Sunday, June 30, 2019

မီတာခ တိုးမြှင့်ကောက်ခံခြင်းအား ကန့်ကွက်သည့် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲ ရန်ကုန်တွင် ပြုလုပ်မည်

မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်တွင် ဇူလိုင်လ ၁ ရက်နေ့ ပြုလုပ်မည်ဟု သိရှိရပါသည်။ မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် နေ မိဘပြည်သူများ လာရောက်ပူးပေါင်း၍ ဥပဒေနဲ့အညီ ဆန္ဒ ဖော်ထုတ်နိုင်ရန် အသိပေး ဖိတ်ကြားအပ်ပါသည်။ ၂၀၁၉ ဇူလိုင်လ ၁ ရက် နံနက် ၀၈း၀၀ နာရီ တွင် ပုဇွန်တောင် ဥယျာဉ် အိမ်ယာရှေ့တွင် စတင်စုဝေး၍ ဥပဒေ နှင့်အညီ ပုဇွန်တောင် မြို့နယ် အတွင်း ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment