
ဇွန်လ ၂၉ ရက်နေ့ ည ၇ နာရီကျော်တွင် ဝိုင်ဘီအက်စ် ၉၉ ယာဉ်မှာ လှိုင်သာယာမှ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်သို့ ပြေးဆွဲရန် ရှစ်မိုင်တံတားအောက်တွင် မီးပွိုင့်မိနေစဉ် ခရီးသည် အမျိုးသားတစ်ယောက်က ဆင်းမည်ဟု ဆိုကာ တံခါးဖွင့်ခိုင်းသော်လည်း ယာဉ်မောင်းက မီးပွိုင့်ဖြစ်သောကြောင့် ဖွင့်ပေး၍မရကြောင်းနှင့် ရှေ့မှတ်တိုင်မှာ ဆင်းရန် ပြောကြားသော်လည်း အရေးပေါ်မှန်ခွဲသည့် စိန်တူကိုယူ၍ တံခါးကို ရိုက်ခွဲခဲ့ကာ ခြေထောက်ဖြင့် ကန်ဖွင့်ပြီး ဆင်းသွားခဲ့ကြောင်း Omini Focus ကုမ္ပဏီက ထုတ်ပြန်ထားသည်။
အဆိုပါ ဝိုင်ဘီအက်စ် ၉၉ ယာဉ်တံခါးမှန်ကို ရိုက်ခွဲပြီး ဆင်းသွားသည့် ခရီးသည်ဖြစ်စဉ်ကို ကားပေါ်ပါ စီစီတီဗွီကင်မရာမှ ရိုက်ကူးထားသည့် မှတ်တမ်းကို Omini Focus ကုမ္ပဏီက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment