Sunday, June 30, 2019

အမေရိကန်နှင့်ဆွေးနွေးပွဲ အရေးပါသည့် အဆင့်ရောက်ရှိနေချိန်တွင် တာလီဘန်များက ပြည်သူစစ် ၂၆ ဦးကို သတ်ဖြတ်

အာဖဂန်မြောက်ပိုင်းမှာ တာလီဘန်စစ်သွေးကြွတွေက ပြည်သူစစ် ၂၆ ဦးကို သတ်ဖြတ်ခဲ့ တယ်လို့ အာဖဂန်အာဏာပိုင်တွေက စနေနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါဟာ အမေရိကန် ညှိုနိုင်းရေးသမားတွေနဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ကာတာမှာ ကျင်းပဖို့ ပြင်ဆင်နေစဉ်မှာ ဖြစ်ခဲ့တာပါ။ စနေနေ့နောက်ပိုင်းမှာ အမေရိကန်အရာရှိတွေနဲ့ စစ်သွေးကြွတွေကြား ခုနှစ်ကြိမ်မြောက်ဆွေးနွေးပွဲကျင်းပဖို့ ရှိပြီး ဒါဟာ ၁၈ နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့ “ လုပ်မလား(သို့) လှုပ်ရှားမှုရပ်တန်မလား” အကျိုးသက် ရောက်မှုလို့ အမေရိကန်အရာရှိက ဆိုပါတယ်။



အာဖဂန်တွေနဲ့ တွေ့ဆုံမယ့် ဆွေးနွေးပွဲကို အမေရိကန်ဘက်က ဇေလ်မယ် ခါလီဇက်က ဦးဆောင်ပြီး ၎င်းက ကာတာနိုင်ငံ မြို့တော် ဒိုဟာမှာ အောက်တိုဘာလက ကျင်းပတဲ့ ခြောက် ကြိမ်မြောက် ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူဖြစ်ပါတယ်။နောက်ဆုံးသွေးထွက် သံယို မှုက မြောက်ပိုင်း ဘဂါဟမ်ပြည်နယ် နာဟီရင်ခရိုင်မှာ ရှိတဲ့ စနေနေ့အစောပိုင်း က အစိုးရလိုလား တဲ့ ပြည်သူစစ်စခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

ပြည်နယ်ရဲတပ်ဖွဲပြောရေးဆိုခွင့်ရှိသူအဆိုအရ ပြည်သူစစ် ၂၆ ဦးကို သတ်ဖြတ်ခဲ့တယ် ဆိုပါတယ်။ ကဘူးလ်ရှိ အကြီးတန်းကာကွယ်ရေးဝန်ကြီးဌာန အရာရှိကတော့ တာလီဘန်တို့ အနေနဲ့ ဆွေးနွေးညှိနိုင်းရာမှာ မာမာထန်ထန်ရပ်တည်နိုင်တာကို ပြတ်ပြတ်သားသား ပြချင်တဲ့အနေနဲ့ ဒီလို တိုက်ခိုက် တာလို့ ပြောပါတယ်။

တာလီဘန်တွေဘက်ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ တိုက်ခိုက်ခဲ့တာလို့ ၀န်ခံပြီး ပြည်သူစစ် ၂၈ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အာဖဂန်အစိတ်အပိုင်းတွေမှာ အမေရိကန်အများစုပါဝင်တဲ့ နေတိုးတပ်ဖွဲဝင် ၂၀၀၀၀ ကျော် ရှိပြီး အာဖဂန်တပ်ဖွဲ့ဝင်တွေကို လေ့ကျင်၊ထောက်ပံ့နဲ့ အကြံပေးအလုပ်တွေ လုပ်ဆောင်နေပြီး တချို့ကတော့ အမေရိကန်ရဲ့ အကြမ်းဖက်နှိမ်နှင်းမှု စစ်ဆင်ရေးမှာ ပါဝင်နေပါတယ်။

No comments:

Post a Comment