
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော ကလေးသူငယ်ဆိုင်ရာ ဥပဒေအား ပြန်လည်စိစစ်ပေးရေးအတွက် ဟု ဆိုကာ မုံရွာမြို့ပေါ်တွင် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်ပွဲအား မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ကာ ဇွန်လ ၃၀ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ ရုံးကြီးရပ်ကွက် တဝိုက်တွင်လှည့်လည်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းအား မုံရွာမြို့နယ်ကျောက္ကာတောင်ရွာတွင်နေထိုင်သည့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်ဝင်းမှ မုံရွာမြို့နယ်စီစံခန့်ခွဲမှု ကော်မတီသို့ အင်းအား ၅၀၀၀ ဖြင့် ကြိုတင်အကြောင်းကြားခဲ့ခြင်းဖြစ်ကာ လက်ရှိ လှည့်လည်ဆန္ဒထုတ်ဖော်သူအင်အားမှာ ၃၅၀၀ ခန့်ရှိသည်ဟု သိရသည်။
No comments:
Post a Comment