
သက်ဆိုင်ရာက ဂိုထောင်ရှေ့မှာ ပိတ်ထားတဲ့ သံကြိုးကို ဖြတ်ပြီး ဂိုထောင်အတွင်းက အလင်းရောင်မ၇ှိ မီးမရှိ - မဲမှောင်နေတဲ့ အတွင်းပိုင်းမှာ မြင်တွေ့ ရတာတော့ အမျိုးသား ၉ ဦးအမျိုးသမီး (၆) ဦးနဲ့  ကလေးငယ်တွေဟာ အစာရေစာ ပြတ်လပ်နေပြီး ကြောက်လန့် နေကြတယ်လို့  ဆိုပါတယ်။
သူတို့ ကို လူမှောင်ခိုသတားတွေက ခုလို ဂိုထောင်ဟောင်းမှာ စွန့် ပစ်သွားခဲ့ပြီး အစားအသောက်နဲ့  ရေလည်း လာမပေးခဲ့တာကြောင့် မိုးရွာလို့ ကျလာတဲ့ ရေစက်တွေကို အ၀တ်နဲ့ ခံပြီး ညှစ်သောက်ခဲ့ရတယ်လို့ 
မြန်မာနိုင်ငံသားတွေကပြောပါတယ်။
ထိုင်း-မလေးနယ်စပ်မှာ ထိုင်းအာဏာပိုင်က နယ်မြေရှင်းလင်းရေးနဲ့  လူကုန်ကူးနေတဲ့ ပွဲစားတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေကြတာကြောင့် မြန်မာနိုင်ငံငံသားတွေကို ခုလို လူမနေတဲ့ ဂိုထောင်ဟောင်းမှာ စွန့် ပစ်သွားခဲ့တာဖြစ်နိုင်ကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။
No comments:
Post a Comment