
နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်သည် နေပြည်တော်ရှိ ၀ဇီရာနန္ဒ ဓမ္မစင်တာတွင် လူငယ် အယောက် ၁၅၀ ဖြင့် အပင်ပေါင်း ၃၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်း ရွှေပြည်တော်ဆုံမှတ် ပရဟိတအသင်းမှ သိရသည်။ ယနေ့ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် ယင်းကဲ့သို့ စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း ရွှေပြည်တော်ဆုံမှတ် ပရဟိတအသင်းမှ ကိုအောင် ပိုင်မင်းက ပြောသည်။ “ အဲဒီ ဓမ္မစင်တာက ပါချုပ်ဆရာတော်ကြီး စင်တာလေ။ ဒါယကာအဖြစ် နှစ်ရှည်ပင်တွေကို သမ္မတ ဦးသိန်းစိန်က စိုက်ပျိုးပေး တာပါ။ လူငယ် ၁၅၀ကျော်က ကူညီပေးတယ်။ နှစ်ရှည်ပင် ၃၀၀ လောက်ပေါ့။ ဟိုလိုမျိုး အစိုးရအကွက်မှာ ၀င်စိုက်တာတော့ မဟုတ်ပါဘူး” ဟု ကိုအောင်ပိုင်မင်းက ပြောသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့အဖြစ် NLD ပါတီဝင်များမှလည်း သစ်ပင်စိုက်ပျိုးမှုများပြုလုပ်ခဲ့ကြသေးသည်။
No comments:
Post a Comment