
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ် ပူနစ်မြို့မှာ ဇွန်လ ၂၉ ရက်နေ့က ပေ ၆၀ ရှည်တဲ့ အုတ်တံတိုင်း ပြိုကျခဲ့တာကြောင့် ကလေး ၄ ယောက် အပါအ၀င် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ လူ ၂ ယောက်၊ ၃ ယောက်လောက် ပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေး လုပ်နေပြီး ဒဏ်ရာရသူ အရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။ မိုးဆက်တိုက်ရွာပြိးနောက် ခေါင်ဒ၀ါရပ်ကွက်အနီးက တံတိုင်းဟာ အနီး တဲစုရပ်ကွက်ပေါ် ပြိုကျခဲ့တာဖြစ်ပါတယ်။ အဲဒီတဲစု ရပ်ကွက်ဟာ အနီး ဆောက်လုပ်ငန်းခွင်မှာ လုပ်ကြတဲ့ အလုပ်သမားတွေအတွက် ဆောက်ထားတာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ပူနစ်မြို့ ရဲမင်းကြီးက စုံစမ်းစစ်ဆေးတာတွေ လုပ်နေပြိး တံတိုင်းပြိုကျမှုအတွက် တာဝန်ရှိသူကို အရေးယူသွားမယ်လို့ ပြောပါတယ်။
No comments:
Post a Comment