI ၁၅၃ ဒသမ ၆၆ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်တက်

၂၀၁၉ ခုနှစ် မေလတွင် စားသုံးသူဈေးဆနှုန်း CPI ၁၅၃ ဒသမ ၆၆ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၉ ခုနှစ် မေလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၆၈ ဒသမ ၇၇၊ အစား အစာမဟုတ်သောအုပ်စုအတွက် ၁၃၂ ဒသမ ၃၉ နှင့် အုပ်စုအားလုံးအတွက် ၁၅၃ ဒသမ ၆၆ ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယတွင် တံတိုင်းပြိုကျသဖြင့် ၁၅ ဦး သေဆုံး

Image may contain: one or more people, plant and outdoorအိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ် ပူနစ်မြို့မှာ ဇွန်လ ၂၉ ရက်နေ့က ပေ ၆၀ ရှည်တဲ့ အုတ်တံတိုင်း ပြိုကျခဲ့တာကြောင့် ကလေး ၄ ယောက် အပါအ၀င် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ လူ ၂ ယောက်၊ ၃ ယောက်လောက် ပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေး လုပ်နေပြီး ဒဏ်ရာရသူ အရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။ မိုးဆက်တိုက်ရွာပြိးနောက် ခေါင်ဒ၀ါရပ်ကွက်အနီးက တံတိုင်းဟာ အနီး တဲစုရပ်ကွက်ပေါ် ပြိုကျခဲ့တာဖြစ်ပါတယ်။ အဲဒီတဲစု ရပ်ကွက်ဟာ အနီး ဆောက်လုပ်ငန်းခွင်မှာ လုပ်ကြတဲ့ အလုပ်သမားတွေအတွက် ဆောက်ထားတာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ပူနစ်မြို့ ရဲမင်းကြီးက စုံစမ်းစစ်ဆေးတာတွေ လုပ်နေပြိး တံတိုင်းပြိုကျမှုအတွက် တာဝန်ရှိသူကို အရေးယူသွားမယ်လို့ ပြောပါတယ်။

နယ်စပ်တရားမဝင် ကုန်စည်ဖမ်းဆီးရေးကို ထိထိရောက်ရောက်မလုပ်နိုင်သေးဟု ဒုသမ္မ္မတပြော

တိုင်းနှင့် ပြည်နယ်များတွင် အထူးအဖွဲ့များဖြင့် နယ်စပ်ဒေသများမှ ဝင်ရောက်လာသော တရားမဝင် ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူဆောင်ရွက် နေသော်လည်း လက်ရှိတွင် ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း နိုင်ငံတော် ဒုတိယ သမ္မ္မတ ၁ ဦးမြင့်ဆွေကပြောသည်။ ယခုလ ၂၉ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ၂၈ ကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်က ရွှေတွေ အိန္ဒိယကို မှောင်ခိုပို့နေ

မြန်မာနိုင်ငံဘက်က အိန္ဒိယနိုင်ငံကို အရင်က လက်နက်တင်ပို့တဲ့ လမ်းကြောင်းဟာ အခုအချိန်မှာ ရွှေများ တရားမ၀င်ခိုးဝင်နေတဲ့ လမ်းကြောင်းဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ အင်ဖါးအကောက်ခွန်ဌာနက အရာရှိတစ်ဦးပြောပြချက်ကို ကိုးကားပြီး The Economic Times သတင်းစာမှာ ဖော်ပြပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ထုတ်ပြန်ချက်

Myanmar President Office နဲ့ Myanmar State Counsellor Office တို့ရဲ့ Message Box နဲ့ Comment များမှာ ပေးပို့လာတဲ့ တောင်းဆိုချက်များစွာကို ကောင်းစွာ လက်ခံရရှိပါတယ်။ ဒီဖြစ်စဉ် ဖြစ်ပွားတာကို စတင်သိရှိရကတည်းက နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို “ဒီအမှု မပေါ် ပေါ်အောင် ဖော်ပါ” လို့ နှုတ်နဲ့ မှာကြားထားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတွင် အရွယ်ရောက်ပြီး အမျိုးသမီး၎ပုံ ၁ပုံ ကွမ်းစား၊အရွယ်ရောက်အမျိုးသမီး ၁၀ပုံ ၁ပုံ နီးပါးခန့် ဆေးလိပ်သောက်ကြကြောင်းစစ်တမ်းတစ်ရပ်ဖော်ပြ

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး အမျိုးသား၊အမျိုးသမီးများ၏ ဆေးလိပ်သောက်မှု၊ကွမ်းစားမှုပမာဏများမှာ မြင့်တက်လျှက်ရှိပြီး အရွယ်ရောက်ပြီး အမျိုးသမီး ၄ပုံပုံ ၁ပုံ မှာ ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံး သူများ ဖြစ်နေကြကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားချက်များအရ သိရသည်။

ဒေါ်လာဈေး ကျဆင်းလာသော်လည်း ကမ္ဘာ့ရေနံဈေး နှစ်ပတ်ကျော်အတွင်း ၁၄ ရာခိုင်နှုန်း ပြန်တက်လာခြင်းကြောင့် ပြည်တွင်း စက်သုံးဆီဈေး ရှစ်ရက်အတွင်း နှစ်ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်

ဇွန်လကုန်ပိုင်းတွင် ဒေါ်လာဈေး ကျဆင်းလာသော်လည်း ကမ္ဘာ့ရေနံဈေး နှစ်ပတ်ကျော်အတွင်း ၁၄ ရာခိုင်နှုန်းပြန်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးများ ရှစ်ရက်အတွင်း နှစ်ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။ ကမ္ဘာ့ရေနံဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာ ဝန်းကျင်အထိမြင့်တက်ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာ ဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့သည်။ ထို့နောက် ဇွန်လ လယ်မှစတင်ကာ ကမ္ဘာ့ရေနံဈေးပြန်လည် မြင့်တက်လာပြီး ဇွန် ၂၉ ရက်တွင် တစ်စည် ၅၈ ဒေါ်လာအထိ ရောက်ရှိခဲ့ကာ နှစ်ပတ်ကျော်အတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

စွန့်ပစ်ဂိုထောင်တွင် ငါးရက်တာ အစာနဲ့​ရေ မရပဲ ပိတ်လှောင်ထားသည့် မြန်​မာနိုင်​ငံသား (၂၀)အား ထိုင်းအာဏာပိုင်များက ကယ်တင်ပေးခဲ့

Image may contain: 2 people, people sittingထိုင်း-မလေးနယ်စပ် စုန်​ခလာခရိုင် စဒေါင်မြို့နယ် ပါဒန်ဘေဆာရပ်ကွက်က လူမနေ စွန့်ပစ် ဂိုထောင် တစ်လုံးအတွင်းမှာ (၅) ရက်တာ ပိတ်လှောင်ထားခံရတဲ့ မြန်မာနိုင်ငံသား ၂၀ဦး ကို ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့​တွေနဲ့  နယ်မြေရဲတွေက ကယ်တင်ခဲ့​ကြောင်း သိရပါတယ်။ အပြင်ကနေ သံကြိုးခတ်ပိတ်ထားတဲ့ ဂိုတောင် အဟောင်းအတွင်းက ကလေးငိုသံတွေနဲ့  အမျိုးသမီးတွေရဲ့  အော်သံတွေကို အနီးက ရွာသာဒးတွေက ကြားခဲ့လို အခုလိုသက်ဆိုင်ရာကို အသိပေး အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အလေ့ကျပေါက်သောမှိုများခူးစားမိ၍ တောင်ကြီးမြို့ သိက္ခာမြန်မာသင်တန်းမှ ကျောင်းသား၈ဦး အစာအဆိပ်သင့်

No photo description available.တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ခွာညိုလမ်းသွယ်၊အမှတ်(ရပ/၁၁၄)ရှိသိက္ခာမြန်မာအင်္ဂလိပ်စာသင်တန်းမှသင်တန်းသားသူ(၈)ဦးတို့သည်အလေ့ကျပေါက်နေသောမှိုများကိုခူးယူစားသုံးရာမှအစာအဆိပ်သင့်ဖျားနာပြီးစဝ်စံထွန်းပြည့်သူ့ဆေးရုံကြီးဖျားနာဆောင်အခန်းအမှတ်( ၅ )(၈)နှင့်(၉)တို့တွင်ဇွန်လ၂၉ရက်‌နေ့က‌ဆေးကုသမှုခံယူနေရသည်။ သင်တန်းသားများသည် တောင်ကြီးမြို့ နယ်၊ထီဖောင်းကျေးရွာအုပ်စု၊ ကျောင်းခမ်းကျေးရွာ၌ အ‌လေ့ကျပေါက်လေ့ရှိသော မှို များအားခူးယူ၍ စား သောက်ခဲ့ကြခြင်းဖြစ်သည်။ အစာအဆိပ်သင့်သူများမှာ ဇင်ညီညီဇော်၊ (၂၇)နှစ်၊ ကောင်းမြတ်မိုး(၁၉နှစ်) သောင်းအာလေဘော်၊ (၁၇)နှစ်ထူးမြတ်ထင်း၊ (၂၂)နှစ်၊မယမင်းထက်၊ ၂၃ နှစ်၊အိုက်မွန်၊ (၁၉)နှစ်၊ ကျော်သီဟ(၂၂)ရဲခေါင်ဗထူး၊ (၂၃ နှစ်)တို့ ဖြစ်သည်

မြန်မာ - အိန္ဒိယနယ်စပ်ထွက် ခမ်းပတ် နာနတ်သီးများ အထွက်နှုန်းနည်းသော်လည်း၊ ဈေးကောင်းရသည့်အတွက် နာနတ်စိုက်တောင်သူများ အဆင်ပြေနေ

 မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်း တိုင်းဒေသကြီး တမူးခရိုင် ခမ်းပတ်ဒေသထွက် နာနတ်သီးများ မှာ ရာသီဥတုပျက်ယွင်းမှုကြောင့် အထွက်နှုန်းနည်းပါးသော်လည်း ဝယ်ယူမှု များပြား နေသည့်အတွက် ဈေးကောင်းရ အမြတ်ကျန်လျက် ရှိကြောင်း သိရသည်။ ခမ်းပတ်နာနတ်မှာ အိန္ဒိယနိုင်ငံစိုက်ပျိုးရေးပညာရှင်များ၏ နည်းပညာဖြင့် စိုက်ပျိုးခဲ့သော မဏိပူရနာနတ်မျိုးရင်းဖြစ်ပြီး ယခင် ကာလများ က အိန္ဒိယနိုင်ငံမဏိပူ ရကသည်း ပြည်နယ်သို့လည်း ကောင်း၊ မီဇိုရမ်ဘက်သို့လည်း ကောင်း တင်ပို့ရောင်းချမှုများရှိခဲ့ ပြီး ယခုလမ်းပန်းဆက်သွယ်ရေး များ ကောင်းမွန်လာသည့်အခါ မုံရွာ၊ မန္တလေးဈေးကွက်များမှတစ် ဆင့် တရုတ်နယ်စပ်အထိတင်ပို့ ရောင်းချနေကြသည်။

မတူပီမြို့ပြင်တွင် ခရိုင်ရုံးဆောက်မည့်ကိစ္စ ချင်းတိုင်းရင်းသားအချို့ ရန်ကုန်သို့ လာရောက် ဆန္ဒထုတ်ဖော်

Image may contain: 10 people, people standing and outdoorမတူပီမြို့နှင့် ရှစ်မိုင်ခန့်ဝေးသောနေရာတွင် ခရိုင်ရုံးတည်ဆောက်မည့် ကိစ္စကို ချင်းပြည်နယ်အတွင်း သုံးကြိမ် ဆန္ဒထုတ်ဖော်ခဲ့သော်လည်း မထူး ခြားသဖြင့် ရန်ကုန်မြို့၌ လာ ရောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ဇွန် ၂၈ ရက် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ချင်းတိုင်းရင်းသား ၁ဝဝ ခန့်က တရား ဝင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ”ကျွန်တော် တို့မြို့ထဲမှာ နေ ရာရှိနေရဲ့သားနဲ့ မြို့ကနေ ရှစ်မိုင် လောက်ဝေးတဲ့နေရာမှာ ခရိုင်ရုံးဖွင့်ဖို့လုပ်တာကြောင့် ကန့်ကွက်ခဲ့ ပါတယ်။ မတူပီမှာ သုံးကြိမ်ဆန္ဒပြ ခဲ့ပေမယ့် ဘာမှမထူးခြားလို့ နိုင်ငံ တော်အစိုးရသိအောင် သတင်းမီ ဒီယာတွေအများကြီးရှိတဲ့ ရန်ကုန် ထိဆန္ဒလာပြတာပါ ”ဟု ဆန္ဒပြ ပွဲဦးဆောင်သူ ဦးဒုဆန်ကပြောသည်။

အိန္ဒိယတွင် မုဒိမ်းကျင့်မှုကို ငြင်းဆန်သည့် အမျိုးသမီးနှစ်ဦးအား ကတုံးရိတ်ပစ်သူများကို ဖမ်းဆီး

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် မုဒိမ်းကျင့်မှုကို ခုခံငြင်းဆန်ခဲ့သည့် အမျိုးသမီးနှစ်ဦးအား ကတုံးရိတ်ပစ်ခဲ့သော အုပ်စုထဲမှ နှစ်ဦးကို ဖမ်းဆီးရမိထားပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။ နယ်မြေခံ တာဝန်ရှိသူတစ်ဦး ပါဝင်သည့်အုပ်စုသည် အဆိုပါ သားအမိနှစ်ဦး နေထိုင်သည့်အိမ်ကို အတင်းဝင်ရောက်ကာ မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ရဲက ပြောကြားသည်။ သားအမိနှစ်ယောက်က ငြင်းဆန်သောအခါ ၎င်းတို့က ကတုံးရိတ်ပစ်ခဲ့ကြပြီး ရွာထဲသို့ လှည့်လည်ပြသခဲ့ကြသည်ဟု သိရှိရသည်။

ပဲခူး ဟံသာဝတီမြို့ရိုးဟောင်းအတွင်း ကျူးကျော်အဆောက်အဦများ ဖယ်ရှားမည်

Image may contain: sky, cloud, outdoor and natureပဲခူး ဟံသာဝတီမြို့ရိုးဟောင်းနဲ့ ကျုံးရိုး ကို ဆက်လက်တူးဖော်တဲ့အခါ ကျုံးအတွင်း ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို ဖယ်ရှားသွားမယ်လို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဋ္ဌေးက “၁၅၅၁ ခုနှစ် လောက်ကတည်းက ဘုရင့်နောင်မင်းတရားကြီးတည်ထောင်ခဲ့တဲ့ ပဲခူးဟံသာဝတီ မြို့ရိုးဟောင်း ကို ၂၀၁၉ ဇန်နဝါရီ ၁၇ ရက်နေ့ကတည်းက စတင်တူးဖော်နေပါတယ်။

ခရီးသွားလုပ်ငန်းကြော်ငြာအတွက် ဓာတ်ပုံဈေးနှုန်းကိစ္စ ဟိုတယ်/ခရီးဝန်ကြီးဌာန ပြန်ရှင်းလင်း

ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့ ခရီးသွားလုပ်ငန်းကြော်ငြာဖို့ ဓာတ်ပုံတပုံကို ၂၅၀၀ ကျပ်ကနေ ကျပ် ၁၀၀၀၀ အထိ ပေးဝယ်မယ်လို့ ဖိတ်ခေါ်ခဲ့တာဟာ နေ့တိုင်း ပုံတွေအများကြီး သုံးရမှာကြောင့် ဖြစ်တယ်လို့ ပြန်ပြီး ရှင်းလင်းပါတယ်။ လူမှုကွန်ရက်တွေမှာ တရက်ကို ၅ ပုံကနေ ၁၅ ပုံလောက်သုံးပြီး နေ့တိုင်း အမြဲမပြတ် လွှင့်တင်သွားမှာဖြစ်လို့ အရည်အသွေးအသင့်အတင့်နဲ့ အရေအတွက်များများကို ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူဖို့ ဖိတ်ခေါ်တာလို့ ဆိုပါတယ်။

တောင်သူများထံ ဧရာဝတီတိုင်းအစိုးရ ကွင်းဆင်းထိတွေ့ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြား

ဧရာဝတီတိုင်းဒေသကြီအစိုးရနှင့် အုပ်ချုပ် ရေးယန္တရားက ဝန်ထမ်း များအ နေဖြင့် တောင်သူလယ်သမားကြီးများထံ ကွင်းဆင်းထိတွေ့ရန် နိုင်ငံ တော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွှန်ကြားလိုက်သည်။ ဇွန် ၂၈ ရက် ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့ လယ်ယာဝန် ဆောင် မှုစင်တာ၌ ကျင်းပသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဒေသခံတောင်သူ လယ်သမား များတွေ့ဆုံပွဲအခမ်းအနား၌ ဒေါ် အောင်ဆန်းစုကြည်က နိဂုံးချုပ် အမှာစကားပြောကြားစဉ် အထက် ပါအတိုင်းထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

MSME လုပ်ငန်းများအတွက် ဒိန်းမတ်နိုင်ငံ၏ ဒိန်းမတ်ငွေ Krone ငါးသန်း ထောက်ပံ့မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လုပ်ငန်းရှင်များ ဇူလိုင် ၁ ရက်မှ စတင်လျှောက်ထားနိုင်

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများအတွက် ဒိန်းမိတ်နိုင်ငံက လေးကြိမ်မြောက်အဖြစ် ဒိန်းမတ်ငွေ Krone ငါးသန်း ထောက်ပံ့မည်ဖြစ်သဖြင့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ လုပ်ငန်းရှင်များ ဇူလိုင် ၁ ရက်မှ စတင် လျှောက်ထားနိုင်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော မြန်မာ့ MSME လုပ်ငန်းများအတွက် ဒိန်းမတ်နိုင်ငံက ငွေကြေးအထောက်အပံ့ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက်အဖြစ် ဒိန်းမတ်ငွေ Krone ငါးသန်းတိတိ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အဆိုပါ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများလျှောက်ထားခြင်းအစီအစဉ်ကို ဇူလိုင် ၁ ရက်မှ၂၂ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်သည်။

လက်ရှိဘဏ္ဍဍာနှစ် ကိုးလနီးပါးအတွင်း မြဝတီကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၈၃ သန်းကျော် ရရှိ

၂၀၁၈ -၂၀၁၉ ဘဏ္ဍဍာနှစ် ကိုးလနီးပါးအတွင်း မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၈၃ သန်းကျော်ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၆၁၉ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။၂၀၁၈ -၂၀၁၉ ဘဏ္ဍဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၁ ရက်အထိ ကိုးလနီးပါးအတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၈၃ ဒသမ ၈၄၃ သန်းရရှိထားသည်။

မြောက်ကိုရီးယား ပိုင်နက်မှာ ပထမဆုံး ခြေချတဲ့ အမေရိကန် သမ္မတ ဖြစ်လာတဲ့ ထရမ့်

ဒေါ်နယ်လ်ထရမ့်ဟာ မြောက်ကိုရီးယား မြေပိုင်နက်ကို ပထမဆုံးအကြိမ် ခြေချဖူးတဲ့ အာဏာလက်ရှိ အမေရိကန် သမ္မတ အနေနဲ့ မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ဇွန်လ ၃၀ က ကိုရီးယား နှစ်နိုင်ငံကြား စစ်မဲ့ဇုန် နယ်နိမိတ် (DMZ)အဖြစ် သတ်မှတ်ထားရာ နေရာမှာ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ သူတို့နှစ်ဦးကြား တတိယအကြိမ် လူချင်းတွေ့မှုဖြစ်ပြီး အချိန်ကာလ အားဖြင့်တော့ ခပ်တိုတိုပဲ ရှိခဲ့ပါတယ်။

တပ်မတော်က အပစ်ရပ်ကာလ နှစ်လ ထပ်တိုးထုတ်ပြန်

တပ်မတော်က တိုင်းစစ်ဌာနချုပ် နယ်မြေ ငါးခုမှာ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်ရပ်သက်တမ်းတိုးလိုက်ကြောင်း တပ်မတော်က ဒီနေ့ညနေမှာ သတင်းထုတ်ပြန်ပါတယ်။ မူလ အပစ်ရပ်ကြေညာထားတဲ့နေရာတွေမှာ အပစ်ရပ်သက်တမ်း နှစ်လ ထပ်တိုးလိုက်တာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ရုရှားစစ်တပ် စစ်ရေးစွမ်းရည်ပြပွဲ ပိတ်ပွဲကျင်းပ

ရုရှားစစ်တပ်ဟာ သူတို့သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်မှာ ဇွန်လ ၂၉ ရက်က နှစ်စဉ်ကျင်းပနေကျ စစ်ရေးစွမ်းရည်ပြပွဲပိတ်ပွဲကို ကျင်းပခဲ့ပါတယ်။ ခြေလျင်တပ် ရေတပ် လေတပ်တို့က အကြီးစား စစ်ရေး လေ့ကျင့်ခဲ့ကြတာပါ။ ဆီဗက်စတိုပို ဆိပ်ကမ်းမြို့က ဒေသခံတွေဟာ ပင်လယ်အော်တလွှားမှာ စစ်ကားတွေ လေ့ကျင့်နေပုံ၊ စစ်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေက လေကြောင်း ကျွမ်းထိုး စွမ်းရည်ပြနေပုံတွေကို မြင်ခဲ့ရ ပါတယ်။

ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချသည့် တဲများကို ဖျက်ဆီး

Image may contain: 1 person, outdoorကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်မှော်ကျေးရွာအနီးမှာ မူးယစ်ဆေးဝါးရောင်းချနေဆိုတဲ့ သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံတပ်မတော်သားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ ဇွန် ၂၉ ရက်မနက်ပိုင်းက မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးနေတဲ့ ယာယီတဲတွေကို သွားရောက် ရှင်းလင်းခဲ့တယ်လို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းအောင်က ပြောပါတယ်။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် သေဆုံးလူနာ ၂ ဦးအား H1N1 ဖြင့် ကွယ်လွန်ဟု သံသယရှိ

ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သည်ဟုသံသယရှိသော လူနာ ၂ ဦး စံပြဆေးရုံကြီးတွင် ထပ်မံသေဆုံးသွားကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) က ယနေ့ထုတ်ပြန်သည်။ သေဆုံးသူများမှာ အသက်(၈၀)နှစ်ခန့် အမျိုးသား(၁)ဦး နှင့် အသက်(၅၀)ခန့် အမျိုးသမီး(၁)ဦးတို့ဖြစ်သည်။ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) နိဗ္ဗာန်ယာဉ်ဖြင့်ရေဝေးသုဿာန် မီးသဂြိုလ်စက်သို့ (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော် ထုတ်ပြန်ချက်

၁။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိရောက်စွာဆောင်ရွက်နိုင်ရေး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ၁ ကြိမ်၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၁ ကြိမ် ရပ်ဆိုင်းပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နှင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တို့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ပြီးဖြစ်သည်။

LGBT များအား ခွဲခြားဆက်​ဆံ ဖိအား​ပေးမှုမပြုလုပ်​​ရေး Myanmar Imperial University ​ရှေ့၌ ဆန္ဒပြ

Image may contain: 1 person, table, tree and outdoorLGBT များအား ခွဲခြားဆက်​ဆံ ဖိအား​ပေးမှုမပြုလုပ်​​ရေး ဆန္ဒပြပွဲကို ယ​နေ့ (ဇွန်​ ၃၀ရက်​) မွန်းလွဲ ၁နာရီတွင်​ ရန်​ကုန်​မြို့၊ ဒဂုံမြို့နယ်​ရှိ Myanmar Imperial University (MIU)​ရှေ့၌ ပြုလုပ်​ခဲ့သည်​။ အဆိုပါ ဆန္ဒပြပွဲတွင်​ လုပ်​ငန်းခွင်​အတွင်း ခွဲခြားဆက်​ဆံမှု​ကြောင့်​ ​သေဆုံးခဲ့သည့်​ ​MIU မှ စာကြည့်​တိုက်​မှူး မောင်​​ကျော်​ဇင်​ဝင်းအတွက်​ အမှုမှန်​​ပေါ်​ပေါက်​​ရေး၊ ထိုကဲ့သို့ ဖြစ်​စဉ်​မျိုး ထပ်​မံမ​ပေါ်​ပေါက်​​ရေးနှင့်​ LGBT များအား ခွဲခြားဆက်​ဆံ ဖိအား​ပေးမှုမပြုလုပ်​​ရေး တို့ကို ​တောင်းဆိုခဲ့သည်​။

“ကျောင်းမှာ ဖြစ်တယ်ဆိုရင်တော့ တာဝန်ယူသင့်တဲ့ဟာ အပြည့်ယူသွားမှာ” Wisdom Hill ကျောင်းအုပ် ဦးပညာနှင့် ဆက်သွယ်မေးမြန်းခြင်း

Image may contain: 1 person, standingနေပြည်တော်၊ သပြေကုန်းရပ်ကွက် Wisdom Hill အမည်နဲ့ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂိုလိကမူကြိုကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၂နှစ်နဲ့ ၁၁လအရွယ် အမျိုးသမီးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာဟာ အခုဆိုရင် တစ်လကျော် ရှိလာပြီ ဖြစ်ပါတယ်။ မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က ကိုင်တွယ်နေတဲ့ ဒီအမှုဟာ အချိန် တစ်လကျော် ရှိလာပြီဖြစ်ပေမယ့် အခုထိ တရားခံ ဘယ်သူဆိုတာ မပေါ်ပေါက်သေးပါဘူး။

အမေရိကန် ရက်ပါ Slim 400 သေနတ်ဖြင့် ၈ ချက် အပစ်ခံခဲ့ရ

Image may contain: 1 person, smiling, beard and indoorအမေရိကန်ရက်ပါ Slim 400 ဟာ သေနတ်နဲ့အပစ်ခံခဲ့ရလို့ ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ရတယ်လို့ Sky News သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ဇွန် ၂၈ ရက်နေ့ည ၈ နာရီ ၃၀ တုန်းက လော့စ်အိန်ဂျလိစ် ကန့်တန်မှာ ဖြစ်ပွားခဲ့တာပါ။ ရက်ပါဟာ သေနတ်နဲ့ ရှစ်ချက်အပစ်ခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး လက်ရှိမှာတော့ စိုးရိမ်ရတဲ့အခြေအနေကို ကျော်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေကို အပစ်ခံခဲ့ရသလဲဆိုနဲ့ပတ်သက်လို့ ထုတ်ပြန်ခဲ့ခြင်း မရှိပေမယ့် စဖြစ်ဖြစ်ချင်းမှာ အခြေအနေဆိုးရွားခဲ့ပါတယ်။

YBS ဘတ်စ်ကား တံခါးမှန်ကို ရိုက်ခွဲ၍ ဆင်းသွားသည့် ခရီးသည်ကို ရဲစခန်းတွင် တိုင်ကြား

No photo description available.မီးပွိုင့်မိနေစဉ် တံခါးမဖွင့်ပေး၍ ဝိုင်ဘီအက်စ် ၉၉ ယာဉ်၏ တံခါးမှန်ကို ရိုက်ခွဲပြီး ဆင်းသွားသည့် ခရီးသည်ကို ဗွီဒီယိုဖိုင်နှင့်တကွ မရမ်းကုန်းရဲစခန်းတွင် တိုင်ကြားထားကြောင်း Omini Focus ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောသည်။ “မရမ်းကုန်းရဲစခန်းမှာ တိုင်ကြားထားတယ်။ အမှုဖွင့်ခိုင်းထားတာ အဆင်ပြေ၊ မပြေမသိသေးဘူး။ ပုဒ်မသိရင် ပြန်ပြောပေးပါမယ်။ နောက်ပိုင်းမှာလုံခြုံရေးကိစ္စတွေ ပြန်စဉ်းစားရမယ်”ဟု ဦးထွန်းတောက်ဝင်းက ဆိုသည်။

အမေရိကန်နှင့်ဆွေးနွေးပွဲ အရေးပါသည့် အဆင့်ရောက်ရှိနေချိန်တွင် တာလီဘန်များက ပြည်သူစစ် ၂၆ ဦးကို သတ်ဖြတ်

အာဖဂန်မြောက်ပိုင်းမှာ တာလီဘန်စစ်သွေးကြွတွေက ပြည်သူစစ် ၂၆ ဦးကို သတ်ဖြတ်ခဲ့ တယ်လို့ အာဖဂန်အာဏာပိုင်တွေက စနေနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါဟာ အမေရိကန် ညှိုနိုင်းရေးသမားတွေနဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ကာတာမှာ ကျင်းပဖို့ ပြင်ဆင်နေစဉ်မှာ ဖြစ်ခဲ့တာပါ။ စနေနေ့နောက်ပိုင်းမှာ အမေရိကန်အရာရှိတွေနဲ့ စစ်သွေးကြွတွေကြား ခုနှစ်ကြိမ်မြောက်ဆွေးနွေးပွဲကျင်းပဖို့ ရှိပြီး ဒါဟာ ၁၈ နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့ “ လုပ်မလား(သို့) လှုပ်ရှားမှုရပ်တန်မလား” အကျိုးသက် ရောက်မှုလို့ အမေရိကန်အရာရှိက ဆိုပါတယ်။

မီတာခ တိုးမြှင့်ကောက်ခံခြင်းအား ကန့်ကွက်သည့် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲ ရန်ကုန်တွင် ပြုလုပ်မည်

မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်တွင် ဇူလိုင်လ ၁ ရက်နေ့ ပြုလုပ်မည်ဟု သိရှိရပါသည်။ မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် နေ မိဘပြည်သူများ လာရောက်ပူးပေါင်း၍ ဥပဒေနဲ့အညီ ဆန္ဒ ဖော်ထုတ်နိုင်ရန် အသိပေး ဖိတ်ကြားအပ်ပါသည်။ ၂၀၁၉ ဇူလိုင်လ ၁ ရက် နံနက် ၀၈း၀၀ နာရီ တွင် ပုဇွန်တောင် ဥယျာဉ် အိမ်ယာရှေ့တွင် စတင်စုဝေး၍ ဥပဒေ နှင့်အညီ ပုဇွန်တောင် မြို့နယ် အတွင်း ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် နေပြည်တော်တွင် အပင် ၃၀၀ ကျော် စိုက်ပျိုး

Image may contain: 1 person, sitting, child, outdoor and natureနိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်သည် နေပြည်တော်ရှိ ၀ဇီရာနန္ဒ ဓမ္မစင်တာတွင် လူငယ် အယောက် ၁၅၀ ဖြင့် အပင်ပေါင်း ၃၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်း ရွှေပြည်တော်ဆုံမှတ် ပရဟိတအသင်းမှ သိရသည်။ ယနေ့ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် ယင်းကဲ့သို့ စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း ရွှေပြည်တော်ဆုံမှတ် ပရဟိတအသင်းမှ ကိုအောင် ပိုင်မင်းက ပြောသည်။ “ အဲဒီ ဓမ္မစင်တာက ပါချုပ်ဆရာတော်ကြီး စင်တာလေ။ ဒါယကာအဖြစ် နှစ်ရှည်ပင်တွေကို သမ္မတ ဦးသိန်းစိန်က စိုက်ပျိုးပေး တာပါ။ လူငယ် ၁၅၀ကျော်က ကူညီပေးတယ်။ နှစ်ရှည်ပင် ၃၀၀ လောက်ပေါ့။ ဟိုလိုမျိုး အစိုးရအကွက်မှာ ၀င်စိုက်တာတော့ မဟုတ်ပါဘူး” ဟု ကိုအောင်ပိုင်မင်းက ပြောသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့အဖြစ် NLD ပါတီဝင်များမှလည်း သစ်ပင်စိုက်ပျိုးမှုများပြုလုပ်ခဲ့ကြသေးသည်။

ဆဲလ်ဖီရိုက်ရင်း သေဆုံးရမှုက ငါးမန်းကိုက်ခံရလို့  သေတာထက် ငါးဆ ပိုများ

တစ်ကမ္ဘာလုံးမှာ စွဲစွဲလမ်းလမ်းလုပ်ကြတဲ့ အရာတစ်ခုဖြစ်လာတာ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီဖြစ်တဲ့ ဆဲလ်ဖီရိုက်ခြင်း အလေ့ကြောင့် မတော်တဆဖြစ် သေဆုံးရတဲ့ လူဦးရေဟာ ငါးမန်းကိုက်လို့ သေဆုံးရတဲ့ ဦးရေထက် ငါးဆပိုများနေကြောင်း စစ်တမ်းတစ်ခုမှာ ဖော်ပြလာပါတယ်။ နည်းပညာပိုမိုရှုပ်ထွေးလာတဲ့ စမတ်ဖုန်းတွေ နှစ်စဉ် တိုးပွားလာမှုနဲ့  အကွာအဝေးပိုဆန့် နိုင်တဲ့ ဆဲလ်ဖီချောင်းတွေ ပေါ်လာမှုတွေဟာ ပြည့်စုံကောင်းမွန်တဲ့ ပုံလေးတွေ ရရှိဖို့ အတွက် အန္တရာယ်များတဲ့ အနေအထားတွေမှာတောင် ဆဲလ်ဖီရိုက်လိုစိတ်ဖြစ်ပြီး သေဆုံးသူဦးရေ တိုးလာနိုင်တဲ့ အခြေအနေတွေဖြစ်နေကြောင်း ဆိုပါတယ်။

အောင်ဆန်းကွင်းကို ပြန်လည်အဆင့်မြှင်တင်၍ ကွင်းပတ်လည်ဆိုင်ခန်းငှားရမ်းခများ ကာလပေါက်ဈေးအတိုင်း တိုးမြှင့်ကောက်ခံမည်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အောင်ဆန်းကွင်းအား ပြန်လည်အဆင့်မြှင့်တင်မည်ဖြစ်ပြီး ကွင်းပတ်လည်ဆိုင်ခန်းငှားရမ်း ဈေးနှုန်းများကို ကာလပေါက်ဈေးအတိုင်း တိုးမြှင့်ကောက်ခံဖွယ်ရှိကြောင်း သိရသည်။ေ အာင်ဆန်းအားကစားကွင်းကို ယခင်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ငှားရမ်းထားခဲ့ခြင်းဖြစ်ပြီး အားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းများအား အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကထံသို့ ပြန်လည်ငှားရမ်းခဲ့သည်။ အောင်ဆန်း အားကစားကွင်းပတ်လည်တွင် ဆိုင်ခန်းပေါင်း ၃၂၁ ခန်းရှိနေပြီး

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် သားဆက်ခြားဆေးထိုးခြင်းကို Brilliant Red အဖွဲ့မှ လိုက်လံထိုးပေး

ခွေရူးပြန်ရောဂါ ကာကွယ်ရန်နှင့် လမ်းဘေးခွေးကောင်ရေ မြင့်တက်လာမှုကို လျှော့ချနိုင်ရန်အတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် သားဆက်ခြားဆေး ထိုးခြင်းကို Brilliant Red အဖွဲ့မှ ဦးဆောင်ကာ ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ၊ ကျီတော်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။ Brilliant Red မှာ ဆရာဝန်များ၊ တိရစ္ဆာန်ကု ဆရာဝန်များ၊ ခွေးချစ်သူများနှင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် လှုပ်ရှားလျက်ရှိသည့် အဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့မှာ ယခုအပတ်မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်း ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် သားဆက်ခြားဆေးထိုးရန် စီစဉ်ထားပြီး လာမည့်အပတ်များ၌ ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက် ၁၀ ခုတွင် ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နန်းတော်ကြီးထဲတွင် ကြွက်များသောင်းကျန်းနေသဖြင့် ဘုရင်မကြီးထိတ်လန့်

ဗြိတိန်ရှိ ဘာ့က်ကင်ဟမ်နန်းတော် ကြီးထဲတွင် ကြွက်များ သောင်းကျန်းနေသ ဖြင့် ဘုရင်မကြီး ထိတ်လန့်နေသည်ဟု ဒေးလီးမေးလ်သတင်းက ဆိုသည်။ မီးဖို ချောင်များထဲတွင် ကြွက်များ မကြာခဏ တွေ့နေရသဖြင့် နောက်ဆုံးတွင် နန်း တော်ဝန်ထမ်းများက ပိုးမွှားထိန်းချုပ်ရေးကျွမ်းကျင်သူများကို ခေါ်ရတော့သည်။ ကျွမ်းကျင်သူများက အခြေအနေလာ ကြည့်ပြီး အဆိပ်လာချသော်လည်း မထိ ရောက်လှပေ။]ကော်ရစ်ဒါမှာ ကြွက်တွေ လှစ်ခနဲ၊ လှစ်ခနဲ ပြေးသွားတာမြင်ရ တယ်လို့ဝန်ထမ်းတွေက ပြောတယ်။

ကန် နဲ့ တရုတ် သမ္မတ ဆွေးနွေးပွဲ သဘောတူညီချက်တချို့ ရရှိ

တရုတ်နိုင်ငံက တင်သွင်းတဲ့ အမေရိကန် ဒေါ်လာ ဘီလီယံ ၃ဝဝ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေပေါ်မှာ အခွန်ငွေ ကောက်ခံမယ့်အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ဆိုင်းငံ့ထားလိုက်ပါပြီ။ ကန် သမ္မတ ထရမ့် နဲ့ တရုတ် သမ္မတ ရှီကျင်းပင်တို့ ဂျပန်နိုင်ငံမှာ စနေနေ့ မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲကနေ အခုလို သဘောတူလိုက်တာပါ။ ဒါ့အပြင် သမ္မတ ထရမ့်က Huawei ဟွာဝေး တရုတ်ဆက်သွယ်ရေးကုမ္ပဏီကို အမေရိကန် ကုမ္ပဏီတွေအနေနဲ့ ပစ္စည်းတွေ ဆက်လက်ရောင်းချဖို့လည်း ခွင့်ပြုလိုက်ပြီလို့ ပြောပါတယ်။ နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်ဆိုပြီး အဲဒီ ကုမ္ပဏီကို အမေရိကန်ကုမ္ပဏီတွေက ပစ္စည်းတွေရောင်းချနေတာကို ပိတ်ပင်တော့မယ်လို့ သမ္မတထရမ့်က ပြီးခဲ့တဲ့လအတွင်းမှာ ကြေညာခဲ့ပါတယ်။

ကလေးသူငယ်ဆိုင်ရာ ဥပဒေအား ပြန်လည်စိစစ်ပေးရေး မုံရွာမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်

Image may contain: one or more people, people standing, crowd and outdoorပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော ကလေးသူငယ်ဆိုင်ရာ ဥပဒေအား ပြန်လည်စိစစ်ပေးရေးအတွက် ဟု ဆိုကာ မုံရွာမြို့ပေါ်တွင် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်ပွဲအား မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ကာ ဇွန်လ ၃၀ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ ရုံးကြီးရပ်ကွက် တဝိုက်တွင်လှည့်လည်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းအား မုံရွာမြို့နယ်ကျောက္ကာတောင်ရွာတွင်နေထိုင်သည့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်ဝင်းမှ မုံရွာမြို့နယ်စီစံခန့်ခွဲမှု ကော်မတီသို့ အင်းအား ၅၀၀၀ ဖြင့် ကြိုတင်အကြောင်းကြားခဲ့ခြင်းဖြစ်ကာ လက်ရှိ လှည့်လည်ဆန္ဒထုတ်ဖော်သူအင်အားမှာ ၃၅၀၀ ခန့်ရှိသည်ဟု သိရသည်။

ပြည်နယ် ၁၉ ခုမှာ ငမြှောင်တောင်ပိုး ကျနေကြောင်း တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာန ထုတ်ပြန်

တရုတ်နိုင်ငံ ပြည်နယ် ၁၉ ခုတွင်းရှိ လယ်မြေစိုက်ခင်း ဟက်တာ ၃၃၃,၀၀၀ ခန့်မှာ ငမြှောင်တောင်ပိုး ကျရောက်နေကြောင်း တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။ ငမြှောင်တောင်ပိုးကျပါက ညတွင်းချင်း စိုက်ခင်းဧက ရာနဲ့ချီ ပျက်စီးနိုင်တဲ့အတွက် ၄င်းပိုးဟာ နိုင်ငံ့စားနပ်ရိက္ခာလုံခြုံမှုအတွက် အန္တရာယ်တစ်ရပ်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာဖူးပါတယ်။

ယှဉ်ပြိုင်မှုကော်မရှင်လာပါပြီ

စီးပွားရေးလုပ်ငန်းနယ်ပယ်များ အတွင်း အဖွဲ့အစည်းတစ်ဖွဲ့နှင့် တစ်ဖွဲ့၊ အစုအဖွဲ့တစ်စုနှင့်တစ်စု သမားရိုးကျမဟုတ်သော ယှဉ်ပြိုင်မှုများ၊ တရားမဲ့ပြုကျင့်ခံရမှုနှင့် စီးပွားရေးခေါင်းပုံဖြတ် မသမာမှု များ စသည့်အကြောင်းအရာများ ကို သတင်းပေးတိုင်ကြားနိုင်မည့် ကော်မရှင်တစ်ခုပေါ်လာပါပြီ။ ၂၀၁၅ ၌ ပြည်ထောင်စုလွှတ် တော်က အတည်ပြုပြီးနောက် ၂၀၁၈ အောက်တိုဘာ ၃၁ ရက် တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၁၀၆/၂၀၁၈)ဖြင့် မြန်မာနိုင်ငံ ယှဉ်ပြိုင် မှုကော်မရှင်ကို ဖွဲ့စည်းလိုက် ပြီး မိတ်ဆက်ရှင်းလင်းမှုများကို တာဝန်ရှိသူများက ရန်ကုန်နှင့် နေပြည်တော်၌ ယခုနှစ်ကစ၍ လိုက်လံပြုလုပ်နေသည်။ ဥပဒေအတည်ပြုအပြီး လေးနှစ်ကျော် အကြာတွင် ပြဋ္ဌာန်းချက်များကို စတင်အသက်သွင်းရန် ပြင်ဆင် လာခြင်းဖြစ်သည်။

အိမ်လွမ်းနေသူ ငါးသိန်း

ကမ္ဘာ့ သက်တမ်းအရှည် ကြာဆုံးပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန် မာနိုင်ငံတွင် စစ်၏ဆိုးကျိုးကို ခံစားနေရသည့်လူဦးရေ တိုးပွား လာနေသည်ကို အစီရင်ခံစာများ က သက်သေခံနေသည်။ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက် တွင် ကျရောက်သော ‘ကမ္ဘာ့ဒုက္ခ သည်များနေ့’ အခမ်းအနားတစ်ခု တွင်  စစ်ဘေးသင့်ပြည်သူများ အရေးဆောင်ရွက်နေသူအများ အပြားစုဝေးခဲ့သည်။ ပြည်တွင်း စစ်ဘေးသင့်ခဲ့ရသူများ၏ မရိုးနိုင် အောင် များပြားလှသောအခက် အခဲများကို သူတို့ဖွင့်ဟသည်။ ထို သူများ၏ အနာဂတ်အတွက် လည်း သူတို့ဆော်ဩသည်။

လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ် လေးမြို့နယ်ရှိ ကျူးကျော်များအတွက် အစိုးရပိုင်မြေပေါ်တွင် ကျပ်သိန်း ၃၀ ဝန်းကျင်ဖြင့် နေအိမ်များဆောက်လုပ်နိုင်ရန် ပြင်ဆင်လျက်ရှိဟု ဝန်ကြီးချုပ်ပြောကြား

လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ကျူးကျော်များအတွက် အစိုးရပိုင်မြေပေါ်တွင် ကျပ်သိန်း ၃၀ ဝန်းကျင် ဖြင့် နေအိမ်များဆောက်လုပ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ကျူးကျော်နေထိုင်သူများကို ရှင်းလင်းရာတွင် စနစ်တကျနေရာတစ်ခုတွင် စီမံခန့်ခွဲနိုင်ရန်အတွက် ဆောင်ရွက်ကြောင်း၊ ယင်းကိစ္စအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရနှင့် လူမှုအဖွဲ့အစည်းများတွင် တာဝန်ယူဆောင်ရွက်နေကြသည့် NGO များနှင့်ပေါင်းစည်းပြီး ကျူးကျော်များအား မြေကွက်နေရာချပေးရန် ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မှန်ကန်စွာ ဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ယနေ့အခြေအနေမျိုးဖြစ်ခဲ့ဟု သူရဦးရွှေမန်း ပြောကြား

၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်ခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို မှန်ကန်စွာ ဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ယနေ့အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည်ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားလိုက်သည်။ ဇွန် ၂၉ ရက်က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသူတစ်ဦး၏ ပါတီတည်ထောင်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် သူရဦးရွှေမန်းက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

လောလောဆယ် မည်သည့်ပါတီနှင့်မျှ မဟာမိတ်ဖွဲ့မည်မဟုတ်ဟု ဒီချုပ်ဒုဥက္ကဋ္ဌ ဆို

လောလော ဆယ်မည်သည့်ပါတီနှင့်မှ မဟာမိတ်ဖွဲ့မည်မဟုတ်ကြောင်း ဒီချုပ်ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် မောင်က ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပါတီစထောင်၍ ၁၉၉ဝ ရွေးကောက်ပွဲဝင်ချိန်မှစ၍ နောက်ပိုင်း ရွေးကောက်ပွဲများတွင် မှာပါမည်သည့်ပါတီနှင့်မှ မဟာမိတ်မဖွဲ့ခဲ့ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် လည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်က ဒီမို ကရေစီ တူဒေးသို့ ဇွန် ၂၈ ရက်တွင် ပြောကြားသည်။ ဒီချုပ်ပါတီသည် တိုင်းရင်း သားပေါင်းစုံပါဝင်သည့် ပါတီ ဖြစ်ကြောင်းလည်း ၎င်းင်းကဆိုသည်။

မန်ယူက မားကပ်စ်ရက်ရှ်ဖို့ဒ် တပတ် ပေါင် ၂ သိန်းဖြင့် နှစ်ရှည်စာချုပ် ချုပ်တော့မည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၂၁ နှစ်အရွယ် လူငယ်တိုက်စစ်မှူး မားကပ်စ်ရက်ရှဖို့ဒ်ကို တပတ်လုပ်ခ ပေါင် ၂ သိန်းတိုးပေးပြီး နှစ်ရှည်စာချုပ်ချုပ်မယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်ပြဆိုးလ်ရှားနဲ့အတူ ဆက်ပြီး လက်တွဲသွားဖို့ လိုလားနေပြီး ရာသီကြိုခြေစမ်းပွဲတွေပြီးလို့ ပြန်လည်ရောက်ရှိချိန်မှာ စာချုပ်သစ်ချုပ်မယ်လို့ သိရပါတယ်။ ရက်ရှ်ဖို့ဟာ အသက် ၂၁ အရွယ်သာ ရှိသေးပေမယ့် ယူနိုက်တက်အတွက် အားထားရတဲ့ တိုက်စစ်မှူးဖြစ်တာကြောင့် ဘာစီလိုနာအသင်းဆီ မရောက်ရှိဖို့ အခုလို လစာတိုးမြှင့်ပေးခဲ့တာ လည်းဖြစ်ပါတယ်။

မီတာခံ တိုးကောက်မှုကြောင့် ကုန်ဈေးနှုန်း မြင့်လာမည်မဟုတ်ဟု ဦးဖြိုးမင်းသိန်းပြော

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်လိုက်တာကြောင့် ကုန်ဈေးနှုန်း မြင့်မားလာမှမဟုတ်ဘဲ လျှပ်စစ်မီးပုံမှန်ရပါက နောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပိုတိုးတက်လာလိမ့်မယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဇွန် ၂၉ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က အခုလို ပြောဆိုသွားတာပါ။ “လျှပ်စစ်ဈေးနှုန်း တိုးသွားတဲ့အပေါ်  တချို့ ကုန်ဈေးနှုန်း ကြီးလာမလား၊ ထုတ်ကုန်တွေများ ပိုပြီး ဈေးမြင့်လာမလားဆိုတာ မဟုတ်ပါဘူး။  လျှပ်စစ်မီးလုံလုံလောက်လောက်မရလို့ ထုတ်လုပ်မှု စရိတ်တွေ ကြီးနေတာဖြစ်ပါတယ်။ စက်ရုံတွေအနေဲ့ မီးစက်တွေပြင်ဆင်ထားရတယ်။ မီးစက် မောင်းမယ့်ဝန်ထမ်းတွေခန့်ထားရတယ်။

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တခုတွင် ကမ်းပါးပြိုကျမှုကြောင့် ၂ ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီးက ဂျိတ်ပါဝါ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မှာ ဇွန် ၂၉ ရက်နေ့ ညနေပိုင်းက ကမ်းပါးနံရံပြိုကျမှုကြောင့် တပိုင်တနိုင်ကျောက်စိမ်းတူးသူ ၂ ဦး သေဆုံးခဲ့တယ်လို့ လုံးခင်းနယ်မြေစခန်းမှူး ဦးစိန်မြင့်ထွန်းက ပြောပါတယ်။ သေဆုံးသူတွေဟာ ကိုနိုင်နိုင်ထွန်း (၂၀) နှစ်နဲ့ ဦးဇော်ဝမ်း (၆၁) နှစ်တို့ ဖြစ်တယ်လို့ လုံးခင်းရဲစခန်းက သိရပါတယ်။ မြေပိသေဆုံးသွားသူတွေဟာ အမြင့် ၁၂ ပေလောက်ရှိတဲ့ ကျောက်ကမ်းပါယံအောက်မှာ ကျောက်စိမ်းတူးဖော်နေစဉ် နှစ်ဦးအပေါ်ရှိ မြေသားနံရံပေါ်ပြိုကျပြီး မောက်တုံးပိသေဆုံးခဲ့တာလို့ ရဲကြေးနန်းက ဆိုပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လုံးခင်းပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ခဲ့ပြီး သေမှုသေခင်းအမှတ် ၁၇/၁၉ နဲ့ စစ်ဆေးဆောင်ရွက်နေတယ်လို့ လုံးခင်းနယ်မြေရဲစခန်းမှူး ရဲမှူး ဦးစိန်မြင့်ထွန်းက ပြောပါတယ်။

အမှိုက်ဖြင့် ငြိနေသည့် လိပ်နှစ်ကောင်ကို ထိုင်းတံငါသည်များ ကယ်ဆယ်ပေးခဲ့

ပလတ်စတစ်အမှိုက်တွေနဲ့ ငြိနေတဲ့ လိပ်နှစ်ကောင်ကို ထိုင်းတံငါသည်တွေက ဇွန်လ ၁၉ ရက်မှာ ကယ်ဆယ်ပေးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံ ပတ္တယားကမ်းလွန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လိပ်နှစ်ကောင်မှာ တကောင်က ပိုက်တွေနဲ့ ငြိနေခဲ့တာဖြစ်ပြီး နောက်တကောင်ကတော့ ပင်လယ်ထဲကို ရောက်ရှိနေတဲ့ အမှိုက်တွေကြားထဲမှာ ပိတ်မိနေခဲ့တာပါ။ ရိုက်တာသတင်းဌာနကရရှိခဲ့တဲ့ ဗွီဒီယိုတခုမှာလည်း တံငါသည်တွေက အတားအဆီး တွေကနေတစ်ဆင့် လိပ်တွေကိုကယ်ဆယ်ပြီး ရေထဲကိုပြန်လွှတ်ပေးခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ နှစ်စဉ် အမှိုက်တန်ချိန် ၈ သန်းလောက်ဟာ ကမ္ဘာ့သမုဒ္ဒရာထဲကို ရောက်ရှိလာနေကြပြီး တမိနစ်ကို ထရပ်ကားတစီးစာ အမှိုက်တွေဟာ ရေထုထဲကို ရောက်ရှိနေတာဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ဟာ သမုဒ္ဒရာတွေထဲကို ရောက်ရှိနေတဲ့ အမှိုက်တွေရဲ့ ၆၀ ရာခိုင်နှုန်းအတွက် တာဝန်ရှိတယ်လို့လည်း ၂၀၁၅ ခုနှစ်က ထွက်ပေါ်လာတဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။

ကီလိုမီတာပေါင်းများစွာ ခရီးနှင်ပြီး ဆိုက်ဘေးရီးယားအမှိုက်ပုံသို့ အစာလာရှာသည့် ဝက်ဝံကြီး

အာဟာရပြတ်လပ်နေတဲ့ ပိုလာဝက်ဝံတကောင်ကို ဆိုက်ဘေးရီးယားနိုင်ငံ နော်ရီလက်မြို့က အမှိုက်ပုံကြီးတခုမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က မြင်တွေ့ခဲ့ရပါတယ်။ ဒီဝက်ဝံကြီးကို မျက်မြင်တွေ့ရှိခဲ့သူတဦးက ဗွီဒီယိုရိုက်ကူးခဲ့ပြီး ဒီဗွီယိုဖိုင်အရ ဝက်ဝံဟာအမဖြစ်ပြီး သူမဟာ အင်အားနည်းကာ ဖျားနာနေပုံရပြီး အစာရှာဖို့ အမှိုက်ပုံကို ရောက်ရှိလာခဲ့ပုံရပါတယ်။ ဆာလောင်နေတဲ့ ဝက်ဝံမကြီးဟာ ဒီနေရာကို ရောက်ရှိလာဖို့အတွက် သူနေထိုင်ရာ အာတိတ်ရေခဲပြင်တွေဆီကနေ ကီလိုမီတာပေါင်းများစွာ ခရီးနှင်ခဲ့တာဖြစ်ပြီး လမ်းတလျောက် ဆာလောင် မောပန်းမှုနဲ့ ရင်ဆိုင်ခဲ့ရပုံရပါတယ်။