Pages
Sunday, June 30, 2019
အမှိုက်ဖြင့် ငြိနေသည့် လိပ်နှစ်ကောင်ကို ထိုင်းတံငါသည်များ ကယ်ဆယ်ပေးခဲ့
ပလတ်စတစ်အမှိုက်တွေနဲ့ ငြိနေတဲ့ လိပ်နှစ်ကောင်ကို ထိုင်းတံငါသည်တွေက ဇွန်လ ၁၉ ရက်မှာ ကယ်ဆယ်ပေးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံ ပတ္တယားကမ်းလွန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လိပ်နှစ်ကောင်မှာ တကောင်က ပိုက်တွေနဲ့ ငြိနေခဲ့တာဖြစ်ပြီး နောက်တကောင်ကတော့ ပင်လယ်ထဲကို ရောက်ရှိနေတဲ့ အမှိုက်တွေကြားထဲမှာ ပိတ်မိနေခဲ့တာပါ။ ရိုက်တာသတင်းဌာနကရရှိခဲ့တဲ့ ဗွီဒီယိုတခုမှာလည်း တံငါသည်တွေက အတားအဆီး တွေကနေတစ်ဆင့် လိပ်တွေကိုကယ်ဆယ်ပြီး ရေထဲကိုပြန်လွှတ်ပေးခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ နှစ်စဉ် အမှိုက်တန်ချိန် ၈ သန်းလောက်ဟာ ကမ္ဘာ့သမုဒ္ဒရာထဲကို ရောက်ရှိလာနေကြပြီး တမိနစ်ကို ထရပ်ကားတစီးစာ အမှိုက်တွေဟာ ရေထုထဲကို ရောက်ရှိနေတာဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ဟာ သမုဒ္ဒရာတွေထဲကို ရောက်ရှိနေတဲ့ အမှိုက်တွေရဲ့ ၆၀ ရာခိုင်နှုန်းအတွက် တာဝန်ရှိတယ်လို့လည်း ၂၀၁၅ ခုနှစ်က ထွက်ပေါ်လာတဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment