Pages
Saturday, May 18, 2019
မန်စီးတီးနှင့် ဝက်ဖို့ဒ် အက်ဖ်အေဖလား ဗိုလ်လုပွဲ ယနေ့ည ယှဉ်ပြိုင်မည်
အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းနဲ့ ၀က်ဖို့ဒ်အသင်းတို့ဟာ ဒီနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီခွဲ ၀မ်ဘလေကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။ နည်းပြ ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ဖလားနဲ့ ကာရာပေါင်ဖလားတို့ကို ဆွတ်ခူးထားပြီး အက်ဖ်အေဖလားကို ရရင် တရာသီထဲမှာ ဖလား ၃ လုံး ရတဲ့ သမိုင်းသစ်ကို ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဗိုလ်လုပွဲမှာ ၀က်ဖို့ဒ်က အနိုင်ရရင် လာမယ့်ရာသီမှာ ယူရိုပါလိဂ် ၀င်ခွင့် ရရှိမှာပါ။ ဒီညပွဲအတွက် နှစ်သင်းစလုံး လူစုံတက်စုံနဲ့ ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ ဘောလုံး အကဲခတ် တော်တော်များများကတော့ မန်စီးတီးကိုပဲ အလေးပေး ထားကြပါတယ်။ ၀က်ဖို့ဒ်နည်းပြ ဂါစီယာကတော့ မန်စီးတီးနဲ့ပွဲမှာ သူ့အသင်းရဲ့ မတူကွဲပြားတဲ့ ပုံစံမျိုးကို မြင့်ရလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment