Pages
Sunday, May 19, 2019
မိုးသက်လေပြင်းကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်းရှိ စစ်ဘေးဒုက္ခသည် စခန်း ၈၀ ရာခိုင်နှုန်းခန့် ပျက်စီး
လဟယ်မြို့နယ်တွင် တပ်မတော်နှင့် အိန္ဒိယ လက်နက်ကိုင်အဖွဲ့ NDFB ကြား တိုက်ပွဲဖြစ်ပွား
မြန်မာ - အိန္ဒိယ နယ်စပ်လဟယ်မြို့နယ်တွင် တပ် မတော်နှင့် အိန္ဒိယလက်နက်ကိုင် အဖွဲ့ ဘိုဒိုဒီမိုကရက်တစ်အမျိုးသား လွတ်မြောက်ရေးတပ်ဦး (NDFB) အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် အတည်ပြုသည်။ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက် စဉ်နယ်ခြားမှတ်တိုင်(၁၄၉)၏ အ ရှေ့ဘက်သုံးမိုင်အကွာရှိ NDFB စခန်းတစ်ခုကိုတွေ့ရှိရာမှ မေလ ၁၇ ရက်နံနက်တွင် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း၎င်းကဆိုသည်။ တိုက်ပွဲ ဖြစ်စဉ်အတွင်းနှစ်ဖက်ထိခိုက်မှု မရှိဟုလည်း ပြောသည်။
နယ်သာလန်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဒီလစ်ရရှိ
မွန်ညီညွတ်ရေးပါတီ တည်ထောင်ဖွဲ့စည်းခွင့်ရ
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသား ပါတီတို့ ပူးပေါင်း၍ မွန်ညီညွတ် ရေးပါတီအဖြစ် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က တည် ထောင်ဖွဲ့စည်းခွင့်ပြုကြောင်း မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင် များက ပြောသည်။ အဆိုပါ မွန်နှစ်ပါတီပေါင်း စည်းပြီး မွန်ညီညွတ်ရေးပါတီအ ဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ၂၀၁၈ ဒီဇင်ဘာက ပါတီတည်ထောင် ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ရာ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ မေလ ၁၇ ရက်စွဲဖြင့် ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြု ကြောင်း အကြောင်းကြားခဲ့သည် ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ဆိုသည်။
လုံခြုံရေးတပ်ဖွဲ့ကို ဓာတ်ပုံရိုက်သည့် ကျေးရွာတာဝန်ခံအား စစ်ဆေးရာ AA နှင့် ပတ်သက်ကြောင်း တွေ့ရှိ၍ အရေးယူမည်ဟု တပ်မတော်ထုတ်ပြန်
တပ်မတော်စစ်ကြောင်း အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် များကို ဓာတ်ပုံရိုက်သည့် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာ တာဝန်ခံတစ်ဦးကို စစ်ဆေးရာ ၎င်းကိုင်ဆောင်သည့် ဖုန်းအတွင်း မှ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ယူနီဖောင်းဝတ်ဆင်ပြီး လက်နက် ကိုင်ဆောင်ထားသည့် ဓာတ်ပုံ အပါအဝင် AA နှင့် ပတ်သက် သည့် အထောက်အထားများ ရှာဖွေသိမ်းဆည်းရမိ၍ တရား ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း တပ် မတော်က သတင်းထုတ်ပြန် သည်။
ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရရှိမှု ဆက်လက်ကျဆင်း
ယခုနှစ်အတွင်း ပြည် တွင်း၊ ပြည်ပအလုပ်အကိုင်ရရှိမှု ဆက်လက်ကျဆင်းနေကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၏ လအလိုက်အလုပ်အကိုင် ရရှိမှု စာရင်းထုတ်ပြန်ချက်များ အရ သိရသည်။ အဆိုပါဌာနကနောက်ဆုံး ထုတ်ပြန်သည့် ဧပြီအတွင်းပြည် တွင်းအလုပ်အကိုင်ရရှိမှု ဦးရေ ၂၄,၀၀၀ ကျော်နှင့် ပြည်ပအ လုပ်အကိုင်ရရှိမှု ဦးရေ ၂၀,၀၀၀ ကျော်ရှိသည်။
ပြည်ပကစားသမားသုံးဦးကို ရှမ်းအသင်း ခေါ်ယူအားဖြည့်
ရှမ်းအသင်းသည် ရာသီဝက် အပြောင်းအရွှေ့ကာလတွင် ပြည်ပကစားသမားသုံးဦးဖြစ် သည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အီမန်နူရယ်၊ အိုင်ဗရီကို့စ် ကွင်း လယ်လူမက်ဆီမင်နှင့် ကင်မရွန်းနောက်ခံလူ ၀ီလျံတို့ကို အားဖြည့်ခေါ်ယူသည်။ ၂၀၁၉ မြန်မာလိဂ်ပထမ အကျော့အပြီးတွင် အမှတ်ပေး ဇယားကို ဦးဆောင်ထားသည့် ရှမ်းအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘရာဇီးကစားသမား သုံးဦးဖြစ်သည့် ဒီဒီမာ၊ ဂူစတာဗို၊ မယ်ကွန် တို့နှင့် နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် ကစားသမားသစ်များ အစားထိုး ခေါ်ယူခြင်း ဖြစ်သည်။
ဘောလုံးအကယ်ဒမီ လူရွေးပွဲသို့ ကစားသမား ၂၀၀ ကျော် လာရောက်ရွေးချယ်ခံ
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးအကယ်ဒမီများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အ တွက် နောက်ဆုံးအဆင့် ကျောင်းသားသစ်များ ရွေးချယ်ပွဲတွင် ကစားသမား ၂၀၀ ကျော် လာ ရောက် ရွေးချယ်ခံသည်။ အဆိုပါ ကျောင်းသားသစ် ရွေးချယ်ပွဲကို မေလ ၁၅ ရက်မှ၁၈ ရက်အထိ မန္တလေးမြို့ရှိ မြန်မာဘောလုံး အကယ်ဒမီ(မန္တ လေး)၌ ကျင်းပခဲ့သည်။ ကစားသမားသစ် ရွေးချယ်ပွဲသို့တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၄၊ ယူ-၁၂ ပြိုင်ပွဲများမှ ပဏာမရွေးချယ်ခံထားရသည့် ကစားသမား ၅၀ ကျော်နှင့်ပခုက္ကူ၊ မော်ကျွန်း၊ ရှမ်း(တောင်) စသည့် အခြားဒေသများမှ လူငယ် ၁၅၀ ကျော် လာရောက်ရွေးချယ်ခံကြသည်။
ဂျပန်ကုမ္ပဏီနှစ်ခုက လျှပ်စစ်ကဏ္ဍတွင် မြှုပ်နှံရန် ထိုင်း TTCL ကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူ
ဂျပန်ကုမ္ပဏီနှစ်ခုက အလုံမြို့နယ်ရှိ ၁၂၁ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၏ ရှယ်ယာ ၅၇ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံအခြေ စိုက် TTCL ကုမ္ပဏီထံမှ ဝယ်ယူ ခဲ့ကြောင်း အဆိုပါ ဂျပန်ကုမ္ပဏီ များက သတင်းထုတ်ပြန်သည်။ ရှယ်ယာ ဝယ်ယူခဲ့သည့် ဂျပန်ကုမ္ပဏီများသည် Shikoku Electric Power နှင့် Chugoku Electric Power တို့ဖြစ်ပြီး ယင်း ကုမ္ပဏီနှစ်ခုက ရှယ်ယာ ၂၈ ဒသမ၅ ရာခိုင်နှုန်းစီနှင့် ထိုင်း TTCL ကုမ္ပဏီက ကျန် ၄၃ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။ အဆိုပါ ဂျပန်ကုမ္ပဏီများ ဝယ်ယူခဲ့သည့် အလုံဓာတ်အား ပေးစက်ရုံသည် ၂၀၁၃ ဧပြီတွင် စတင်လည်ပတ်နေပြီး ၂၀၄၃ မေလအထိ နှစ် ၃၀ ကြာ စီမံကိန်း အဖြစ် ဂျပန်နှင့် ထိုင်းကုမ္ပဏီများ က ဆက်လက်လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။
စစ်ဘေးဒုက္ခသည်များပြန်လည်အခြေချသည့် နန်ဆန်ယန်ရွာတွင် ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နန်ဆန်ယန် ကျေးရွာတွင် ကျေးရွာပြန်လည် ထူထောင်ရေးနှင့်ရှစ်နှစ်ကြာပိတ် ထားသည့် အစိုးရအလယ်တန်း ကျောင်းဖွင့်လှစ်နိုင်ရေး စတင် လုပ်ဆောင်နေကြောင်း ၀ိုင်းမော် မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးဦးထွန်းထွန်းက ပြောသည်။ ယင်းကျေးရွာမှ ဒေသခံများ သည် ခုနစ်နှစ်ကျော်စစ်ဘေးတိမ်း ရှောင်ပြီးနောက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်၏အ စီအစဉ်ဖြင့် ဇန်န၀ါရီက ကျေးရွာ သို့ ပြန်လည်အခြေချနေထိုင်ခဲ့ ခြင်းဖြစ်သည်။
ပန်ဝါဒေသသတ္တုတူးဖော်ရေး လုပ်ကွက်များကို ကချင်ပြည်နယ်အစိုးရ ကွင်းဆင်းစစ်ဆေး လုံခြုံရေးအခြေအနေအရ နေရာစုံစစ်ဆေးနိုင်ခြင်းမရှိခဲ့ဟု ပြည်နယ်ဝန်ကြီးပြော
ကချင်ပြည်နယ် ပန် ၀ါဒေသ၌ သတ္တုတူးဖော်ရေး ကုမ္ပဏီက စွန့်ပစ်သည့် ရေဆိုး များကြောင့် အိမ်မွေးတိရစ္ဆာန်များ အစာအဆိပ်သင့်နေသဖြင့် စစ်ဆေးပေးရန်ဒေသခံများက ပြည်နယ်အစိုးရထံတိုင်ကြား၍ သွား ရောက်စစ်ဆေးရာတွင် လုံခြုံရေး အခြေအနေအရ နေရာစုံစစ်ဆေး နိုင်ခြင်းမရှိကြောင်း ပြည်နယ် သယံဇာတ၀န်ကြီးကပြောသည်။ ကချင်ပြည်နယ်သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် ယင်းဌာန တာဝန်ရှိသူများပါ ၀င်သောအဖွဲ့သည် ပန်ဝါဒေသ သို့မေလ ၁၅ ရက်နှင့် ၁၆ ရက် တွင် သွားရောက်စစ်ဆေးခဲ့သည်။
မန်းစည်ပင်နယ်နိမိတ်အတွင်း အိမ်နံပါတ်၊ လမ်းနံပါတ်များကို ZIP Code များဖြင့် သတ်မှတ်မည်
မန္တလေးမြို့နယ် စည် ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များ၌ လမ်းနံပါတ်နှင့် အိမ်နံပါတ်များ စနစ်တကျဖြစ် စေရေး ZIP Code များဖြင့် ပြန် လည်သတ်မှတ်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးရဲလွင်က ပြော သည်။ ‘‘မန္တလေးမြို့တော်အတွက် ZIP Code လမ်းနံပါတ်နဲ့ အိမ်နံ ပါတ်တွေ စနစ်တကျဖြစ်စေရေး အတွက် သုတေသနပြုလုပ်ချက် တွေကို ၂၀၁၈ ဇူလိုင်ကတည်းက စပြီး လေ့လာပြုစုခဲ့ကြတာပါ။ နိုင်ငံပေါင်းစုံရဲ့ စံနှုန်းများကို နှိုင်း ယှဉ်ပြီး လုပ်ဆောင်သွားမှာ ဖြစ် ပါတယ်’’ဟု မြို့တော်ဝန်ဦးရဲလွင် က ၎င်း၏လူမှုကွန်ရက်တွင် မေ လ ၁၆ ရက်က ရေးသားသည်။
ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်၊ မ၀င် ဆုံးဖြတ်မယ့် အစည်းအဝေး တက်ရောက်မယ့် အေးဝတ်ရည်သောင်း
ECO Green City လုပ်ငန်းများ စတင်၊ တန်ဖိုးနည်းအိမ်ရာများ ပါဝင်
ပြည်ပသို့ ချုပ်ထည်တင်ပို့မှုမှ ဒေါ်လာငါးဘီလီယံခန့်ရမည်ဟု ခန့်မှန်း
၂၀၁၉ အတွင်း ပြည်ပ သို့ ချုပ်ပြီးထည် တင်ပို့မှုမှ ဒေါ်လာ ငါးဘီလီယံခန့် ဝင်ငွေရရှိမည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအ သင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြော ကြားသည်။ လုပ်သား ငါးသိန်းခန့်ဖြင့် လည်ပတ်နေသော အထည်ချုပ် ကဏ္ဍသည် ယခုနောက်ပိုင်း အ များဆုံး ပို့ကုန်ဖြစ်လာသည်။ ‘‘မြန်မာနိုင်ငံရဲ့ ပို့ကုန်တိုး တက်မှုမှာ အထည်ချုပ်တင်ပို့မှုက တိုးတက်မှုအများဆုံးပဲ’’ဟု စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ပြောသည်။
ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးဟု နာပိုလီနှင့်ပွဲမတိုင်မီ အင်တာမီလန် ကစားသမားများကို နည်းပြသတိပေး
ခံစစ်နှင့် တိုက်စစ်အား ပြိုင်ပွဲဟု ၎င်းရှုမြင်သော နာပိုလီ သို့ ခက်ခဲသည့် ခရီးမတိုင်မီ အင် တာမီလန်သည် ထိပ်သီးလေး သင်းနေရာ သေချာပေါက်ရရှိမည် ဟု မယူဆနိုင်ကြောင်း နည်းပြ စပယ်လက်တီက သတိပေးပြော ကြားသည်။ ‘‘နှစ်ပွဲကစားဖို့ ကျန်နေသေး ပြီး ကျွန်တော်တို့အနေနဲ့ အနည်း ဆုံး တစ်ပွဲနိုင်ရမယ်။ ပြီးတော့ ကျွန်တော်တို့က နာပိုလီနဲ့အန္တ ရာယ်ရှိတဲ့ အဝေးပွဲကစားရမယ်။ သူတို့က ဘယ်လောက်အင်အား တောင့်တင်းတယ်ဆိုတာ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ပြသခဲ့ပြီးသား ပါ။
အလုပ်သမားများ တိုင်ကြားမှုနှင့်ပတ်သက်၍ တစ်သျှူးငှက်ပျောကုမ္ပဏီ လုပ်အားခပေးချေရန် တာဝန်ရှိသူများ ဆုံးဖြတ်
ဝိုင်းမော်မြို့တွင် တစ်သျှူးငှက်ပျောကုမ္ပဏီက လုပ်အားခမပေးဘဲ စာချုပ်ဖျက်သိမ်း သည်ဆိုကာ တိုင်ကြားထားမှု အတွက် ကုမ္ပဏီက အလုပ်သမား ခေါင်းဆောင် သုံးဦးအား လုပ်အားခ ကျပ် ၃၆ သိန်းပေးရန် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုံးဖြတ်သည်။ ၀ိုင်းမော်မြို့နယ် တာနောကြီးရွာမှ တစ်သျှူးငှက်ပျော စိုက်ပျိုးရေး ကုမ္ပဏီဖြစ်သည့် ဟော့ရှန်းကုမ္ပဏီနှင့် အခကြေးငွေယူ၍ ငှက်ပျောစိုက်သော တောင်သူများကြား ပြဿနာကို ဌာနဆိုင်ရာတာဝန်ရှိ သူများပါဝင်သော ညှိနှိုင်းဖျန်ဖြေရေးရုံးက မေလ ၁၇ ရက်တွင် ဖြေရှင်းခြင်း ဖြစ်သည်။
ထိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲထားသော မြန်မာလုပ်သားငါးဦးကို သေနတ်များနှင့်ဖမ်းမိ
ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင် ခလွန်လုံဝါမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲထား သော မြန်မာလုပ်သားငါးဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိသည်။ ယမန်နေ့တွင် မူးယစ်ဆေး ၀ါးသုံးစွဲထားသော မြန်မာလုပ် သားငါးဦးသည် နေအိမ်အတွင်း အော်ဟစ်ဆူညံနေ၍ အနီးဝန်း ကျင်ရှိ ထိုင်းနိုင်ငံသားများကတား မြစ်ရာသေနတ်ဖြင့် ချိန်ရွယ်ပြီး ပြန်လည်ခြိမ်းခြောက်သဖြင့် ရဲ တပ်ဖွဲ့ထံ တိုင်ကြားရာဖမ်းဆီးခံရခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကဆုန်လပြည့် ဗုဒ္ဓနေ့အတွက် သဝဏ်လွှာပေးပို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီကနေ့ ကဆုန်လပြည့်နေ့မှာ ကျရောက်တဲ့ ဗုဒ္ဓနေ့အတွက် သဝဏ်လွှာပေးပို့လိုက်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ မေလ ၁၉ ရက်တွင်ကျရောက်သော ဗုဒ္ဓနေ့ကို ဆင်နွှဲနေကြသူအားလုံး ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်းဖြင့် ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်သူများကိုယ်စား နွေးထွေးသောဆုတောင်းမေတ္တာကို မိမိပို့သအပ်ပါသည်။
မြန်မာမူးယစ်ဂိုဏ်း ထိုင်းရဲဖမ်း
ထိုင်းနိုင်ငံ ချွန်ဖုန်းခရိုင်နဲ့  ထိုင်းတောင်ပိုင်းမှာ အဓိက မူးယစ် ဂိုဏ်းဝင်တွေကို ဆက်တိုက် ဖမ်းဆီးနိုင်ခဲ့သလို ကာလတန်ဖိုး ထိုင်းဘတ်ငွေ သန်း၄၀၀လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေး၃သန်းခွဲကို ဖမ်းမိကြောင်း အမှတ် (၈) ဒေသ မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ နကော်ဖနုန် ခရိုင် ကလောင်လွမ် မြို့ နယ်အတွင်းမှာတော့ မြန်မာနိုင်ငံသား မူးယစ်ဂိုဏ်း ကို ထိုင်းရဲတွေက ၀င်ရောက်စီးနင်းခဲ့ရာမှာ လက်နက်တွေနဲ့အတူမြန်မာနိုင်ငံသား ၅ဦးကိုဖမ်းဆီးခဲ့ပါတယ် ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ် ။ပခုက္ကူမြို့က လမ်းချဲ့ဖို့ မလွတ်တဲ့ သစ်ပင် ၂၀ ကို မခုတ်တော့ဖို့ သဘောတူ
ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်မှာ ဝေဖန်မှုတွေရှိခဲ့တဲ့ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ-ပေါက်လမ်းက မြို့မလမ်းချဲ့ဖို့အတွက် မလွတ်တဲ့ နှစ်ရှည်သစ်ပင် ၂၅ ပင်ထဲက အပင် ၂၀ ကို မခုတ်တော့ဖို့ ဒေသခံတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ဒီနေ့အစည်းအဝေးကျင်းပပြီး သဘောတူဆုံးဖြတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျန်တဲ့ အပင် ငါးပင်ကိုလည်း လာမယ့် တနင်္လာနေ့မှာ ကွင်းဆင်းလေ့လာပြီး ခုတ်သင့်၊ မသင့် ဆုံးဖြတ်သွားမယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဒေသခံ ဦးမင်းသန့်စင်က ပြောပါတယ်။
ဖားကန့်မှာ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာ မနေ့ မနက်က အမြင့် ၁၀ ပေ ကျော်လောက်ရှိတဲ့ မြေပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက် ဝင်ရောက် ရှာဖွေသူ တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူ နှစ်ဦးကို ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံးမှာ တင်ပို့ ကုသပေးထားကြောင်း ဖားကန့်မြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဖုန်ဂမ်ရိန်က RFA ကို ပြောပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျောက်တန်းကျေးရွာကနေ စစ်တပ်ထွက်ခွာပြီ
ရက္ခိုင့် တပ်မတော် AA အဖွဲ့နဲ့ ဆက်စပ်နေလား ဆိုတဲ့ သံသယနဲ့ အစိုးရစစ်တပ်ရဲ့ ဖမ်းဆီး စစ်ဆေးတာ ခံရပြီး ပစ်ခတ်မှုကြောင့် ရွာသား ၆ ဦး သေဆုံးရသလို ၈ ဦး ဒဏ်ရာ ရရှိခဲ့တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာမှာ ရှိနေတဲ့ စစ်တပ်တွေ ထွက်ခွာသွားခဲ့ပြီလို့ ရွာခံတွေက ပြောပါတယ်။ အစိုးရ တပ်မတော်က စစ်သား ၃၀၀ နီးပါးလောက်ဟာ ကျောက်တန်းကျေးရွာထဲကို ဧပြီလ ၃၀ ရက်က ဝင်ရောက် နေရာယူခဲ့တာ ဖြစ်ပြီး မေလ ၁၅ ရက် ညဥ့်အချိန်မှ ရွာကနေ ထွက်ခွာ သွားခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
ကုန်စည် သယ်ပို့မှု ကန့်သတ်လို့ တရုတ် မြန်မာ နယ်စပ်ဂိတ် အငြင်းပွားမှု ဖြစ်ရတာလို့ ဒေသခံတွေပြော
မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက ဝင်ပေါက် ထွက်ပေါက် ဖြစ်တဲ့ ဆင်ဖြူဂိတ်မှာ မေလ ၁၇ ရက်နေ့ က မြန်မာနိုင်ငံသားအချို့ နဲ့တရုတ်ရဲတွေကြားရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ တရုတ် ရဲတချို့ဟာ မြန်မာနိုင်ငံထဲထိဝင်ရောက် ပြီး ကားသမားတစ်ဦးကိုဖမ်းဆီးရကနေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ။ တရုတ်ရဲတွေ ရဲ့ ဝင်ရောက် ဖမ်းဆီးခြင်း ကို ခံရတဲ့ ကိုစန်းမြင့်အောင် ပြောတာ က တရုတ် နိုင်ငံထဲ ကို ဝင်မယ် ဆိုရင် အရင်တုန်း က မနက်၈ နာရီ ကနေ ည ၁၂ နာရီ ခွဲ အထိ ခွင့်ပြု ပေးထားခဲ့တယ်လို့ ပြောပါတယ်။ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ဆန္ဒပြတောင်းဆိုမည်
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့မြို့နယ် လေးခုမှာ မနက်ဖြန် ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တွေမြို့မှာရှိတဲ့ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးတွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေက နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ မေလ ၉ ရက်နေ့က စာပေးပို့တောင်းဆိုခဲ့ကြပါတယ်။
ကနေဒါနဲ့ မက္ကစီကို ကုန်စည်တချို့အပေါ် သွင်းကုန်ခွန်ကောက်ခံမှု ကန်ရုပ်သိမ်း
ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက အလူမီနီယံနဲ့ သံမဏီ သွင်းကုန်ခွန်တွေကို ပယ်ဖျက်ဖို့ အမေရိကန်က သဘောတူလိုက်ပြီး တနင်္ဂနွေနေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ကနေဒါနဲ့ မက္ကဆီကို အစိုးရတွေအနေနဲ့ သူတို့နိုင်ငံတွေကို ဖြတ်ပြီး တရုတ်သံမဏိတွေ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်လာမှာကို တားမြစ်ပေးရမှာ ဖြစ်ကြောင်း The Washington Post သတင်းစာမှာ သောကြာနေ့က ဖော်ပြထားပါတယ်။
ခိုလှုံခွင့်လျှောက်ထားသူ ရာနဲ့ချီ တက္ကဆက်ကနေ ကယ်လီဖိုးနီးယားကို လေယာဉ်နဲ့ပို့
အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချနေထိုင်ဖို့ကြိုးစားသူ ရာပေါင်းများစွာကို လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့အတွက် အမိမြေလုံခြုံရေး ၀န်ကြီးဌာနက တက္ကဆက်ပြည်နယ်တောင်ပိုင်းကနေ ကယ်လီဖိုးနီးယားပြည်နယ် San Diego မြို့ကို လေယာဉ်နဲ့ ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
Saturday, May 18, 2019
အမေရိကန်တွင် လေ့ကျင့်ရေး တိုက်လေယာဉ်တစင်း ပျက်ကျ
အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ မေလ ၁၆ ရက်က လေ့ကျင့်ရေးလုပ်နေတဲ့ F-16 တိုက်လေယာဉ်တစင်း ကုန်လှောင်ရုံတခုထဲ ပျက်ကျခဲ့ပါတယ်။ တိုက်လေယာဉ် ပိုက်လော့ဖြစ်သူ အရေးပေါ် ခုန်ထွက်နိုင်ခဲ့ပေမယ့် မြေပေါ်က လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်လို့ MARCH BASE တပ်မှူးဖြစ်သူက တိုက်လေယာဉ်ပေါ်ကနေ အရေးပေါ် ခုန်ထွက်တဲ့ ပိုင်းလော့နဲ့ မြေပြင် ဒဏ်ရာရသူတွေကို ဒေသဆေးရုံ ပို့ဆောင်ထားပြီး သူတို့အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။
ရေနံပိုက်လိုင်းများကို ဒရုန်းဖြင့် တိုက်ခိုက်ရန်အီရန်အမိန့်ပေးခဲ့ဟု ဆော်ဒီအာရေဗျစွပ်စွဲ
အီရန်နိုင်ငံသည် ဆော်ဒီအာရေဗျ၏ ရေနံစုပ်တင်ရာနေရာများကို တိုက် ခိုက်ရန်အမိန့်ပေးခဲ့သည်ဟု ဆော်ဒီ ဒုတိယကာကွယ်ရေးဝန်ကြီးက မေ ၁၆ ရက်တွင် စွပ်စွဲပြောကြားလိုက်ပြီး အီရန်မဟာမိတ် ဟူသီပြည်သူ့စစ်များက အဆိုပါတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ကြေညာသည်။ ဟူသီတို့က မေ ၁၄ ရက် ဒရုန်းများ ဖြင့် အနောက် - အရှေ့ရေနံပိုက်လိုင်းအား တိုက်ခိုက်မှုမှာ ၎င်းတို့ဖြစ်သည်ဟု ပြော ကြားလိုက်ပြီး ၎င်းတို့မှာ ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များကို တိုက်ခိုက်နေသည်မှာ လေးနှစ်ခန့်ကြာပြီ ဖြစ်သည်။ ဟူသီတို့၏တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊သို့သော် ရေနံထုတ်လုပ်မှု သို့မဟုတ် တင်ပို့မှုကို မထိခိုက်ကြောင်း ဆော်ဒီအာရေဗျက ပြောသည်။
သြစတြေးလျတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ
သြစတြေးလျ အထွေထွေရွေးကောက်ပွဲကို ဒီကနေ့မှာ ကျင်းပပါတယ်။ ဒီအတွက် မဲဆန္ဒရှင်တွေဟာ ဗဟိုလက်ယာ လစ်ဘရယ် အမျိုးသား ညွန့်ပေါင်းအစိုးရကို မဲပေးမလား၊ ဗဟိုလက်ဝဲ လေဘာပါတီကို မဲပေးမလား ဆုံးဖြတ်ရမှာပါ။ ဒီရွေးကောက်ပွဲမှာ လေဘာပါတီ အာဏာပြန်ရနိုင်တယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်တွေ ထွက်နေပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ ၆ နှစ်တာကာလမှာ အစိုးရ နိုင်ငံရေးသြဇာကင်းမဲ့ပြီး ရာသီဥတုပြောင်းလဲတာနဲ့ အခွန်စနစ် ပြောင်းလဲရေးကို အဓိကထားတဲ့ မဲဆွယ်တာတွေ ရှိလို့ပါ။
နိုင်ငံခြားသားများ စတော့ အိတ်ချိန်း ရှယ်ယာ ဝယ်ယူခွင့် ပေးတော့မည်
ရန်ကုန် စတော့ အိတ်ချိန်း၏ ၃ နှစ်ကျော် သက်တမ်းတွင် နိုင်ငံခြားသား ရှယ်ယာ ဝယ်ယူခွင့်ကို မကြာမီ ခွင့်ပြုသွားရန် ရှိကြောင်း ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM) ထံက သိရသည်။ လက်ရှိ အချိန်တွင် နိုင်ငံခြားသား ရှယ်ယာဝယ်ယူခွင့်ကို SECM ဘက်မှာ စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ဆောင်ရွက်ခြင်း များ ပြီးစီး၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနသို့ တင်ပြထားပြီး ဝန်ကြီးဌာနက ခွင့်ပြုပါက စတင် လုပ်ကိုင်နိုင်ပြီဖြစ် ကြောင်း SECM အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။
ဝီဂါမွတ်စလင်တွေအပေါ် တရုတ်ရဲ့ ဆက်ဆံပုံကို ဘင်္ဂလားဒေ့ရှ်မှာ ရာပေါင်းများစွာ ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင် ရာပေါင်းများစွာဟာ တရုတ်အစိုးရရဲ့ ဝီဂါမွတ်စလင်တွေကို ဆက်ဆံပုံနဲ့ ပတ်သက်ပြီး မြို့တော်ဒါကာမှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။ တရုတ် အနောက်စွန်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်လူနည်းစုတွေကို တရုတ်အစိုးရဟာ ကြီးမားတဲ့ ချုပ်နှောင်မှုမျိုးနဲ့ ပြုမှုဆက်ဆံနေတယ်လို့ စွပ်စွဲမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ ဆိုပြီး ဝီဂါမွတ်စလင် တစ်သန်းခန့်ကို စခန်းသွင်း ထိန်းသိမ်းတာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ပညာတတ်များကို ခွင့်ပြုသည့် လူဝင်မှုကြီးကြပ်ရေးစနစ်အဖြစ် ပြောင်းလဲလိုဟု ထရမ့် ပြော
အမေရိကန်နိုင်ငံမှာ မိသားစုဝင်ရှိလို့ ခွင့်ပြုတာထက် ငယ်ရွယ် ပညာတတ်၊ အင်္ဂလိပ်စကားပြောတတ်ပြီး အလုပ်ခေါ်စာနဲ့အတူ လျောက်ထားသူတွေကို ခွင့်ပြုတဲ့ လူဝင်မှု ကြီးကြပ်ရေးစနစ်ကို ပြောင်းလဲလိုတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ သမ္မတ ထရမ့်ရဲ့ ဒီအစီအစဉ်ဟာ လူဝင်မှုကို လက်ခံလိုတဲ့ ရီပတ်ဘလီကန် တချို့နဲ့ ကန့်သတ်လိုတဲ့ တခြားလူတွေကို ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ စည်းလုံးညီညွတ်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
မဟာဝိဇယရံသီ ပုထိုးတော်ကြီးအား အနေကဇာတင်လှူပူဇော်

မန္တလေး အမရပူရ မြို့တွင် တည်ထားကိုးကွယ်ပူဇော်ထားသည့် မဟာဝိဇယရံသီ ပုထိုးတော်ကြီးကို ယနေ့ ကဆုန်လပြည့်နေ့ စနေနေ့တွင် ဆရာတော် သံဃာတော်(၁၀၈၀) ပါးက အနေကဇာတိ သံသာရံ အစချီသည့် ဂါထာတော် ဖြင့် အနေကဇာတင်လှူပူဇော်ခဲ့ကြပါသည်။ အနေကဇာတင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အမှူးပြုသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊အလှူရှင် အမရပူရ မြို့သစ်စီမံကိန်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် အပါအ၀င် ၇ ရက်သားသမီးအလှူရှင်များ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ကဆုန်ညောင်ရေသွန်းပွဲကိုပါ ဆက်လက် ကျင်းပခဲ့ကြောင်းသိရသည်။
ဦးဝီရသူ လှူဒါန်းမှု အောင်သပြေဒေသခံများ လက်မခံ
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး စီမံကိန်းကို ကန့်ကွက်နေသည့် ဒေသခံများအား ဆရာတော်ဦးဝီရသူ က လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ နိုင်ငံရေး အသုံးချခံမဖြစ်လိုတဲ့အတွက် အဆိုပါ လှူဒါန်းမှုကို လက်မခံကြောင်း သိရသည် ။ အမျိုးသားရေးတက်ကြွလှုပ်ရှားသည့် ဆရာတော်ဦးဝီရသူ အနေဖြင့် မေလ ၁၇ ရက်နေ့ က ငွေကျပ် ငါးသိန်းနှင့် ရေဘူး၊ ဓာတ်ဆားထုတ်များကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အလှူငွေကို လက်မခံခဲ့သော်လည်း ရေသန့်ဘူးနှင့် ဓာတ်ဆားထုတ်များကို ချထားပေးခဲ့ကြောင်း သိရသည်။ဗိုလ်မင်းရောင်ရုပ်တု မကွေးတွင် ဖွင့်လှစ်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြို့လုလင်အုပ်စု၊ မြို့လုလင်ကျေးရွာတွင် ယနေ့ မေ ၁၈ ရက်နေ့ နံနက်ပိုင်းက ဗိုလ်မင်းရောင်ရုပ်တုဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ဗိုလ်မင်းရောင်ရုပ်တုအား စက်ခလုပ် နှိပ်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ မန္တလေးမြို့၊ မနောမယဆရာတော် ဦးနန္ဒိယ၏ မတည်ငွေ ငွေကျပ်သိန်း၂၀ နှင့် ဒေသခံပြည်သူများ ထည့်ဝင်ငွေ ကျပ် ၅၀ သိန်း စုစုပေါင်း ရုပ်တုကုန်ကျငွေ ကျပ်သိန်း ၇၀ ကုန်ကျခဲ့ကြောင်း သိရသည်။
အမြင့်ပေ ၃၀ ရှိ သစ်ပင်ပေါ် သတိမေ့နေသူကို မီးသတ်တပ်ဖွဲ့ ကယ်တင်
ကျောက်ကုန်းမြို့နယ်မှာ အမြင့်ပေ ၃၀ လောက်ရှိ သစ်ပင်ပေါ် သစ်ကိုင်းတက်ခုတ်တဲ့ သစ်ပင်ခုတ်သူ သတိလစ်သွားလို့ မီးသတ်တပ်ဖွဲ့က ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ကျန်စစ်သား ၁ လမ်းမှာ အမြင့်ပေ ၃၀ လောက်ရှိရှိ မလေးရှားပိတောက်ပင်အား သစ်ကိုင်း တက်ခုတ်သူ ကိုမြင့်အေးဟာ သစ်ပင်ပေါ် သတိလစ်ခဲ့တာဖြစ်ပြီး မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်တွေက သက်စွန့်ကြိုးပမ်း ကယ်တင်နိုင်ခဲ့ပြီး၊ မြို့နယ်ကြက်ခြေနီ လူနာတင်ယာဉ်နဲ့ ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။ “အခုအခါ လူနာမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ပါဘူး။ ရှာဖွေကယ်ဆယ် အမှန်တကယ်ဆောင်ရွက်ခဲ့တဲ့ မြို့နယ် မီးတပ်ဖွဲ့ဝင်တွေအား အထူးကျေးဇူးတင်ရှိပါတယ်” လို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးကပြောပါတယ်။
တရုတ်နိုင်ငံမှ တင်ပို့လိုက်သော နောက်ထပ်ဆေးဘက်ဆိုင်ရာအကူအညီ ဗင်နီဇွဲလားနိုင်ငံ လက်ခံရရှိ
ဗင်နီဇွဲလားနိုင်ငံသို့ တရုတ်နိုင်ငံမှ ပေးပို့လိုက်သော တတိယအကြိမ်မြောက်တင်ပို့လိုက်သော ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ၆၄ တန်အား မေလ ၁၆ ရက်က လက်ခံရရှိခဲ့ကြောင်း ဗင်နီဇွဲလား တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ အကူအညီများသည် နိုင်ငံ၏ ကျန်းမာရေးစနစ်အတွက် အခြေခံကျပြီး မရှိမဖြစ်လိုအပ်ချက်များ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ကာလော့စ် အယ်လ်ဗာရာဒို (Carlos Alvarado) က ဆိုင်မွန် ဘိုလီဗာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြောကြားခဲ့သည်။လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆန်စက်လုပ်ငန်းများရပ်ဆိုင်းပြီး ဈေကွက်ကိုထိခိုက်နေ
၂၀၁၉ခုနှစ်၊ နွေစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လုပ်သင့်သော၊ စီစဉ်သင့်သော ကိစ္စများကိုလုပ်ဆောင်လျှက်ရှိပါတယ်။ အခုလိုစပါးဈေးကွက်ကျဆင်းရခြင်းကလည်းလျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဆန်စက်လုပ်ငန်းများအနေဖြင့် စက်ပုံမှန် မလည်ပတ်နိုင်သော အခြေအနေဟာ လက်ရှိဆန်စပါး ဈေးကွက် အပေါ် ကြီးမားစွာ သက်ရောက်မှုရှိနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ဒီကနေ့ မေလ(၁၈)ရက်နေ့ကထုတ်ပြန်ကြေညာထားပါတယ်။
မန္တလေးမြို့တွင် နေအိမ်အတွင်း ဝင်ရောက်လုယက်မှုဖြစ်ပွား
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်က နေအိမ်အတွင်း ဝင်ရောက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ ဒေါ်ခင်သန်းမြင့် သည် နေအိမ်အိပ်ခန်းအတွင်း၌ ကုတင်ပေါ်တွင် မှောက်၍ ဖုန်းကြည့်နေစဉ် နေအိမ်အခန်း အတွင်းသို့ အမည်မသိအမျိုးသား (၁) ဦးဝင်ရောက်လာကာ ဒေါ်ခင်သန်းမြင့် အား သိုင်းဖက်ထားရှိကာ ပါးစပ်အားပိတ်၍ မအော် ရန်ပြောဆိုခဲ့သည်။ကရင်နီ လူငယ် ၆ ဦးကို ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခြင်းဖြင့် ကယားဝန်ကြီးချုပ် ဒီမိုကရေစီကို ခြိမ်းခြောက်ဟုဆို
ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံရေး ဥပဒေပုဒ်မ ၁၀ ဖြင့် ကယားပြည်နယ်အစိုးရက အမှုဖွင့်ခြင်းသည် ၀န်ကြီးချုပ် ဦးအယ်ဖောင်းရှိုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုသော ဒီမိုကရေစီကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ကရင်နီလူငယ်များက ပြောဆိုလိုက်သည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ကန္ဒာဟေဝန် ပန်းခြံအတွင်းထားရှိသည့် ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေးအတွက် ဦးဆောင်ပါဝင်သော ကရင်နီပြည် လူငယ်များ အင်အားစုအဖွဲ့ဝင်များ ဖြစ်သော ခူးကြူးဖဲကေး ၊ ခူးရီးဒူး ၊ ခွန်းသောမိတ် ၊ မျိုးလှိုင်ဝင်း ၊ ပျားလေး ၊ ဒီးဒီး တို့ကို ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့ကို ကျေးဇူးကန်းသူများ၊ အမျိုးသားသစ္စာဖောက်များအဖြစ် ကြေညာခဲ့ မှု အပေါ် ကယားပြည်နယ်အစိုးရက ပုဒ်မ ၁၀နှင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အပစ်ရပ်သာတင်မက သျှမ်းတပ် ၂ ခုပူးပေါင်းစေလိုကြောင်းနမ့်ခမ်းမြို့ UP နှင့် SNDP ပူးပေါင်းထုတ်ပြန်
သျှမ်းပြည်တပ်မတော် ၂ ခု အပစ်ရပ်ကြောင်းကြေငြာချက်ထုတ်ပြန်သည့်အပေါ် ကြိုဆိုကြောင်းနှင့် ၎င်းတို့အား တဖွဲ့တည်းအဖြစ်ပူးပေါင်းစေလိုကြောင်းနမ့်ခမ်းမြို့နယ် လူမှုညီညွတ်ရေးအသင်းနှင့် ကျားဖြူပါတီတို့ပူးပေါင်းကာ ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်။ေ မလ ၁၆ ရက်နေ့ကအဆိုပါကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မေ လ ၁၁ ရက်နေ့က RCSS နှင့် SSPP တို့ပူးပေါင်းထုတ်ပြန်သည့်အပစ်ရပ်ကြေငြာချက်အား ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း ၊ ၂ ဖက်တပ်သည် ထာဝရပစ်ခတ်တိုက်ခိုက်မှုရပ်တန့်စေနိုင်ရေးနှင့်နောက်ဆုံး တဖွဲ့တည်းအဖြစ် လက်တွဲပူးပေါင်းကာလူထုအကျိုး ကူညီသယ်ပိုးနိုင်ရေးအတွက် ကြိုးစားသွားရန် တိုက်တွန်းလိုကြောင်း အဆိုပါကြေငြာချက်တွင်ပါရှိပါသည်။
လုပ်ငန်းခွင်ဝင်ဖို့ ပြင်ကြစို့ သမီးရေ
အညာမြေ မြင်းခြံမြို့ လေး၏ နွေလယ်ကာလ ညနေခင်းရာသီဥတုသည် နေကျချိန်ရောက် သည့်တိုင် အလုံပိတ်ထားသည့် ရေနွေးအိုးထဲ ရောက်နေသလို ပူအိုက်လှောင်ပိတ်နေဆဲ။ တစ်နေကုန် တစ်နေခန်း ပူလို့လောင်လို့ ကောင်းခဲ့တာတောင် ကိုရွှေနေမင်းက အားရပုံမပေါ်သေး။ ထိုဥတုရာသီကို ဂရုစိုက်ပုံမရသည့် အကောင် သုံး၊ လေးဆယ်ခန့်ရှိ မည့် နွားတစ်အုပ်သည် ဖုန်တထောင်းထောင်းထကာ မြင်းခြံရွာသာကုန်းကျေးရွာဘက် ဝင်လာခဲ့သည်။ ထိုနွားအုပ်နောက် တွင် အသက်(၃၀)ကျော်ရှိမည့် အမျိုးသမီးတစ်ဦးသည် ညာဘက်လက်တွင် တုတ်တစ်ချောင်း ကိုင်ဆောင်ကာ နွားများကို ထိန်းကျောင်းနေသည်။ သူ့ဘယ်ဘက်လက်တွင်တော့ ကလေးငယ်လေးတစ်ဦး ချီထားပြီး ထိုကလေးငယ်က သူ့ပခုံးတွင်မှီကာ အိပ်မောကျနေသည်။
“ပုဂံမှာ ကျင်းပတဲ့ ကဆုန်ညောင်ရေသွန်းပွဲမြင်ကွင်း”

ဒီကနေ့ ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။ ကဆုန်လပြည့်နေဟာ ဗုဒ္ဓဘုရားရှင် ဗျာဒိတ်ခံယူတော်မူသောနေ့ ၊ ဖွားမြင်သောနေ့ ၊ ဘုရားဖြစ်တော်မူသောနေ့ ၊ ပရိနိဗ္ဗာန်စံ တော်မူသောနေ့ လည်းဖြစ်ပါတယ်။ ဒါကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့ ဗုဒ္ဓဘာသာဝင်တွေက အထူးအမြတ်ထားတာလည်းဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ အလှူ ဒါန ပြုလုပ်တာ ၊ သီတင်းသီလဆောက်တည်တာတွေကို ပြုလုပ်လေ့ရှိပါတယ်။ ဒါအပြင် ကဆုန်ညောင်ရေသွန်းပွဲကို နိုင်ငံအနှံမှာရှိတဲ့ စေတီပုထိုးတွေမှာ ကျင်းပလေ့ရှိတာပါ။
နွေစပါးပေါ်ချိန် စပါးဈေးကျလို့အစိုးရကူညီပေးဖို့အတွက် ဆန်စပါးအသင်းချုပ်တောင်းဆို
ယခုနှစ် နွေစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းမှုတွေဖြစ်နေတာကြောင့် တောင်သူလယ်သမားတွေအနေနဲ့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ဒီကနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ပြီးခဲ့တဲ့နှစ်က စပါးဈေးနှုန်းဟာ ငါးသိန်းကျပ်ကနေ ခုနှစ်သိန်း ကျပ်လောက် ရှိခဲ့ရာကနေ ယခုနှစ်မှာတော့ လေးသိန်းကျော် သာရှိတော့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ နေလှန်းဆားလယ်များ ရာသီသိမ်းပြီဖြစ်ပြီး ယခုနှစ် ဆားကြမ်းအထွက်တိုး၍ ဈေးနှုန်းသင့်တင့်မှုကြောင့် ဆားတောင်သူများ အကျိုးအမြတ်များပြား
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေလှန်းဆားလယ်များမှာ ရာသီသိမ်းပြီဖြစ်ပြီး ယခုနှစ်တွင် ရာသီဥတုကောင်းမွန်မှုနှင့် ဆားကြမ်းဈေးနှုန်း သင့်တင့်မှုကြောင့် ဆားတောင်သူများအနေဖြင့် အကျိုးအမြတ်များပြားခဲ့ကြောင်း သတင်းရရှိသည်။ မိုးရွာသွန်းမှုနည်းပါးကာ နေပူရှိန်ပြင်းထန်မှုကြောင့် နေလှန်းဆားကွင်းများတွင် ဆားထွက်နှုန်းများ များပြားခဲ့ကြောင်း၊ ဆားလယ်တစ်ဧကလျှင် ဆားကြမ်းပိဿာ တစ်သောင်းကျော်ခန့်အထိ ထွက်ရှိခဲ့ကြောင်း၊ ဆားကြမ်းဈေးနှုန်းမှာလည်း ရာသီတစ်လျှောက်လုံးတွင် ဆားကြမ်းတစ်ပိဿာ ကျပ် ၁၅၀ မှ ကျပ် ၂၀ဝ ခန့်ထိ မြင့်တက်ခဲ့ပြီး ယခုရာသီသိမ်းချိန်တွင် ဆားကြမ်းတစ်ပိဿာမှာ ကျပ် ၁၅၀ ဝန်းကျင်အထိ ဈေးနှုန်းရရှိခဲ့သောကြောင့် ဆားတောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိခဲ့သည့် ရာသီတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မြို့နယ်ရှစ်မြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနများတွင် အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း စီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ လုပ်ဆောင်မည်
မကွေးတိုင်းဒေသကြီးရှိ မြို့နယ်ရှစ်မြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် JICA အဖွဲ့ ပူးပေါင်းပြီး Rural Health Development Through Strengthening Basic Health Services စီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ေ မ ၁၅ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် JICA မှ Chief Representative နှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် JICA အဖွဲ့ ပူးပေါင်းပြီး Rural Health Development Through Strengthening Basic Health Services Project ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင်၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ဘီယာအတု သောက်သုံးမှုကြောင့် သုံးပတ်အတွင်း မြန်မာအလုပ်သမား ရှစ်ဦးသေဆုံး
မလေးရှားနိုင်ငံတွင် ဘီယာအတု သောက်သုံးမိ၍ ရက်သတ္တပတ် သုံးပတ်ကျော်အတွင်း မြန်မာအလုပ်သမား ရှစ်ဦး သေဆုံးခဲ့ကြောင်း မလေးရှားအခြေစိုက် ကပုန်းခုနစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌဌ ဦးစန်းဝင်းက ပြောကြား သည်။ ဧပြီ ၂၄ ရက်ကစ၍ မလေးရှားနိုင်ငံ ပဲရက်ပြည်နယ်တွင် ဘီယာဘူးရှည်အတုများ သောက်သုံးမိ၍ မြန်မာအလုပ်သမားများ စတင်သေဆုံးလျက်ရှိကြောင်း သိရသည်။ ဓဘီယာအတုတွေက ဘယ်ကုမ္ပဏီကလည်း မသိဘူး။ ဘယ်က ထုတ်မှန်းလည်းမသိဘူး။ ကိုယ့်ဘာသာ ထုတ်တဲ့ပုံစံမျိုးတွေ” ဟု ကပုန်းခုနစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်းက ပြောကြားသည်။
မုတ်သုံမဝင်မီကာလအထိ မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွခြေင်းနှင့် နေရာကွက်ကြား မိုးကြီးခြင်းများ ဖြစ်ပေါ်မည်
မုတ်သုံမဝင်မီကာလအထိ မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွခြေင်းနှင့် နေရာကွက်ကြား မိုးကြီးခြင်းများ ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။ “မုတ်သုံမဝင်သေးတော့ မိုးကြိုကာလဖြစ်စဉ် မုတ်သုံမဝင်သေးခင် နွေရာသီကာလစပ်ကြား လေထုမငြိမ်သက်မှုတွေ၊ နေ့အပူချိန်တွေက မိုးတိမ်တောင်အဖြစ်များတဲ့ ကာလပေါ့၊ လေထုက စိုထိုင်းစလဲ များတယ်။
အမြန်လမ်းတွင် ဧပြီလအတွင်း ယာဉ်မတော်တဆမှု ၅၈ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူကိုးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄ ဦးရှိခဲ့
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ပြီးခဲ့သည့် ဧပြီလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၅၈ ကြိမ် ဖြစ်ပွား၍ သေဆုံးသူ ကိုးဦး ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄ ဦးအထိ ရှိခဲ့ကြောင်း နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ “ဧပြီလက ဖြစ်တာက ၅၈ မှုဖြစ်တာက ၅၈ မှုမှာ သေတာက ကျားငါးယောက်၊ မလေးယောက်၊ ပေါင်း ကိုးယောက်၊ ဒဏ်ရာရတာက ကျား ၈၁ ယောက်၊ မ ၆၃ ယောက်၊ ပေါင်း ၁၄၄ ယောက်” ဟု ပြောကြားသည်။
မန္တလေး ကျုံးအရှေ့ဘက်တွင် လမ်းသွားလမ်းလာများကို ဓားကိုင်ရမ်းကားနေသူအား ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရာတွင် ပြန်လည်ရန်ပြုသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံး
မန္တလေး ကျုံးအရှေ့ဘက်တွင် လမ်းသွားလမ်းလာများကို ဓားကိုင်ရမ်းကားနေသူအား ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရာတွင် ပြန်လည်ရန်ပြုသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးမှု မေလ ၁၈ ရက် နံနက် ၄ နာရီက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ေ မလ ၁၈ ရက် နံနက် ၄ နာရီခန့်က အောင်မြေသာစံမြို့နယ် ၆၆ လမ်းနှင့် ၁၄ လမ်းထောင့်တွင် အမျိုးသားတစ်ဦးသည် ဓားရှည်ကိုင်ဆောင်ပြီး လမ်းသွားလမ်းလာများကို ရန်ပြုနေကြောင်း ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။ကသာမြို့ ကသာအကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံမှ ကျပ်လေးသောင်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့တွင် ကသာအကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံမှ ကျပ်လေးသောင်းတန်ဖိုးရှိ ဘိန်းဖြူများ မေ ၁၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ကသာမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။ ကသာအကျဉ်းထောင်တွင် အမှတ် ၃/၄ အိပ်ဆောင်၌ ကင်းတာဝန်ကျ တပ်သား ကို-----သည် အမှတ်(၁) အိပ်ဆောင်ဘက်သို့ သွားရောက်ခဲ့ပြီး အကျဉ်းသားများ နေ့မိလ္လာ အသုံးပြုသည့်အခန်း၌ မသင်္ကာဖွယ် အပြုအမူများ လုပ်ဆောင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း တာဝန်ကျတပ်ကြပ်တစ်ဦးက သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုးဂိတ်ကြီးခြောက်ခုနှင့် မီနီဂိတ် ၁၃ ခုမှ ကျပ် ၁၁၅ ဒသမ ၇၄ ဘီလျံ ကောက်ခံရရှိခဲ့
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုးဂိတ်ကြီးခြောက်ခုနှင့် မီနီဂိတ် ၁၃ ခုမှ ကျပ် ၁၁၅ ဒသမ ၇၄ ဘီလျံ ကောက်ခံရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။ေ မ ၁၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဦးမာန်လောမောင်းက မိတ္ထီလာမြို့မှ နေပြည်တော်သို့ အမြန်လမ်း အဝင်ဂိတ်တွင် ကံကောင်း Mini Toll Gate 2 က လမ်းမကြီးအသုံးပြုခ ကျပ် ၁၀ဝ၀ နှင့်နောက်ဂိတ်တစ်ခုတွင် လမ်းဦးစီးဌာနက ကျပ် ၂၀ဝ၀ ကောက်ခံသည့် ငွေကြေး မည်မျှ ရရှိသည်၊ နိုင်ငံတော်အတွက် မည်သို့အသုံးပြုသည်ကို ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူများသိရှိအောင် စာရင်းရှင်းတမ်းထုတ်ပြန် ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။
မိတ္ထီလာမြို့မရဲစခန်းဝင်း အိမ်ရာလိုင်းခန်းအတွင်း ရဲအုပ်နှင့် ဇနီးအား သေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့သည့်အမှုတွင် သေဆုံးသူရဲအုပ်ကို လူသတ်မှုဖြင့် ထပ်မံအမှုဖွင့်
မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် မြို့မရဲစခန်း လိုင်းခန်းအိမ်ရာဝင်းအတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသော ရဲအုပ်နှင့် ဇနီးအမှုမှ သေဆုံးသူ ရဲအုပ်အား ဇနီးဖြစ်သူအား သေနတ်ဖြင့် ပစ်သတ်ခဲ့သဖြင့် လူသတ်မှုဖြင့် ထပ်မံအမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။မေ ၁၆ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်အတွင်းရှိ မြို့မရဲစခန်းဝန်းနေ ဒေါ်ဆွေဆွေသန်းသည် လိုင်းခန်းအိမ်ရာ ခြောက်ခန်းတွဲနှစ်ထပ်ဆောင် အပေါ်ထပ် အခန်း (၇) နေ ရဲအုပ်အောင်နိုင်ထွန်း၏ ဇနီးသည် ဒေါ်မြင့်မြင့်သိန်းအား ဈေးဝယ်ရန် သွားရောက်ခေါ်ဆောင်ခဲ့ရာ
မန်စီးတီးနှင့် ဝက်ဖို့ဒ် အက်ဖ်အေဖလား ဗိုလ်လုပွဲ ယနေ့ည ယှဉ်ပြိုင်မည်
အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းနဲ့ ၀က်ဖို့ဒ်အသင်းတို့ဟာ ဒီနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီခွဲ ၀မ်ဘလေကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။ နည်းပြ ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ဖလားနဲ့ ကာရာပေါင်ဖလားတို့ကို ဆွတ်ခူးထားပြီး အက်ဖ်အေဖလားကို ရရင် တရာသီထဲမှာ ဖလား ၃ လုံး ရတဲ့ သမိုင်းသစ်ကို ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဗိုလ်လုပွဲမှာ ၀က်ဖို့ဒ်က အနိုင်ရရင် လာမယ့်ရာသီမှာ ယူရိုပါလိဂ် ၀င်ခွင့် ရရှိမှာပါ။ ဒီညပွဲအတွက် နှစ်သင်းစလုံး လူစုံတက်စုံနဲ့ ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ ဘောလုံး အကဲခတ် တော်တော်များများကတော့ မန်စီးတီးကိုပဲ အလေးပေး ထားကြပါတယ်။ ၀က်ဖို့ဒ်နည်းပြ ဂါစီယာကတော့ မန်စီးတီးနဲ့ပွဲမှာ သူ့အသင်းရဲ့ မတူကွဲပြားတဲ့ ပုံစံမျိုးကို မြင့်ရလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
ရာသီအကုန်တွင် ဂျုဗင်တပ်နည်းပြ အယ်လီဂရီ အသင်းမှထွက်ခွာမည်
ပဲခူးတိုင်းဝန်ကြီးချုပ်အပါအဝင် ၈ ဦးကို စည်ပင်ဥက္ကဋ္ဌဟောင်းက အမှုဖွင့်
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စည်ပင်ဝန်ကြီး၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးတို့ အပါအဝင် အစိုးရအဖွဲ့ဝင် ၈ ဦးတို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ အမှုဖွင့်ထားတယ်လို့ သာယာဝတီမြို့နယ် စည်ပင်ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ေ မ ၁၇ ရက်နေ့က အမှုဖွင့်လျှောက်ထားခဲ့တာဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အနေနဲ့ ၂၀၁၉ ခုနှစ် ရာဇဝတ်အထွေထွေအမှုအမှတ် ၃၆ နဲ့ အမှုဖွင့်လှစ်ပေးခဲ့တယ်လို့ ဦးကျော်ဆန်းအောင်ရဲ့ ရှေ့နေက ဆိုပါတယ်။
Toyota Hiace GL 2019 ကားအသစ်မိတ်ဆက်
ဒေါ်လာ သန်း (၅၇၅)တန် ကာတာ ကမ္ဘာ့ဖလား အားကစားကွင်း ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်
တစ်ဘဝလုံးကို ဘိလိယက်ကစားနည်းပေါ်မှာ မြှုပ်နှံထားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကိုနေသွေးဦး
အကျင့်ဖောက်ပြန်မှုများကို ဆက်လက်ပိုက်ထွေး မထားဘဲ ရဲရဲဝံ့ဝံ့ရှင်းထုတ်ရန် ဌာနဆိုင်ရာများကို တိုက်တွန်း
ဌာနဆိုင်ရာများအတွင်း အကျင့်ဖောက်ပြန်မှုများကို ဆက်လက်ပိုက်ထွေး မထားဘဲ ရဲရဲဝံ့ဝံ့ရှင်းထုတ်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ယနေ့ တိုက်တွန်းလိုက်သည်။ေ နပြည်တော် GrandAmara ဟိုတယ်တွင် ကျင်းပ ပြုလုပ်သည့် အများပြည်သူ အကျိုးထုတ်ဖော် သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေမူကြမ်း အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲတွင် အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရွှေဘိုမြို့၊အမှတ်(၉)ရပ်ကွက်တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများဖော်ထုတ်ဖမ်းဆီး
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများ ဖော်ထုတ် ဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့ရဲစခန်းမှူး ဒုရဲမှူး သိန်းဝင်းထံမှသိရသည်။ ဖြစ်စဉ်မှာ မေလ(၁၇)ရက်နေ့ နံနက်(၁)နာရီ မိနစ်(၃၀)ခန့်က ဒုရဲအုပ်မင်းအောင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများက ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းအရ ရွှေဘိုမြို့ အမှတ်(၉)ရပ်ကွက် သက်သာပန်းတောင်းရပ်နေ အိမ်ရှင် ဒေါ်သန်းမြင့်ဝင်း နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ ဒေါ်သန်းမြင့်ဝင်း၏ ကြီးကြပ်မှုအောက်တွင်အခကြေးငွေယူ၍ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသော
အမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်သည့်ယာဉ်မှ လားရာတူ ရှေ့ကယာဉ်နှင့် လမ်းဘေးတွင်ရပ်တန့်ထားသော ယာဉ်တို့ကို ဝင်တိုက်
May 17, နံနက် ၅ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-နေပြည်တော်အမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၃၉/၄) အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီး အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ရေဦးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ စိုးသိန်း (၅၈) နှစ် မောင်းနှင်လာသော YGN 5Q/×××× ခရီးသည်တင်ယာဉ်အား လားရာတူနောက်မှ မြစ်သားမြို့၊ မင်းကုန်းရပ်ကွက်နေ ကျော်စိုးထွန်း (၄၉) နှစ် မောင်းနှင်လာသော YGN 1I/××××× ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်ကဝင်ရောက် တိုက်မိခဲ့ပြီး ပစ္စည်းခိုးရုံမက မိုက်ကြေးပါခွဲပြီး ရွာသားများကို စိန်ခေါ်
ရေဦးမြို့နယ် မကြီးတောရွာ စတားလိုက်စားသောက်ဆိုင်အတွင်း ဝင်ရောက်၍ 16.5.2019 9:00 PM က ဖုန်း ဝင်ရောက် ခိုးသူတစ်ဦးအား ဆိုင်အနီးနား၌တွင် ကျေးရွားသားများမှ ဖမ်းဆီးရမိခဲ့သည်။ သူခိုးတစ်ဦးအား ဖမ်းဆီးရမိစဉ် နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လူသုံးဦးက ဖမ်းဆီးသူများအား စိန်ခေါ်ခဲ့သည်။ မကြီးတော မှ ဘိလိယက်ထိုးနေသော လက်ဖက်ရည် ဆိုင်ထိုင်နေသော ကျေးရွာသား အားလုံးက စိန်ခေါ်သော သုံးဦးအား ဝိုင်းလိုက်ရာ ဘူတာအနီးတွင် အပြန်အလှန် သတ်ပုတ်ကြရပြီး…..ကျေးရွာဘက်မှ လူများလာသောအခါ လယ်ကွက်ထဲ ဆင်းပြေးစဉ် ဖမ်းဆီးရမိ ခဲ့ပါသည်။ အနီရောင် အကျ င်္ီဝတ်ဆင်ထားသူ ထံမှ လည်ပင်းတွင် ချိတ်ဆွဲထားသော သော့တွဲများစွာ တွေ့ရှိခဲ့ပါသည်။ အကျ င်္ီ မပါသူ မှ လယ်ကွက်ထဲအထိ ပြန်လှန် သတ်ပုတ်သည်ဟု သိရသည်။ကျေးရွာသား ( ၅၀) ဦးမှ ဝိုင်းဝန်းဖမ်းဆီးပြီး ရေဦးမြို့မရဲစခန်း ရဲများထံ အကြောင်းကြား အပ်နှံလိုက်သည်ဟု သိရပါသည်။
အာရှယဉ်ကျေးမှု ခရီးသွားပြပွဲ ပေကျင်းမြို့တွင် ကျင်းပနေ
အာရှယဉ်ကျေးမှု ခရီးသွားပြပွဲဖွင့်ပွဲ အခမ်းအနားကို မေ ၁၆ ရက်က ပေကျင်းမြို့ အမျိုးသား စိုက်ပျိုးရေးပြတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ယခုကျင်းပသည့် အာရှယဉ်ကျေးမှု ခရီးသွားပြပွဲသည် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီး ဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မေ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ပြပွဲတွင် ပါဝင်သည့်ကဏ္ဍများ စုံလင်ရာ ယဉ်ကျေးမှုနှင့်ခရီးသွား ကဏ္ဍအလိုက်သီးခြား ပြပွဲ၊ ယဉ်ကျေးမှုဖျော်ဖြေပွဲ၊ ခရီးသွားလုပ်ငန်းရှင်များဆွေးနွေးပွဲ၊ ခရီးသွားကဏ္ဍ ခရီးစဉ် ဆွေးနွေးပွဲ၊ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဓာတ်ပုံဗွီဒီယိုပြပွဲနှင့် ခရီးသွားမြို့ကြော်ငြာမိတ်ဆက်ပွဲ စသည့်တို့ ပါဝင်ကြောင်းသိရသည်။အစိမ်းရောင်စီအိုင်စာအုပ် ကိုင်သူများကို နေထိုင်ခွင့်သက်တမ်း ၉ လတိုးပေးရန် ထိုင်းသဘောတူ
ထိုင်းနိုင်ငံမှာ အစိမ်းရောင်စီအိုင်စာအုပ် ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နေထိုင်ခွင့်သက်တမ်း ၉ လတိုးပေးဖို့ သဘောတူလိုက်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက အစိမ်းရောင် (စီအိုင်) စာအုပ်ကိုင်ဆောင်သူ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်မှာ စာအုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အဲဒီမတိုင်ခင် အမ်အိုယူစနစ် ပြန်လုပ်ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စီအိုင်စာအုပ်ကိုင် အလုပ်သမားတွေ စိုးရိမ်နေကြတာပါ။
မန္တလေးတွင် အစောဆုံးနှင့် အစည်ကားဆုံး ကျင်းပသည့် ရွှေကြက်ယက် ညောင်ရေသွန်းပွဲတော်
မန္တလေးမြို့မှာ အစည်ကားဆုံးနဲ့အစောဆုံးကျင်းပတဲ့ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စုမှ သမိုင်းဝင်ရွှေကြက်ယက်ဆုတောင်းပြည့်ဘုရား ညောင်ရေသွန်းပွဲတော်ကို ဒီနေ့မေ ၁၇ ရက်(ကဆုန်လဆန်း ၁၄ ရက်)ညနေပိုင်းက ကျင်းပခဲ့ပါတယ်။ ရှေးမြန်မာမင်းတွေလက်ထက်ကတည်းကကျင်းပခဲ့တဲ့ မြန်မာတို့ရဲ့ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုရိုးရာဓလေ့ပွဲတော်တစ်ခုပဲဖြစ်ပြီး ၀င်းခင်သဘင်အခမ်းအနားနဲ့ လှည့်လည်ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ထူးခြားတဲ့ကဆုန်ညောင်ရေသွန်းပွဲတော်လည်းဖြစ်တယ်လို့သိရပါတယ်။
နယ်မြေကျော် ကျောင်းအပ်မှုနှင့် အဂတိပြဿနာ
လာမည့်ကျောင်းဖွင့်ချိန်တွင် တတိယတန်းတက်ရတော့မည့် သားအကြီးကို ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်းမှထုတ်ကာ ကိုယ်ပိုင်ကျောင်းတစ်ခုသို့ ပြောင်းထားမည်ဟု ဒေါ်အေးအေး(အမည်လွှဲ) က ပြောသည်။ သမီးငယ်က ယခုနှစ်တွင် အသက် (၅) နှစ်ပြည့်၍ ရန်ကုန် ပညာရေးတက္ကသိုလ်လေ့ကျင့် ရေး အထက်တန်းကျောင်း၌ပင် မောင်နှမနှစ်ဦး အတူတူကျောင်းတက်စေမည်ဟု မူလက ဒေါ်အေး အေး အစီအစဉ်ဆွဲထားခဲ့သည်။
အပစ်ရပ်စဲရေး အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ နှစ်ရက်ကြာဆွေးနွေးမည်
အစိုးရ၊ တပ်မတော်နှင့် ကချင်အဖွဲ့(KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုး ကန့်အဖွဲ့ (MNDAA) မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ အပစ် ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲကို မေလ ၂၄ ရက်နှင့် ၂၅ ရက်၌ ကျင်းပရန် နှစ်ဖက်သဘောတူ သတ်မှတ်နိုင်ပြီဖြစ်ကြောင်း ဆွေး နွေးပွဲဖြစ်မြောက်ရေးဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးဆွေးနွေး ရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးဆန်းအောင်က ပြောသည်။ ‘‘ရက်ကတော့ သတ်မှတ်နိုင် ပါပြီဗျ။ ၂၄၊ ၂၅ ရက်မှာပေါ့။ နေ ရာကိုတော့ အတည်မပြုသေးဘူး’’ ဟု ဦးဆန်းအောင်က မေလ ၁၆ ရက်တွင် ပြောသည်။
ကျန်းမာရေးသံတမန်အဖြစ် အချက်သုံးချက်ကို အဓိကထားလုပ်ဆောင်သွားမယ့် ချစ်သုဝေ
ပန်းလှိုင်စီလုံဆေးရုံက ကျန်းမာရေးသံတမန် ခန့်အပ် သောကြောင့် ကျေနပ်ရသကဲ့သို့ ကျေပွန်စွာထမ်းဆောင်မည်ဖြစ် ကြောင်း အဆိုတော်၊ သရုပ် ဆောင်ချစ်သုဝေက ပြောသည်။ ‘‘မထရီဇာက ဆရာဝန်၊အနု ပညာရှင်တစ်ယောက်လည်းဖြစ် တယ်။ ကိုယ်က ဆရာဝန်အလုပ် ကိုလည်း Service မ၀င်နိုင်ဘဲ နှစ် တွေတော်တော်ကြာခဲ့ပြီ။ အဲဒီမှာ ဒီလိုယုံကြည်မှုတစ်ခုနဲ့ မထရီဇာ ကို ခန့်အပ်ခြင်းအပေါ်မှာ တာဝန် ယူမှုအပိုင်းတွေရှိလာတယ်။ မထ ရီဇာကျေနပ်တယ်။ ကျန်းမာရေး သံတမန်တစ်ယောက်အနေနဲ့ တာဝန်လေးတွေပိုသွားမယ်။ ဂရု တစိုက်လေးတွေရှိလာမယ်။ အဲဒီ တော့ ဒါကြီးကို တာဝန်တစ်ခုလို့ မြင်တယ်။ မထရီဇာစိတ်ထဲမှာ ကျေကျေနပ်နပ်လေးဖြစ်တယ်။ အဲဒါလေးကို ကျေပွန်အောင် ထမ်းဆောင်ရမှာပါလားဆိုတဲ့ စိတ်လေးလည်းရှိပါတယ်’’ ဟု ၎င်းကပြောသည်။
ကျေးဇူးရှင်များကို ကယ်တင်ပါ
‘‘ငါက ကယ်တင်ခံရဖို့ မထိုက် တန်ဘူးလား’’ သစ်ပင်သဏ္ဌာန် ကာတွန်း ရုပ်လေး မျက်ရည်များဝဲလျက် အ ထက်ပါ စာသားကို ပြောပြနေ ဟန် ပိုစတာလေးကို လူမှုကွန် ရက်တွင် တွေ့လိုက်ရသည်။ စာ သားကိုမြင်တော့ လူစည်ကားရာ နေရာများက ၀မ်းနည်းဖွယ်ရာမြင် ကွင်းအချို့ကို သတိရလိုက်မိ သည်။ ရန်ကုန်မြို့က လှည်းတန်း၊ ပန်းဆိုးတန်းကဲ့သို့သော နေရာ မျိုးတွင် စည်းကမ်းမဲ့ စီးပွားရေး၊ ကြော်ငြာ၊ ဗီနိုင်းများ အခါပေါင်း များစွာ ချိတ်ဆွဲကပ်ခြင်းခဲ့ရသည့် သံချောင်း အထပ်ထပ်၊ ဒဏ်ရာ အချက်ချက်နှင့် သစ်ပင်ကြီးများ။
ဉာဏ်များကြသူများ
"လူသည် ဉာဏ်များတတ်သော သတ္တဝါဖြစ်၏ " ဆိုသောအတွေးကလေး ဝင်လာတိုင်းဉာဏ်များတယ်ဆိုတာကောင်းတဲ့ အဓိပ္ပာယ်လား၊ မကောင်းတဲ့အဓိပ္ပာယ်လားလို့ ကျွန်တော် ထပ်ကာထပ်ကာ စဉ်းစားမိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လူတစ်ယောက် ဟာ ကွေ့ကောက်တယ်၊ပရိယာယ်များလွန်းတယ်ဆိုရင် ဒီလူဟာ အတော်ဉာဏ်များတဲ့လူပဲလို့ ဆိုစမှတ်ပြုလေ့ရှိကြပါတယ်။ အမြဲဖျံကျဖို့ စဉ်းစားနေတတ်တဲ့၊ ကတုံးပေါ် ထိပ်ကွက်ဖို့လောက်ပဲ စဉ်းစားနေတတ်တဲ့လူမျိုးတွေကို ကျွန်တော်တို့ ကြုံတွေ့ ကြဖူးပါလိမ့်မယ်။ အဲသလို စိတ်အခြေခံတွေနဲ့ လူတွေရဲ့ ဉာဏ်များခြင်းကိုတော့ ကျွန်တော်တို့ဟာ မကောင်းတဲ့ ဉာဏ်များတဲ့ သူတွေလို့ပဲသတ်မှတ်ရပါလိမ့်မယ်။
အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးမင်းထွန်းစိုးနှင့် တွေ့ဆုံခြင်း ‘‘သူ့(ထောင်ပိုင်)ကို အဲဒီလို သွားထိန်းသိမ်းလို့တော့ မရဘူး။ ဖြစ်စဉ်ဖြစ်တာက ဥပမာ-နိုင်ငံတော် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ပတ်သက်လို့ တန်းတူညီမျှမရလို့ ဆိုပြီးတော့ သူ့ဟာသူ ဆူတယ်နော်။ ပြီးတော့ ဆန္ဒပြတာပေါ့’’
ထောင်ဘယ်နှခု ဆူခဲ့တာလဲ ခင်ဗျ။ ကျွန်တော်တို့ရတဲ့ ကိန်း ဂဏန်း နည်းနည်းလွဲနေလို့။ကသာထောင်ဆို စာရင်းထဲမပါ သေးလို့ပါ။
ညီညာထကြွ ထောင်ဆူကြ
အချစ်ရေ ××× နေလို့မှ ကောင်းရဲ့လား ××× ထောင်ထဲမတော့ ငါ အိုကေ ××× အချစ်ရေ ××× ကို လိုက်ဖ်လွှင့်ပေးတာ ကြည့်ပြီး ×× × အိပ်ရေးပျက်နေပြီလား ××× အချစ်ရေ ××× သနပ်ခါးလေးလှ အောင် လူးပြီးရင် ××× ဗီဒီယို ကောလ်လေးခေါ်ပေါ့ကွယ် ×××
အင်း...မလိုသူတွေ ပြောနေ ကြရဲ့၊ မကြားချင်မှ အဆုံးပေါ့။ မြန်မာပြည် လူ့အခွင့်အရေးဆုံး ရှုံးနေတယ်တို့၊ အကျဉ်းထောင် တွေမှာ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေတယ်တို့။ ညှပ်ကြီးတို့ တော့ မယုံပေါင်။ အလကား မိုးလုံးပြည့်မုသာဝါဒတွေ။ ဟိုလူ တွေ လိမ်နေသည်၊ ဒီလူတွေ ရန် တိုက်ပေးနေသည်လို့ပဲ မှတ်တာ။ ဘော်ဒါ ဘာညာသာရကာလမ်း ကြောင်းကောင်းလို့များကတော့ အကျဉ်းထောင်ဆိုတာ ပယင်း ဆောင်လို လိုတရရုံမက အကျိုး ဆောင်တွေနဲ့ ဘာညာကွိကွ အ ကုန်ရတဲ့ အရပ်ကွဲ့။
အင်း...မလိုသူတွေ ပြောနေ ကြရဲ့၊ မကြားချင်မှ အဆုံးပေါ့။ မြန်မာပြည် လူ့အခွင့်အရေးဆုံး ရှုံးနေတယ်တို့၊ အကျဉ်းထောင် တွေမှာ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေတယ်တို့။ ညှပ်ကြီးတို့ တော့ မယုံပေါင်။ အလကား မိုးလုံးပြည့်မုသာဝါဒတွေ။ ဟိုလူ တွေ လိမ်နေသည်၊ ဒီလူတွေ ရန် တိုက်ပေးနေသည်လို့ပဲ မှတ်တာ။ ဘော်ဒါ ဘာညာသာရကာလမ်း ကြောင်းကောင်းလို့များကတော့ အကျဉ်းထောင်ဆိုတာ ပယင်း ဆောင်လို လိုတရရုံမက အကျိုး ဆောင်တွေနဲ့ ဘာညာကွိကွ အ ကုန်ရတဲ့ အရပ်ကွဲ့။
အာဂျင်တီးနားတွင် ပညာရေးရန်ပုံငွေ ပြတ်လပ်နေသည့်အပေါ် ဆန့်ကျင်ဆန္ဒပြ
အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့မှာ မတ်လ ၁၆ ရက် ညက ကျောင်းသားတွေနဲ့ ဆရာတွေ စုဝေးချီတက်ပြီး ပညာရေးရန်ပုံငွေ ပြတ်လပ်နေတာကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ အာဂျင်တီးနား ရွေးကောက်ပွဲ ကျင်းပဖို့ ၆ လအလိုမှာ အခုလို ဆန္ဒပြပွဲ ပေါ်ပေါက်လာတာပါ။ စီးပွားရေး မတည်ငြိမ်တာနဲ့ ငွေကြေးဖောင်းပွတာရဲ့ အကျိုးရလဒ်ဟာ ပညာရေးရန်ပုံငွေကို ထိခိုက်လာတာကြောင့် အာဂျင်တီးနားပြည်သူတွေ ဒေါသထွက်နေကြပါတယ်။အရက်သောက်စားသည့်ကိစ္စဖြင့် ဇနီးမှ ခင်ပွန်းဖြစ်သူအားဓားဖြင့်ထိုး၍ သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကိုးတိုင်ကျေးရွာနေ ဦးသိန်းမြင့် (၆၅) နှစ် သည် မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် နေအိမ်တွင်ရှိနေစဉ် ရွှေဈေးကျေးရွာ၊ ကျောက်ဝိုင်းကမ္မဌာန်း ရိပ်သာတွင် သီတင်းသုံးနေထိုင်သော ညီမဖြစ်သူ သီလရှင် ဒေါ်ဝေသီရိ(၄၅) နှစ် ရောက်ရှိလာပြီး မေလ ၁၃ ရက်နေ့က တူတော်စပ်သူ ပြည့်ဖြိုးအောင်(ခ) ကိုဖြိုး (၃၄) နှစ် အား အရက်သောက်စားသည့်ကိစ္စဖြင့် ၎င်း၏ ဇနီးဖြစ်သူ မလဲ့လဲ့ဝင်းမှ လင်မယာချင်းစကားရန်ဖြစ်စဉ် အရိုးအသွား(၁၃)လက်မခန့်ရှိ ဓား မြှောင်ဖြင့်ထိုး၍ ပြည့်ဖြိုးအောင်(ခ)ကိုဖြိုး တွင် ဓားထိုးသွင်းဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားကြောင်းပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ မလဲ့လဲ့ဝင်း အား ဇရပ်ကြီးနယ်မြေရဲစခန်း(ပ)၅၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရှင်ကျန်ပြည်နယ်မှာ တက္ကသိုလ်ဝင်ခွင့်ကို ဖြေလျှော့ပေး
တရုတ်နိုင်ငံ၊ ရှင်ကျန်ပြည်နယ်မှာ မျိုးနွယ် ဘာသာ မတူတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေ အဆင်ပြေစေဖို့ တက္ကသိုလ် ဝင်ခွင့်တွေကို ဖြေလျှော့ပေးလိုက်ပါတယ်။ မွတ်စလင် အများစုရှိတဲ့ ရှင်ကျန်ပြည်နယ်မှာ နှိပ်ကွပ်မှုတွေ လုပ်နေတာကို ဖုံးဖိဖို့ အခုလို လုပ်ဆောင်တာလို့ စောင့်ကြည့်လေ့လာသူတွေက ဝေဖန်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပဋိပက္ခတွေ ဖြစ်ပြီးနောက် တရုတ်အာဏာပိုင်တွေက ရှင်ကျန်ပြည်နယ်မှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး မွတ်စလင် ၁ သန်းလောက်ကို ပြုပြင်ရေးစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။ လူ့အခွင့်အရေး အုပ်စုတွေကတော့ အူဂါ မွတ်စလင်တွေနဲ့ ဟန် လူနည်းစုတွေကို နှိပ်ကွပ်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပိုင်ဆိုင်မှု သုညသာသာရှိဟု ဦးရွှေမန်းဆို
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပိုင် ဆိုင်မှုသည် သုညသာသာရှိဟု ပါတီခေါင်းဆောင်သူရဦးရွှေမန်းက ပြောကြားလိုက်သည်။ မေ ၁၄ရက်က ပဲခူးမြို့တွင် ကျင်းပသည့် ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ ပဲခူးတိုင်းဒေသကြီးရုံးဖွင့်ပွဲအခမ်းအနားတွင် ゞင်း က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ""ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ပိုင်ဆိုင်မှုက ပြောရ မယ်ဆိုရင် သုညသာသာပဲရှိတာပေါ့""ဟု ၄င်းကပြောသည်။
အလုပ်ရှင်အမျိုးသမီးရဲ့ခင်ပွန်းက အဓမ္မကျင့်ခဲ့ကြောင်း လိမ်လည်တိုင်တန်းတဲ့ အိမ်အကူအမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ
စင်ကာပူနိုင်ငံတွင် အသက် ၂၉ နှစ်အရွယ် Sumaini အမည်ရ အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးတစ်ဦးဟာ အလုပ်ရှင်အမျိုးသမီးရဲ့ခင်ပွန်းနဲ့ မိမိမှာ ဇာတ်လမ်းတွေရှိခဲ့ကြောင်းနဲ့ အလိုမတူပဲ အဓမ္မကျင့်ခံခဲ့ရကြောင်း ရဲအား လိမ်လည်တိုင်တန်းခဲ့တဲ့အတွက် ထောင်ဒဏ် ၁၄ ရက် ကျခံဖို့ မေလ ၁၅ ရက်နေ့မှာ တရားရုံးက အမိန့်ချလိုက်ပါတယ်။
အမေရိကန်မှာ ဆယ်ကျော်သက် ကိုယ်ဝန်သည်တစ်ဦးကို သတ်ကာ ဗိုက်ထဲက ကလေး ခွဲထုတ် ခိုးယူမှုဖြစ်ပွား
အမေရိကန်ပြည်ထောင်စု ချီကာဂိုပြည်နယ်မှ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်သည်တစ်ဦးကို ကလေးအ၀တ်အထည်တွေ ရောင်းခဲ့ရင်း အိမ်နောက်မှာ နောက်ထပ် အ၀တ်အစားသစ်တွေရှိသေးကြောင်း ဖျားယောင်းခေါ်ဆောင်သွားကာ လည်ပင်းကို ကြိုးပတ် ညှစ်သတ်ခဲ့ပြီးနောက် ဗိုက်ထဲက ကလေးကို ခွဲထုတ်ရယူခဲ့ကြောင်း ရဲတပ်ဖွဲ့ က ကြာသပတေးနေ့ မှာ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့အရက်အသောက်ဆုံးနိုင်ငံသားတွေက ဘယ်နိုင်ငံသားတွေဖြစ်မလဲ။
ကြာသပတေးနေ့မှာထုတ်ပြန်ခဲ့တဲ့ ၂၀၁၉ ကမ္ဘာ့မူးယစ်ဆေးဝါးဆိုင်ရာစစ်တမ်းအရ အရက်အသောက်အများဆုံးနိုင်ငံသားတွေထဲမှာ အများဆုံးဟာ ကမ္ဘာ့အနောက်ခြမ်းက နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံသားတွေပါ။ အဲဒီနိုင်ငံကတော့ ဗြိတိန်လို့လည်းသိကြတဲ့ United Kingdomနိုင်ငံပါ။ အဲဒီစစ်တမ်းအရ ပျှမ်းမျှဗြိတိန်နိုင်ငံသားတစ်ယောက်က တစ်နှစ်ကို ၅၁ ကြိမ်အရက်သောက်ကြပါတယ်။ စစ်တမ်းမှာဖြေခဲ့တဲ့ဗြိတိန်တွေက အရက်သောက်တာကို ညနေပိုင်းမှာ မြူးကြွစေချင်လို့သောက်တဲ့သဘောထက် ညဘက်အပြင်ထွက်တဲ့အချိန်မှာ အရက်မူးဖို့လို့ သတ်မှတ်ထားကြတယ်လို့ ပါဝင်ပါတယ်။
YBS ယာဉ်များအဆင်ပြေစေရန် CNG ဆိုင် ၁၀ ဆိုင်ကျော်ကို ၂၄ နာရီ ဖွင့်လှစ်ပေး
YBS ယာဉ် များဂက်စ်ဖြည့်ရာတွင် ပိုမိုအဆင်ြေ ပစေရေးအတွက်၂၄ နာရီမပေး နိုင်သည့် CNG ၁၀ဆိုင်ကျော်ကို ၂၄ နာရီပေးရန်အချိန်ထပ်တိုးပေး လိုက်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် CNG ဆိုင် ၄၁ ဆိုင်ရှိပြီး ၁၀ ဆိုင် မှာ တက္ကစီများအတွက် ဂက်စ်ဖြည့် ပေးနေပြီး ကျန် ၃၁ ဆိုင်အနက် ဆိုင် ၂၀ သာ YBSယာဉ်များကို၂၄ နာရီဂက်စ်ဖြည့်ပေးနိုင်ခဲ့ကြောင်း ယခုအခါဂက်စ်ဖြည့်ချိန်ပိုမိုကြာ မြင့်မှုအခြေအနေကို လျော့ချနိုင် ရန် ကျန် ၁၁ ဆိုင်ကိုပါ ၂၄ နာရီ ဂက်စ်ဖြည့်ရန် အချိန်ထပ်တိုးပေး လိုက်ခြင်းဖြစ်ကြောင်း YRTA မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ပြော သည်။
အာဆင်နယ်အသင်းပရိသတ်အချို့ အဇာဘိုင်ဂျန်နိုင်ငံအတွင်း ၀င်ရောက်ခွင့် ငြင်းပယ်ခံရ
၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီ၏ ယူရိုပါလိဂ်ပြိုင်ပွဲ ကျင်းပမည့် အဇာဘိုင်ဂျန်နိုင်ငံအတွင်းသို့ အာဆင်နယ် အသင်းပရိသတ်အချို့ ၀င်ရောက်ရန်အတွက် ဗီဇာ ငြင်းပယ်ခံရခြင်းကြောင့် အာဆင်နယ်အသင်းတာဝန်ရှိသူ များသည် ကြားဝင်ဖြန်ဖြေမှုများ လုပ်ဆောင်နေရကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ အဇာဘိုင်ဂျန်နိုင်ငံမှ တာဝန်ရှိသူများက အာဆင်နယ်အသင်း၏ တစ်ရာသီစာလက်မှတ်ဝယ်ယူထားသော ဗြိတိသျှ-အာမေးနီးယားနွယ်ဖွား ပရိသတ်များအား အဇာဘိုင်ဂျန်နိုင်ငံအတွင်းသို့ ၀င်ခွင့်ပြုမည်မဟုတ်ကြောင်း ပြော်ဆိုခဲ့ပြီးနောက် အာဆင်နယ်အသင်းတာဝန်သူများသည် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးရုံးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စာပေပညာရှင်တွေကို ဖမ်းဆီးမှု HRW ရှုတ်ချ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုသီတင်းပတ်အတွင်း အင်တာနက်ဥပဒေနဲ့ စာပေပညာရှင်တွေကို ဖမ်းဆီး အမှုဖွင့်အရေးယူနေတဲ့ ကိစ္စကို Human Rights Watch လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ထင်ရှားတဲ့ ကဗျာဆရာတယောက်၊ လူ့အခွင့်အရေး လှုပ်ရှားသူတယောက်နဲ့ တိုင်းရင်းသားအရေး လှုပ်ရှားဆောင်ရွက်နေသူ ရှေ့နေတယောက်တို့ကို ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက ရဲက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်မှာ 5G တယ်လီဖုန်း စသုံးပြီ
အာရှရဲ့ တောင်ကိုရီးယားနိုင်ငံကနေ- ဥရောပ ဖင်လန်နိုင်ငံအထိ 5G ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြိုင်အဆိုင် ကြိုးစား တီထွင်နေကြတဲ့ နိုင်ငံတွေထဲမှာ အခုနောက်ဆုံးပြိုင်ဘက်ကတော့ ဗီယက်နမ်နိုင်ငံပဲ ဖြစ်ပြီး Game နဲ့ပတ်သက်တဲ့ နည်းပညာ နယ်ပယ်ထဲကို ဝင်ရောက်ချင်တာပါ။ တယ်လီဖုန်းမှာ အသုံးပြုတဲ့ 5G နည်းပညာကို ဒီလထဲမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ဗီယက်နမ်က ကြေညာလိုက်ပါတယ်။ ဗီယက်နမ်ရဲ့ 5G နည်းပညာဟာ တယ်လီဖုန်း အင်တာနက် အတွက်သာမက ဗီယက်နမ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒစ်ဂျစ်တယ်-စီးပွားရေး အထိပါ အကျုံးဝင်တယ်လို့ဆိုပါတယ်။
ကနေဒါနဲ့ မက္ကစီကို ကုန်စည်တချို့အပေါ် သွင်းကုန်ခွန်ကောက်ခံမှု ကန်ရုပ်သိမ်း
ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက အလူမီနီယံနဲ့ သံမဏီ သွင်းကုန်ခွန်တွေကို ပယ်ဖျက်ဖို့ အမေရိကန်က သဘောတူလိုက်ပြီး တနင်္ဂနွေနေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ကနေဒါနဲ့ မက္ကဆီကို အစိုးရတွေအနေနဲ့ သူတို့နိုင်ငံတွေကို ဖြတ်ပြီး တရုတ်သံမဏိတွေ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်လာမှာကို တားမြစ်ပေးရမှာ ဖြစ်ကြောင်း The Washington Post သတင်းစာမှာ သောကြာနေ့က ဖော်ပြထားပါတယ်။
လျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲတွင် အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် Air Con တပ်ဆင်ထား သည့် ယာယီတဲတည်ဆောက်မှုအပေါ်ဝေဖန်မှုများရှိနေ
မေလ ၁၇ ရက်နေ့တွင် ကျောက်ဆည်မြို့ ဘယ်လင်းရွာရှိ ၁၄၅ မက်ဂါဝပ် လျှပ်စစ်ဓာတ် အားပေးစက်ရုံအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့သည်။ ၎င်းဖွင့်ပွဲတွင် အတိုင်ပင်ခံနားနေရန်နှင့် လျှပ်စစ်ဓာတ် အားပေးစက်ရုံ၏ အခြေအနေများအား ရှင်းလင်းရန်အတွက် ယာယီတဲတစ်ခုတည် ဆောက်ခဲ့သည်။ ၎င်းယာယီတဲအား Air Con များ လေအေးပေစက်များ အများအပြားတပ်ဆင်ထားမှုအပေါ် ပြည်သူများအကြား ဝေဖန်မှုများရှိနေသည်။အင်ဒိုနီးရှားရွေးကောက်ပွဲ အကြမ်းဖက်တိုက်ခိုက်ခံရဖွယ်ရှိ
အင်ဒိုနီးရှားနိုင်ငံမှာ ရွေးကောက်ပွဲရလဒ် ကြေညာဖို့ နီးလာတာနဲ့အမျှ အင်ဒိုနီးရှားမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေ လုံခြုံရေး အထူးသတိ ပြုကြဖို့ ဂျာကာတာမှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကို အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင် KPU က မေ ၂၂ ရက်မှာ ကြေညာဖို့ ရှိပါတယ်။
ဝေးလံခေါင်သီသော ဒေသရှိ နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်ခံစားခွင့်ထုတ်ပြန်
မြန်မာနိုင်ငံတွင် မြို့ ၂၆ မြို့၊ ကျေးရွာအုပ်စုတစ်ထောင်ကျော်နှင့် ကျေးရွာနှစ်ရွာကို ဝေး လံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများအဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့က တိုးမြှင့်သတ်မှတ် ကာ ဝန်ထမ်းများအတွက် ဒေသ စရိတ်ခံစားခွင့်ကို အုပ်စုသုံးခုခွဲ ခြားသတ်မှတ်ခဲ့သည်။ ယင်းအုပ်စုသုံးခုမှာ လူမှု ရေးသင့်တင့်သောဒေသများ၊ လူ မှုရေးခက်ခဲသော ဒေသများနှင့် လူမှုရေးအခက်ခဲဆုံး ဒေသများ ဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက မေလ ၈ ရက်တွင် အမိန့်ကြော်ငြာစာထုတ်၍ သတ် မှတ်ခြင်းဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင်တမုတ် ရှင်ပင်ရွှေဂူဘုရားသို့ သွားရောက်ဖူးမြော်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဘဲလင်း ၂၃ဝ ကေဗွီ ဓာတ်အားခွဲရုံ ဝင်းအတွင်း၌ တည်ဆောက်ပြီးသွားသည့် ၁၄၅မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ကျောက်ဆည်မြို့ ညောင်ပင်သောက်ကျေးရွာရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်တမုတ် ရှင်ပင်ရွှေဂူဘုရားသို့ သွားရောက်ကာ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူ ပူဇော်ကာ အလှူငွေများပေး အပ်လှူဒါန်းသည်။AA အဖွဲ့နှင့်ပတ်သက်ဆက်နွယ်နေသူ ကျေးရွာတာဝန်ခံတစ်ဦးအား ဖမ်းဆီးရမိ
ကျောက်တော်မြို့နယ်တွင် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသူ ကျေးရွာတာဝန်ခံတစ်ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာအတွင်း AA အဖွဲ့များအနေဖြင့် အရပ်သား အသွင် ပုံဖျက်စိမ့်ဝင်လှုပ်ရှားနေကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တပ်မတော် စစ်ကြောင်းများ လုံခြုံရေးလိုက်ပါလျက် မေ ၁၆ ရက်၊ နံနက်ပိုင်းက ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့စဉ် အဆိုပါကျေးရွာတာဝန်ခံတစ်ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ အင်ဒေါင်းကျေးရွာတွင် လင်းပိုင်ကြည့်ခရီးသွားဧည့်သည်များ ညအိပ်နားနေတည်းခိုနိုင်သည့် တည်းခိုဆောင်များဖွင့်လှစ်
ဧရာဝတီလင်းပိုင်အခြေပြု ကျေးရွာလူထုခရီးသွားလုပ်ငန်း တည်းခိုဆောင်များကို တွေ့ရစဉ်လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ အင်ဒေါင်းကျေးရွာတွင် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်လျက်ရှိရာ ဧရာဝတီလင်းပိုင်အခြေပြု ကျေးရွာလူ ထုခရီးသွားလုပ်ငန်း တည်းခိုဆောင်ဖွင့်ပွဲကို မေ ၁၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ လင်းပိုင်ထိန်းသိမ်းရေးအထောက်အကူပြုရန် ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းကို လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ငန်းကော်မတီအသီးသီး ဖွဲ့စည်းခြင်းများ ပြုလုပ်လျက်ရှိပြီး လက်ရှိဖွင့်လှစ်သည့် တည်းခိုဆောင်မှာ ထိန်းသိမ်းရေးဧရိယာအတွင်း ပထမဆုံးဖွင့်လှစ်သော တည်းခိုဆောင်များဖြစ်ပြီး ဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် လာရောက်ဖွင့်လှစ်ပေးခဲ့သည်။နေပြည်တော်ကောင်စီနယ်မြေတစ်ခုလုံး စိမ်းလန်းစိုပြည်ရေးအတွက် တစ်လလျှင် ကျပ်သန်း ၂၀ဝ ဝန်းကျင် သုံးစွဲနေကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်ပြောကြား
နေပြည်တော်ကောင်စီ နယ်မြေတစ်ခုလုံး စိမ်းလန်းစိုပြည်ရေးအတွက် တစ်လလျှင် ကျပ်သန်း ၂၀ဝ ဝန်းကျင်သုံးစွဲနေကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။ြ ပန်ကြားရေးဝန်ကြီးဌာနတွင် မေ ၁၅ ရက်က ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးမျိုးအောင်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လူမှုမီဒီယာက လူငယ်မျိုးဆက်အတွက် ကြောက်မက်ဖွယ်ကောင်းသည်ဟု အဆိုတော်၊ သရုပ်ဆောင် ဆလီနာဂိုမက်ဇ် ပြောကြား
လူမှုမီဒီယာသည် မိမိတို့လူငယ်မျိုးဆက်အတွက် ကြောက်မက်ဖွယ်ကောင်းသည်ဟု အဆိုတော်၊ သရုပ်ဆောင် ဆလီနာဂိုမက်ဇ်က ပြောကြားခဲ့ပြီး အွန်လိုင်းအသုံးပြုမှုကို အချိန်အကန့်အသတ် သတ်မှတ်ပြီး အသုံးပြုရန် တိုက်တွန်းခဲ့သည်။ Instagram ရှိ ゞင်း၏ Follower များအတွက် စံနမူနာကောင်းတစ်ဦး ဖြစ်စေရန် ကြိုးစားခဲ့သည်ဟု အသက် ၂၆ နှစ်ရှိ ဂိုမက်ဇ်က ကိန်းရုပ်ရှင်ပွဲတော်၌ ပြောကြားခဲ့သည်။ ゞင်းကို နာမည်ကြီးအောင် အထောက်အကူပြုခဲ့သည့် လူမှုမီဒီယာသည် အလွဲသုံးစားပြုသူများလက်ထဲတွင် အဖျက်အမှောင့် ဖြစ်ခဲ့သည်ဟု ဂိုမက်ဇ်က ပြောကြားခဲ့သည်။ဒေါင်းနေတံတားအနီးတွင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ခရီးသည်နှစ်ဦး သေဆုံးကာ ၁၇ ဦးခန့် ဒဏ်ရာရ
မကွေး နှင့် ချောက်မြို့သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ် နှစ်စီးသည် ဒေါင်းနေ တံတားအနီးတွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ခရီးသည်နှစ်ဦး သေဆုံးကာ ၁၇ ဦးခန့် ဒဏ်ရာ ရရှိခဲ့ ကြောင်း ကနဦး သတင်းများအရ သိရသည်။ေ မလ ၁၇ ရက် (ယနေ့) နေ့လယ် ၁ နာရီခွဲခန့်က မကွေးဘက်မှ ရေနံချောင်းဘက်တို့ မောင်းနှင်လာသည့် ရွှေမိတ်သစ် ခရီးသည်တင်ကားနှင့် ရေနံချောင်းဘက်မှ မကွေးဘက်သို့ မောင်းနှင်လာသော ရွှေမိတ်သစ် ခရီးသည်တင်ယဉ်တို့သည် ဒေါင်းနေချောင်းတံတားအနီး မိုင်တိုင်အမှတ် ၃၄၆/၇ တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ နေရာတွင်း သေဆုံးခဲ့ကာ ခရီးသည် ၁၇ ခန့်ကို မကွေးဆေးရုံသို့ ပို့ဆာင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။အမေရိကန်သည် အီရန်နှင့် စစ်ဖြစ်ရန် မရှိဟု သမ္မတထရန့် ပြောကြား
အမေရိကန်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားရန် ဦးတည်နိုင်ကြောင်း သဘောထားတင်းမာသော သမ္မတအကြံပေးနှစ်ဦးက စိုးရိမ်ပူပန်နေစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်သည် အီရန်နှင့်စစ်ဖြစ်ရန် အနေအထား၌ မရှိဟု မျှော်လင့်ကြောင်း မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ အီရန်သည် ဆွေးနွေးပွဲသို့ မကြာမီလာလိမ့်မည်ဖြစ်ကြောင်း ထရန့်က Twitter ၌ ရေးသားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ゞင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူခြင်းအား ကန့်ကွက်ဆန္ဒပြမည်ဆိုသော ကောလာဟလများကြောင့် လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံး၊ လွှတ်တော်၊ ဝန်ကြီးများအိမ်ရာ၊ ပန်းခြံပတ်လည်တွင် လုံခြုံရေးများ တိုးမြှင့်ချထားပြီး သံဆူးကြိုးများကာရံ၍ လမ်းပိတ်မှုများပြုလုပ်
လူမှုကွန်ရက် Facebook ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူခြင်းအား ကန့်ကွက်ဆန္ဒပြမည်ဆိုသော ကောလာဟလများကြောင့် လွိုင်ကော်မြို့ပြည်နယ် အစိုးရရုံး၊ လွှတ်တော်၊ ဝန်ကြီးများအိမ်ရာ၊ ပန်းခြံပတ်လည်တွင် လုံခြုံရေးများ တိုးမြှင့်ချထားပြီး သံဆူးကြိုးများကာရံ၍ လမ်းပိတ်ထားမှုများ ပြုလုပ်ထားကြောင်း သိရသည် ။ေ မ ၁၆ ရက်ညမှစ၍ မေ ၁၇ ရက်ထိ အစိုးရရုံးရှေ့နှင့် လွှတ်တော်ရုံးရှေ့သွားလမ်းမ တစ်ဖက်တစ်ချက်နှင့် ကက်သလစ်ဘုရားကျောင်းရှေ့လမ်းကြားတို့အား ရဲဝန်ထမ်း ၆၀ ခန့်က လုံခြုံရေးယူထားပြီး သံဆူးကြိုး အကာအရံများဖြင့် လမ်းပိတ်ထားကြောင်း၊ ကြေးရုပ်စိုက်ထူရာ ပန်းခြံတွင် ရဲဝန်ထမ်းအင်အား ၃၀ ခန့်ဖြင့် ပန်းခြံပတ်လည် လူသွားပလက်ဖောင်းပေါ်ထိ သံဆူးကြိုးအကာအရံများ ချထားသည်ကို တွေ့ရကြောင်း သိရသည်။အင်ဒိုနီးရှားတွင် ရွေးကောက်ပွဲရလဒ်များ မထုတ်ပြန်မီ အကြမ်းဖက်သမားဟု သံသယရှိသူ ဒါဇင်များစွာကို ဖမ်းဆီးခဲ့
လာမည့်သီတင်းပတ်တွင် ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာမည့်အချိန်အတွင်း ပြုလုပ်မည့် နိုင်ငံရေးဆိုင်ရာ ဆန္ဒပြမှုများတွင် ဗုံးဖောက်ခွဲရန် စီစဉ်သူအချို့အပါအဝင် IS အဖွဲ့နှင့် ဆက်စပ်သည့် အကြမ်းဖက်သမားများဟု သံသယရှိသူ ဒါဇင်များစွာကို ဖမ်းဆီးခဲ့သည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့က မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံတစ်ဝန်း၌ ယခုနှစ်အစောပိုင်းတွင် စီးနင်းဖမ်းဆီးမှုများ စတင်ခဲ့ပြီးနောက် ထိန်းသိမ်းခံရသူ ၆၀ ဦးရှိခဲ့ပြီး မေလတစ်လတည်းတွင် သံသယရှိသူ ၂၉ ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယား ဒုတိယတရားရေးဝန်ကြီးဟောင်း လာဘ်စားမှုဖြင့် ဖမ်းဆီးခံရ
တောင်ကိုရီးယား ဒုတိယတရားရေး ဝန်ကြီးဟောင်းတစ်ဦးသည် ဆောက်လုပ်ရေး ကန်ထရိုက်သမားများက ပြည့်တန်ဆာစီစဉ်ပေးခြင်းကို လက်ခံခဲ့မှုအပါအဝင် အဂတိလိုက်စားမှုစွဲချက်များဖြင့် မေ ၁၆ ရက်နှောင်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ အစိုးရရှေ့နေဟောင်းတစ်ဦးဖြစ်သူ ကင်ဟာကီသည် သမ္မတဟောင်းပက်ကွမ်ဟီး လက်ထက်၂၀၁၃ ခုနှစ်၌ ဒုတိယ တရားရေးဝန်ကြီးတာဝန်ကို ကာလတိုထမ်းဆောင်ခဲ့သည်။ ကင်သည် လုပ်ငန်းရှင် ယွန်ဂျောင်ချွန်ထံမှ လာဘ်ငွေ သန်း ၁၃၀ ဝမ် (ဒေါ်လာ ၁၁၀ဝ၀ဝ)ကို လက်ခံခဲ့ပြီး အခမ်းအနားပေါင်း ၁၀ဝ ကျော်၌ လိင်ဖျော်ဖြေမှုကို လက်ခံရယူခဲ့ကြောင်း စွပ်စွဲခံထားရသည်။နယူးယောက်မြို့တော်ဝန် ဒီဘလာစီယိုက ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲဝင်ပြိုင်မည်ဟု ကြေညာ
နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုသည် ဒီမိုကရက်အမြောက်အမြား ရှိနှင့်ပြီးဖြစ်သော အမေရိကန်သမ္မတဖြစ်ခွင့် ရရေးပြိုင်ပွဲထဲသို့ မေ ၁၆ ရက်က ဝင်ရောက်လာသည်။ ဘလာစီယိုသည် လိုလားမှုမရှိသည့် မီဒီယာများ၊ စိတ်ပျက်အားလျော့ဖွယ် လူထုသဘောထားစစ်တမ်းများကို ဘေးဖယ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ‘လူလိမ်သရုပ်ဆောင်’ ဒေါ်နယ်ထရန့်အား ရာထူးမှဖယ်ရှားရန် ဒီမိုကရက်တို့၏ အကောင်းဆုံး အခွင့်အရေးအဖြစ် မိမိကိုယ်ကိုယ်ဖော်ညွှန်းခဲ့သည်။
Subscribe to:
Posts (Atom)