
LGBT များအား ခွဲခြားဆက်ဆံ ဖိအားပေးမှုမပြုလုပ်ရေး ဆန္ဒပြပွဲကို ယနေ့ (ဇွန် ၃၀ရက်) မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ Myanmar Imperial University (MIU)ရှေ့၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲတွင် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုကြောင့် သေဆုံးခဲ့သည့် MIU မှ စာကြည့်တိုက်မှူး မောင်ကျော်ဇင်ဝင်းအတွက် အမှုမှန်ပေါ်ပေါက်ရေး၊ ထိုကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်ရေးနှင့် LGBT များအား ခွဲခြားဆက်ဆံ ဖိအားပေးမှုမပြုလုပ်ရေး တို့ကို တောင်းဆိုခဲ့သည်။
MIU မှ စာကြည့်တိုက်မှူး မောင်ကျော်ဇင်ဝင်း သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် MIU တို့ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
ထိုသို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း ပါဝင်ပတ်သက်သူဟု ယူဆရသူသုံးဦးကို အလုပ်မှ ယာယီရပ်ဆိုင်းထားကြောင်း Myanmar Imperial University က ဇွန် ၂၅ရက်တွင် သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment